ယနေ့ Tuesday, 21st January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ကျောက်တော်မြို့ကို စစ်ကောင်စီဗုံးကြဲ

ကျောက်တော်မြို့ကို စစ်ကောင်စီဗုံးကြဲ

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီက ဒီကနေ့ နံနက် ၉ နာရီကနေ ၉နာရီ ၁၅ မိနစ်အချိန်အထိ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ ဂျက်ဖိုက်တာ သုံးစီးအသုံးပြုပြီး ဗုံး ၄ လုံးကို ကျောက်တော်မြို့ပေါ် ကြဲချ ခဲ့တယ်ပါတယ်။

ကျောက်တော်မြို့ ပန်းထိမ်တန်းနဲ့ စျေးပိုင်းရပ်ကွက်ကို ထိမှန်ခဲ့တယ် လို့ ကနဦးသိရပါတယ်။

ဘယ်နေရာတွေကို ကျရောက်ခဲ့တယ်ဆိုတာနဲ့ ဘယ်လောက်ထိ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်ဆိုတာကိုတော့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လေကြောင်းကိုအသုံးပြုပြီး နေစဥ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေပါတယ်။

ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီခန့်က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဆိပ်ကမ်း နဲ့ ရွာထဲကို ဂျက်ဖိုက်တာဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦး နဲ့ နေအိမ် ၃၉၈ လုံး ပျက်စီးခဲ့ရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *