ယနေ့ Monday, 20th January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

တရုတ်ဂက်(စ) ပိုက်လိုင်း ဖြတ်သန်းရာ စက်ရုံခွဲ နဲ့ တောင်စောက်တောင် အမြှောက်စခန်း ကို AA ထိမ်းချုပ်

တရုတ်ဂက်(စ) ပိုက်လိုင်း ဖြတ်သန်းရာ စက်ရုံခွဲ နဲ့ တောင်စောက်တောင် အမြှောက်စခန်း ကို AA ထိမ်းချုပ်

ရခိုင်ပြည် ၊ အမ်းမြို့နယ် အနီးကသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ နေရာဖြစ်တဲ့ အလုပ်ရုံခွဲနဲ့ တောင်စောက်တောင်အမြှောက်စခန်း ကို အာရက္ခတပ်တော် က ဇန်နဝါရီ ၅ ရက်က သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

တောင်စောက်တောင် စခန်းဟာ အမ်းမြို့က မိုင် ၂၀ ခန့်ရှိပြီး တရုတ်ကုပ္မဏီဝန်ထမ်း တချို့နဲ့ မြန်မာနိုင်ငံသား အလုပ်သမားတချို့ရှိနေကြတဲ့ မြန်မာအစိုးရ ရဲ့ လုပ်ငန်းခွင်နေရာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ အဲ့ဒီလုပ်ငန်းခွင်ကို အကာအကွယ်ယူပြီး စက်ရုံရဲ့ ပြင်ဘက်မှာ အမြှောက်တပ် အထိုင်ချထားကာ နပခ ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

“စကစ ဘက်က အမ်း နပခဌာနချုပ် မကျခင် ကတည်းက နေရာယူထားတယ်။ အဲဒီကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်။
AA က အဲ့ဒီစခန်းကို ထိုးစစ်ဆင်ပြီး သိမ်းလိုက်တယ်။ စစ်ကောင်စီတချို့ဖမ်းမိတယ်။ တချို့တပ်နောက်ဆုတ်သွားတယ်။အဲ့စခန်းကို AA က သိမ်းလိုက်ပြီး ရှင်းလင်းနေတယ်”
လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတောင်စောက်တောင်စခန်းမှာ နပခ ဌာန ချုပ် က ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အင်အားစုပေါင်းထားတာဖြစ်ပါတယ်။ ဒါအပြင် တရုတ်ဓာတ်ငွေ့ စက်ရုံခွဲဟာလည်း စစ်ကောင်စီ ဂိတ်အထပ်ထပ်ချထားတဲ့နေရာလည်းဖြစ်ပါတယ်။

“အဲ့ဒီ စက်ရုံဝန်ထမ်းတွေက အပြင်ကို ထွက်လို့ရတဲ့လူမရှိဘူး၊ ဈေးဝယ်ဘာဝယ်အတွက် တပ်မိသားစုတွေ က ဝယ်တယ်ခြမ်းတယ်။ ချက်ပြုတ်ပေးတယ် ၊ တရုတ်အလုပ်သမားတွေ နဲ့ မြန်မာ အလုပ်သမားတွေ ရှိတယ်၊ ” လို့ အမ်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာရက္ခ တပ်တော် AA ဟာ တောင်စောက် ဂိတ်စခန်းကို သိမ်းပိုက်ပြီးနောက်မှာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က နတ်ရေစင် ဂိတ်ကိုဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူကနေ စတင်သွယ်တန်းထားတဲ့ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းဟာ အမ်းမြို့နယ် က နေ ရခိုင်ရိုးမကို စတင်ဖြတ်သန်းပြီး ၊ တောင်စောက်တောင် လို့ ခေါ်တဲ့ နေရာ မှာ ဓာတ်ငွေ့ပို့လွှတ်ရေးလုပ်ငန်းစဉ်တွေ အတွက် စက်ရုံတစ်ခု တည်ဆောက်ထားတာဖြစ်ပါတယ်။

အဉ္စနလီညှင်း(လေးဝတီFM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *