ယနေ့ Monday, 20th January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

စစ်ကောင်စီ ဒုတိုင်းမှူး သောင်းထွန်း နဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ ရဲ့ ဖမ်းဆီးရခံတဲ့ ပုံတွေကို ‌ AA ထုတ်ပြန်

စစ်ကောင်စီ ဒုတိုင်းမှူး သောင်းထွန်း နဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ ရဲ့ ဖမ်းဆီးရခံတဲ့ ပုံတွေကို ‌ AA ထုတ်ပြန်

နပခ ဌာနချုပ်ကို ဦးဆောင်နေတဲ့ ဒုတိုင်းမှူးသောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ ကို နပခ အဆုံးသတ် တိုက်ပွဲကနေ

ဖမ်းဆီးရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက် ရက်စွဲနဲ့ အာရက္ခတပ်တော် က ထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အရာရှိတွေကတော့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ၊ ဗိုလ်ကြီးအောင်စစ်နိုင် (ဆက်သွယ်ရေး အရာရှိ ၊ အရာခံဗိုလ်အေးသိမ်း )ရုံးအုပ်ချုပ်ရေး တို့ကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး အမ်းမြို့ တစ်ခုလုံးကို ထိမ်းချုပ်ပြီးချိန်မှာ ရခိုင်ပြည်က မြို့ ၁၄ မြို့ကိုလည်း အာရက္ခတပ်တော်က ထိမ်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ဦးစီးကွက်ကဲနေတဲ့ ဒုတိုင်းမှူးသောင်းထွန်းဟာ အောက်တိုဘာလကုန်ပိုင်း က ပဲခူးမြို့ကို ရဟပ်ယာဉ်နဲ့ ပါသွားပြီး တဲ့ သတင်းတွေထွက်ခဲ့ပါတယ်။

အလားတူပဲ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ဟာလည်း တိုက်ပွဲထဲက ထွက်ပြေးသွာသယောင် အသွင်ယူခဲ့ပြီးချေမှုန်းခံခဲ့ရတယ်လို့ လေးဝတီ fm သတင်းရေးသားခဲ့ပါတယ်။

“ဗိုလ်မှူးချုပ်ကျော်ကျော်သန်းရဲ့ ကိုယ်ပိုင်နံပတ်တွေ အချက်အလက်တွေကို ထွက်ပြေးတဲ့ လူနှစ်ဆယ်ကျော်ပါတဲ့ အုပ်စု နဲ့ အသွင်ယူပြီးထည့်ပေးလိုက်တယ်။ နောက်က လိုက်ပြီးချေမှုန်းတဲ့အခါ သူတို့ တစ်ဖွဲ့လုံး သေသွားတာကို အတည်ပြုနိုင်ခဲ့တယ် ၊ အဲ့ဒီမှာ ကျော်ကျော်သန်းရဲ့ ကိုယ်ပိုင်အမှတ်သက်သေအထောက်အထားတွေပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

နပခ ဌာနချုပ်အတွင်းက ထိပ်ပိုင်းအရာရှိတွေဟာ မိမိကိုယ်လွတ်ရုန်းဖို့ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးမှာ အဖမ်းခံလိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းပိုင်းကို လေကြောင်းကနေ စစ်ကောင်စီက ‌တစ်ခေါက်မှာ အင်အား ၁၅၀ စီနဲ့ ၃ ကြိမ်တိုင်တိုင် ‌ထောက်ပို့ စစ်ကူတွေ ပို့လွှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်ဟာ အမ်းမြို့ ၊ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ကို သိမ်းပိုက်ထားပါတယ်။

Lemon (လေးဝတီFM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *