ယနေ့ Sunday, 1st December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ကျောက်တော်မြို့လယ်ခေါင်က ‌‌‌ဈေးကို စစ်ကောင်စီဗုံးကြဲ အရပ်သား ဆယ်ဦးသေဆုံး

ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ပိုင်းက ‌ရခိုင်ပြည် ကျောက်တော်မြို့ လယ်ခေါင် က မြို့မဈေးကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ကလေးငယ် တစ်ဉီးအပါအဝင် အရပ်သား ၁၀ ဦး‌ေ-သ ဆုံးခဲ့ပြီး ဈေးတွင်းသွားလာနေကြတဲ့ ပြည်သူ ဆယ်ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

“ညနေ ပိုင်း တချိန်တည်း နှစ်နေရာကို ကြဲချသွားတာ ပါ ၊ သေတဲ့ အထဲမှာ ကလေး တွေ အမျိုးသမီးတွေ ပါတယ်။ ” လို့ ကျောက်မြို့နဲ့ ဆက်စပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

ကျောက်တော်မြို့မ ဈေးနဲ့ အတူ ကျောက်တော်မြို့က အထက (၂) စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၈ ရက်က ပုဏ္ဏားကျွန်း နဲ့ ပေါက်တော မြို့ကို အခုလို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦး‌ေ-သဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အောက်တိုဘာလအတွင်းမှာ နေ့စဉ် နဲ့ အမျှ ရခိုင်ပြည်နယ် ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သား သံတွဲ၊ တောင်ကုတ် ၊ ဂွ ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့ မြို့တွေက အရပ်သား သုံးဆယ်ကျော် ‌ေ-သဆုံးခဲ့သလို ၊ ကလေးငယ် ဆယ််ဦးကျော် ပါဝင်ပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *