ယနေ့ Sunday, 19th January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ဂွမြို့ နယ် ကူးတို့လေးကျေးရွာကို လေကြောင်းကဗုံးကြဲ ရွာသား ၅ ဦးသေဆုံး ၊ ၇ ဦးဒဏ်ရာ ရ

ဂွမြို့ နယ် ကူးတို့လေးကျေးရွာကို လေကြောင်းကဗုံးကြဲ ရွာသား ၅ ဦးသေဆုံး ၊ ၇ ဦးဒဏ်ရာ ရ

တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ် က ကူးတို့လေးကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အတွက် ရွာသား ၅ ဉီးသေဆုံးခဲ့ပါတယ်။

ဂွမြို့နယ် ကူးတို့လေးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်ကလေကြောင်းက တိုက်ခဲ့ပြီး အမျိုးသမီး နှစ်ဦး နဲ့ အမျိုးသား သုံးဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

“လေကြောင်းက လက်နက် ထိတဲ့ အထဲမှာ ဂွမြို့မှာ စစ်ပွဲဖြစ်ကတည်းက စစ်ရှောင်တွေကို မြေပြင်မှာ ကူညီနေတဲ့ ညီလေးတစ်ယောက်ရဲ့အိမ်ကို ထိပါတယ်။ သူ့မိသားစုတွေ ထိခိုက်ပါတယ် ၊ သူ့ အဖွားနဲ့ သူ့ခယ်မလေး ဆုံးသွားပါတယ်။ သူ့ညီကတော့ ဒဏ်ရာ ရသွားပါတယ်။ “ လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကူးတို့လေးကျေးရွာက ရွာသား ၇ ဦးဟာလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ ဂွမြို့နယ်ထဲ မြို့ပေါ်နဲ့ ကျေးရွာတွေကို လေကြောင်းက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

“အခုနောက်ပိုင်း က ပစ်ရင် လေယာဉ်ပေါ်က စက်သေနတ်နဲ့ ပါ ဆွဲပြီး ပစ်သွားတာ ဗုံး ထိတဲ့ သူထိ သေနတ်ထိတဲ့ သူထိ ဖြစ်ကုန်တယ်” လို့ သတင်းရင်းမြစ် က ပြောပါတယ်။

ကူးတို့လေး ကျေးရွာကို အောက်တိုဘာ ၁၂ ရက်ကလည်း လေကြောင်းကတိုက်ခိုက်ခဲ့ပြီး အရပ်သား နှစ်ဦးသေဆုူးခဲ့ပါသေးတယ်။

ဂွမြို့နယ် ကို သုံးပုံနှစ်ပုံလောက် သိမ်းပိုက်ပြီးပြီလို့ အာရက္ခတပ်တော်က ကြေညာပြီးနောက်မှာ
ဂွမြို့နယ် တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဟာ လေကြောင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Lemon(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *