ယနေ့ Sunday, 1st December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ဂွမြို့ပေါ်က အထိုင်တပ်တွေကို AA ဒရုန်းနဲ့ စတင်တိုက်ခိုက်(ချင်းကွင်း နဲ့ ရွှေတွင်းတူး က ရွာသားတွေ ရဲ့ ရိက္ခာတွေကို စစ်ကောင်စီ သိမ်းယူ )

ဂွမြို့ပေါ်က အထိုင်တပ်တွေကို AA ဒရုန်းနဲ့ စတင်တိုက်ခိုက်(ချင်းကွင်း နဲ့ ရွှေတွင်းတူး က ရွာသားတွေ ရဲ့ ရိက္ခာတွေကို စစ်ကောင်စီ သိမ်းယူ )

ရခိုင်ပြည် ဂွမြို့ပေါ်က ဘုရားစေတီကုန်းတွေ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ကို AA က ဒရုန်း ၊ ရှော့တိုက်ဒုန်းတွေနဲ့ ဒီကနေ့ ညနေပိုင်းက စတင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော် AA ရဲ့ စစ်ကြောင်းတချို့ဟာ ဂွမြို့အနီးကို တောလမ်းတွေက ချည်းကပ်လာနေပြီး စစ်ကြောင်း တချို့ဟာ မြို့ရဲ့ ၁၀ မိုင်ပတ်လည်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

“ကျိန္တလီက နေ ကင်းပုံအထိ AA က သိမ်းပြီးပြီ ၊ ဒီနေ့ ညနေပိုင်းမှာ ဂွမြို့ပေါ်က တပ်တချို့ကို AA က ဒရုန်းနဲ့ရော ရှော့တိုက်ဒုံး နဲ့ ရော စတိုက်တယ် ၊ စကစ ဘက်ကလည်းပြန် ပစ်တယ် ၊ မြို့ထဲက ပေါက်ကွဲသံတွေ အကျယ်ကြီးကြားရတယ်” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲတွေဟာ ဂွမြို့နဲ့ ၁၀ မိုင် ပတ်လည်အကွာက ရွာတွေ မှာ ဆက်လက်ဖြစ်ပွားနေပြီး အဲ့ဒီရွာတွေ မှာ ရှိတဲ့ စစ်ကောင်စီ အထိုင်တပ်တွေဟာ မြို့က တပ်တွေနဲ့ အင်အားပေါင်းသွားပြီ လို့ ဆိုပါတယ်။၏

“မနေ့ညက သူတို့ ဆုတ်သွားတယ် ၊ ဆုတ်တာမှာ ချင်းကုန်းနဲ့ ရွှေတွင်းတူးရွာက အိမ်တွေကိုဖောက်ပြီး ပစ္စည်းတွေ ယူသွားတယ်၊ မြေကြီးထဲ မှာ မြှုပ်ထားတဲ့ ဆန်တွေ ရိက္ခာတွေပါ တူးယူသွားတယ် “ လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ဒေသခံတွေဟာ စစ်ပွဲတွင်းက ယာယီစစ်ရှောင်နေရချိန်မှာ နေအိမ်တွေကို စွန့်ခွာခဲ့ရပြီး နေအိမ်မှာကျန်ခဲ့တဲ့ လယ်ထွန်စက် လို ပစ္စည်းတွေကို ပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ မွှေနောက်ယူသွားတဲ့ ချင်းကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဂွမြို့နဲ့ ၈ မိုင်ခန့်ဝေးတဲ့ ကျေးရွာဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *