ရခိုင်ပြည် ဂွမြို့နယ် တိုင်ကျိုးကျေးရွာအနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုညနေပိုင်းမှာ လက်နက်ကြီးကျရောက်လို့ တိုင်ကျိုးကျေးရွာမှာ မီးလောင်နေတယ်လို့ သတင်းရရှိပါတယ်။
တိုင်ပွဲတွေဟာ ဒီကနေ့ မနက်ပိုင်းမှာ တိုင်ကျိုးကျေးရွာ တောင်ပိုင်းအထိရောက်နေပြီး အနီးကပ်ပစ်ခတ်နေကြတဲ့ အခြေအနေ လို့ ဒေသခံ က ပြောပါတယ်။
“ချနေတာကတော့ မနေ့ညက ပဲ ဒီနေ့ လည်းတရက်လုံးပဲ အခု ညနေပိုင်း တော့ လက်နက်ကျလို့ ရွာထဲမှာမီးလောင်နေတယ် တိုက်ပွဲ ကလည်းဖြစ်နေတုန်းပဲ “ လို့ ဒေသခံက ပြောပါတယ်။
ဂွမြို့နယ် တိုင်ကျိုးကျေးရွာ အနီးမှာ တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေ ဟာ ထိုးစစ်ဆင်ခံနေရတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က အင်အား အလွန်အကျွန်ဖြည့်ထားပြီး တိုက်ပွဲအတွင်းမှာ နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
တိုင်ကျိုးကျေးရွာဟာ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ဂွမြို့နယ် အတွင်းက ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
ဖိုးလပြည့် ရေးသည်။