ယနေ့ Sunday, 19th January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နဲ့ အင်အား ၂၀ ကျော် အ‌ေ-သဖမ်းမိ

နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နဲ့ အင်အား ၂၀ ကျော် အ‌ေ-သဖမ်းမိ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွင်းက ထွက်ပြေးသွားတဲ့ တိုင်းစစ်ဦးစီးချူပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နဲ့ အဖွဲ့ ဟာ အမ်းမြို့အနီးက တောင်တန်းတွေ မှာ အာရက္ခတပ်တော် AA နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ တစ်ဖွဲ့လုံး ကျဆုံးသွားပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီ ရဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနဲ့ အဖွဲ့ဟာ နပခ ဌာနချုပ်ထဲက ထွက်ပြေးသွားတာ တစ်ပတ်ကျော်ကြာမြင့်ပြီးဖြစ်ပြီး ထွက်ပြေးသွားပြီး နှစ်ရက်အကြာမှာ ရိုးမ အနီးက တိုက်ပွဲမှာ အ‌ေ သဖမ်းဆီးခဲ့မိ တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီဇင်ဘာ ပထမအပတ်မှာ သူတို့ကရိုးဘက် ကိုပြေးကြတယ်။ အဝေးကြီးမရောက်ဘူး အမ်းမြို့အနီးက တောစပ်မှာ တိုက်ပွဲဖြစ်တယ်။အဲဒီတိုက်ပွဲထဲကျသွားတာပါ ၊ သူတို့ တစ်ဖွဲ့လုံး လူနှစ်ဆယ် ကျပါတယ်”လို့ စစ်ရေးသတင်းရင်းမြစ် ကပြောပါတယ်။

အခုလက်ရှိမှာ အမ်းမြို့အနီးဝန်းကျင်က တောစပ်တောင်စပ်တွေမှာ စစ်ကောင်စီရဲ့ ထွက်ပြေးတဲ့ တပ်သားတွေနဲ့ ကင်းပုန်းတွေကို လိုက်လံဖမ်းဆီးနေတဲ့ အတွက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ အမ်းနပခ ဌာနချုပ်တိုက်ပွဲ အတွင်းမှာ လေကြောင်းနဲ့ ဒရုန်းကို အဓိက အသုံးပြုတိုက်ခိုက်နေပြီး ဌာနချုပ်ရဲ့ အဝေးက နေ ပြန်လည် ခုခံနိုင်ဖို့ ကြိုးပမ်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

“နပခဌာနချုပ်ထဲမှာလက်ကျန်တပ်ဖွဲ့တွေ ရှိနေတယ်။ သူတို့လည်းလက်နက်မချဘူးခုခံနေတယ်။ အစာရေစာက လည်းလေကြောင်းကနေချလို့မရတော့ဘူး။ ပြီးတော့ လက်နက်ချသူတွေ နေ့တိုင်းရှိနေတယ်။” လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အဲ့ဒီနပခ ဌာနချုပ်ထဲမှာ ဗိုလ်ချုပ် အဆင့်ရှိသူတွေ ကျန်ရှိနေသေးပြီး အဲ့ဒီတပ်သားတွေကို ကယ်ထုတ်ဖို့ စစ်ကောင်စီ ဘက်က ကျိုးပမ်းနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က စစ်ကူလာတဲ့ စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်က ကြားဖြတ်ချေမှုန်းပြီး လက်နက်တွေကို သိမ်းယူခဲ့ပါသေးတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရဲ့ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး ဟာ အောက်တိုဘာလ ကတည်းက တိုင်းစစ်ဌာနချုပ်ကို ထားပြီး ကျောက်ဖြူမြို့ကိုထွက်ပေးပြီးဖြစ်ပါတယ်။

အလားတူပဲ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းသည်လည်း မကွေး မြို့ က တပ်မ ၈၈ ကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယာယီ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း က ကွက်ကဲနေရာက ထွက်ပြေးသွားပြီး AA က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- သံတွဲမြို့ သိမ်ကုန်း ဆရာတော် ဦးစီးတည်ဆောက်ထားတဲ့ အောက်စီဂျင်စက်ရုံကို ကြည့်ရှုနေစဉ်

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *