ယနေ့ Thursday, 12th December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ရခိုင်ပြည်သိမ်း တိုက်ပွဲကြီး တစ်နှစ်ပြည့်ပြီ ။

ရခိုင်ပြည်သိမ်း တိုက်ပွဲကြီး တစ်နှစ်ပြည့်ပြီ ။

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ဟာ ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး စတင်ခဲ့တဲ့ နှစ်ပတ်လည်တဲ့ ရက်ဖြစ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း ဒီတိုက်ပွဲကို ရခိုင်ပြည်သူ ပြည်သားတွေကိုယ်စား အကောင်အထည်ဖော်နေသူကတော့ အာရက္ခတပ်တော် AA ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာ “ရခိုင်ပြည်မှာ စစ်ကောင်စီ တစ်ယောက်မှ မကျန်စေရ” “အဂ်ါဂြိုလ်က လာတားလည်း ကျွန်တော်တို့က သိမ်းမှာပဲ” စတဲ့ ပြောစမတ် ဖြစ်စေမယ့် ကြွေးကြော်မှုတွေ နဲ့ အတူ စတင်ခဲ့ပါတယ်။ ကဲဒါဆိုရင် အနောက်ရိုးမတောင်တန်းဆီက ၊ အနောက်ဘက် ကမ်းရိုးတန်းဆီက တိုက်ပွဲတွေကို ပြန်ကြည့်ကြပါစို့။

၂၀၂၃ နိုဝင်ဘာ ၁၃ ကနေ ၂၀၂၄ ခုနှစ်နိုဝင်ဘာ ၁၃ အထိ တစ်ရက်မှ မနားဘဲ ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်ရဲ့ လေးပုံ သုံးပုံလောက်ကို သိမ်းပိုက်ပြီး ပြီလို့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ တစ်နှစ်အတွင်းမှာ သိမ်းပိုက်ခဲ့တဲ့ မြို့တွေကို လအလိုက် ပြန်ပြီး ကြည့်လိုက်ရင် နိုဝင်ဘာ ၁၃ မှာ အစချီခဲ့တဲ့ တိုက်ပွဲတွေဟာ

၂၀၂၄ နှစ်ဆန်းပိုင်းဖြစ်တဲ့ ဇန်နဝါရီလ မှာ ပလက်ဝမြို့ ၊ ပေါက်တောမြို့ နဲ့ ရခိုင်ပြည်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဉီးမြို့ကို သိမ်းပိုက် ပြီး ရခိုင်ပြည်နယ် စစ်မျက်နှာပြင်ကို ဖွင့်လှစ်ခဲ့ပါတယ်။

ပြီးတော့ ဖေဖော်ဝါရီ လမှာတော့ ကျောက်တော်မြို့ ၊ မင်းပြား နဲ့ မြေပုံ ကို သိမ်းပိုက်ခဲ့ပါတယ်။ ကျောက်တော်မြို့ တိုက်ပွဲမှာ ရေတပ် သဘေ်ာ သုံးစင်းကို ကုလားတန်မြစ် အောက်ကို နှစ်မြုပ်ခဲ့ပြီး တပ်ရင်း ၁၀ ရင်းလုံးကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။

မတ်လ မှာတော့ ရသေ့တောင်မြို့ ၊ ပုဏားကျွန်းမြို့ နဲ့ ရမ်းဗြဲမြို့ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဧပြီလမှာ ဘူးသီးတောင်မြို့အတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး မေလ မှာတော့ ဘူးသီးတောင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သံတွဲမြို့ကိုလည်း ဧပြီလ အတွင်းမှာထိုးစစ်ဆင်ခဲ့ပြီး လေးလအကြာ ဇူလိုင် လမှာတော့ သံတွဲမြို့ နဲ့ ငပလီကမ်းခြေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တခါ သံတွဲနယ်ထဲက မောင်ရွှေလေးရေတပ်ကို ထိုးစစ်ဆင်ခဲ့ပြီး အဲ့ဒီရေတပ်စခန်းကိုတော့ စက်တင်ဘာလ အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သံတွဲမြို့နယ်အတွင်းက တိုက်ပွဲဟာ ခြောက်လ နီးပါးကြာမြင့်ခဲ့ပြီး အပြင်းအထန် ကြိုးပန်းရတာဖြစ်ပါတယ်။

အောက်တိုဘာနဲ့ နိုဝင်ဘာလ တွေမှာ မောင်တော ၊ အမ်း၊ တောင်ကုတ် ၊ နဲ့ ဂွ မြို့ (၄ ) မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒီနေရာမှာ တပ်အင်အား အများပြားရှိတဲ့ မောင်တောမြို့နဲ့ ၊ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်လက်အောက်က အရေးပါတဲ့ တပ်မတွေကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေ နဲ့ ရခိုင်ပြည်ရဲ့ အဖိုးတန်မြို့ ကျောက်ဖြူ မြိူ့တို့ ကို တော့ မြို့ပတ်လည်က ဝိုင်းဝန်းပိတ်ဆို့ ခံထားရတဲ့ အနေအထားဖြစ်ပါတယ်။

ကဲ ဒါဆိုရင် တစ်နှစ်ပတ်လုံး တစ်ရက်မှ မနားပဲ ထိုးစစ်ဆင်လာခဲ့တဲ့ အာရက္ခတပ်တော်ဟာ တစ်နှစ်အတွင်းမှာ ရခိုင်ပြည် ရဲ့ လေးပုံသုံးပုံလောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကို တစ်ယောက်မှ

အာရက္ခမြေပေါ်မှာ မကျန်အောင် မောင်းထုတ်မယ်ဆိုတဲ့ စကားတွေ ၊ အဂ်ါဂြိုလ်က လာတားရင်လည်း သိမ်းမှာပဲ ဆိုတဲ့ စကားတွေဟာ အပြောမဟုတ် အလုပ်နဲ့ သက်သေပြခဲ့ကြောင်း သုံးသပ်တင်ပြလိုက်ရ ပါတယ်ခင်ဗျ။

ငြိမ်းချမ်းစေ ‌ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *