ရခိုင်ပြည် ၊ စစ်တွေမြို့အခြေစိုက် အမြှောက်တပ် ၃၄၄ ကအမြှောက်နဲ့လှမ်းပစ်နေပြီး အာရက္ခတပ်တော် ထိမ်းချုပ်နယ်မြေ ဖြစ်တဲ့ ကျောက်တော်မြို့ နယ်က ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ နေရာယူထားတဲ့ အမှတ် ၃၄၄ အမြှောက်တပ်က နေ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး
ပေါက်တောမြို့ တောင်ညိုကျေးရွာက သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
“အမြှောက်ကျည်တွေက ည ရှစ်နာရီလောက်မှာ စပြီးရွာထဲကို ကျတယ်၊ ရွာအနီးအနားတွေကိုလည်းကျတယ်။ နေဗီကလည်း အဆက်မပြတ်ပစ်နေတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။
အမြှောက်လက်နက်ကြီး ကျည်ကြောင်း တောင်ညိုကျေးရွာ က ဒေါ်မြသိန်းဝေ (၅၂) ဟာ လက်နက်ထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီအမြှောက်ကျည်ဆံက သေဆုံးသူ ဒေါ်မြသိန်းဝေ ရဲ့ နေအိမ်ကို တည့်တည့်ကျရောက်ခဲ့ပြီး အိမ်တစ်ခုလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
အခု ရက်ပိုင်းမှာ စစ်တွေမြို့ ရေတပ်နဲ့ အမြှောက်တပ်တွေက AA ထိမ်းချုပ်နယ်မြေ တွေကို ပစ်ခတ်နေပြီး နှစ်ဖက်ထိတွေ့မှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက စစ်တွေ -ရန်ကုန် ကားလမ်းပိုင်းပေါ်မှာရှိတဲ့ တပ်နယ်ကျေးရွာတွေဖြစ်တဲ့ ကျားမသောက် ၊ ကျောက်တန်းကြီး ၊ ကျောက်တန်းလေး ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ -ပုံဟောင်း
အမ်းချောင်းသူ (လေးဝတီ FM)