ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီက စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ သံတွဲမြို့ကိုလေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
သံတွဲမြို့ ဆံတော်တောင်ခြေရင်း ၊ ညောင်ပင်ဈေးရပ်ကွက် ၊ သမုတ်ချောင်းရပ်ကွက် တို့ကို တိုက်လေယာဉ်အသုံးပြုပြီး ကြဲချခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ညောင်ပင်ဈေးရပ်ကွက် မှာနေထိုင်တဲ့ ဦးဖိုးကျော် (၄၀) နှစ် မှာ နေအိမ်မှာပင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ညောင်ပင်ဈေးရပ်ကွက်က ဒေါ်ခင်ခင်နွယ်၊ ဦးသန်းဝင်း ၊ ဒေါ်မလုံး ၊ သမုတ်ချောင်းရပ်ကွက်က ဦးအောင်သိန်းတင် ၊ ဒေါ်အေးအေးသန်း၊ ဒေါ်နွယ်နွယ် တို့ (၆) ဦးဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် သံတွဲမြို့ အမှတ် (၄) ရပ်ကွက် ဓမ္မာရုံနဲ့ ညောင်ပင်ဈေး ၊ သမုတ်ချောင်းက နေအိမ် ရှစ်လုံးခန့် ပျက်စီးခဲ့ပြီး ဒေသခံတွေဟာ သံတွဲမြို့မှာ မနေရဲတော့ဘဲ ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ -APM