ယနေ့ Sunday, 19th January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

တောင်ကုတ် စကခ(၅) က ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ ဗျူဟာမှူး အဖွဲ့ ဟာ အချုပ်သားတွေကို လူသားဒိုင်းလုပ်ပြီးထွက်ပြေး နေ

တောင်ကုတ် စကခ(၅) က ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ ဗျူဟာမှူး အဖွဲ့ ဟာ အချုပ်သားတွေကို လူသားဒိုင်းလုပ်ပြီးထွက်ပြေး နေ

ရခိုင်ပြည် တောင်ကုတ် စကခ(၅) ကို ကွပ်ကဲခဲ့တဲ့ ဗိုလ်မှူးချုပ် ကောင်းမြတ် ၊ ဗျူဟာမှူး ကျော်ထိုက်တို့ဟာ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေကို လူသားဒိုင်းလုပ်ပြီးထွက်ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။

တောင်ကုတ်စကခ (၅) ထဲက လက်ကျန် တပ်သားတွေ အလံဖြူထောင်လိုက်ပြီး တောင်ကုတ်မြို့နယ်တစ်ခုလုံးကိုအာရက္ခတပ်တော်က သိမ်းပိုက်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် စကခ(၅) ကို ကွပ်ကဲသူ ဗိုလ်မှူးချုပ်ကောင်းမြတ် ၊ ဗျူဟာမှူး ကျော်ထိုက် နဲ့ G-1 မျိုးဝင်းလှိုင်တို့ဟာ အချုပ်သားတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်ပြီး ထွက်ပြေးသွားကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“တောင်ကုတ်တောလမ်းအတိုင်း ပြည်ဘက်ကို ထွက်ပြေးသွားတာ၊ AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခံထားရတဲ့ လူတွေကို ‌သူတို့လမ်းကြောင်း မှာ ခေါ်သွားတယ် “ လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။

အဲ့ဒီထွက်ပြေးသွားတဲ့ အဖွဲ့နဲ့ အာရက္ခတပ်တော် AA တို့ဟာ ရခိုင်ရိုးမအနီးက ကျောက်တံခါးဆိုတဲ့ ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ နောက်ထပ်သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“သူတို့အင်အား ၈၀ လောက်ပါတယ်။ ပဲခူးရိုးမဘက်ကို ဆင်းမယ့်အချိန်မှာ တိုက်ပွဲဖြစ်တာ မိသလား မမိသလားတော့ မသိဘူး “ လို့ ပြောပါတယ်။

လတ်တလောမှာ တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က အလုံးစုံထိမ်းချုပ်ထားပြီးဖြစ်သလို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်လျှက်ရှိတယ်လို့ သိရပါတယ်။

တောင်ကုတ် စကခ(၅) ထဲမှာ ဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ရှိတာဖြစ်ပါတယ်။ အဲ့ဒီထဲက တချို့အကျဉ်းသားတွေဟာ တိုက်ပွဲအတွင်းမှာ ထွက်ပြေးလို့ စစ်ကောင်စီ ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ဓာတ်ပုံ- ဟိန်းထွန်း (ABN)

အမ်းချောင်းသူ (လေးဝတီFM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *