Author: Shine Bu Chay
ရာသီဥတု ဆိုးရွာဖောက်ပြန်ပြီး နိုင်ငံအနှံ့ လေပြင်း နဲ့ မိုးကြိားဒဏ် ခံ နေရကချင်မှာ နွား ၂၂ ကောင် မိုးကြိုးပစ် ၊ရခိုင်၊ ချင်းနဲ့ ရှမ်းပြည်နယ် မှာ လေပြင်းတွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေ ရှိနေ
မေလ ပထမ ပတ်ထဲမှာ ရာသီဥတု ဆိုးရွားဖောက်ပြန်ပြီး မြန်မာနိုင်ငံ အနှံ့လေပြင်းမုန်တိုင်းတွေ နဲ့မိုးကြိုးတွေ ရဲ့ ဒဏ်ကို ခံနေကြရပါတယ်။မေလ ၂ ရက်နေ့က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် က ဆားမှော်ကျေးရွာမှာသစ်ပင်အောက်မှာ ချည်ထားတဲ့ နွား ၂၂ ကောင်ဟာ မိုးကြိုးပစ်ခံရပြီး တစ်ပြိုင်နက်ထဲသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ဒါပြင် ရခိုင်ပြည်နယ်…
မောင်တော ကျီးကန်ပြင်ဌာနချုပ် AA သိမ်းပိုက်၊ ဘူးသီးတောင်ကို ဆက်လက်သိမ်းပိုက်ရန် အရှိန်ထပ်တင်နေ
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကျီးကန်းပြင်ဌာနချုပ်ကိုအာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်ကို ဆက်လက်သိမ်းပိုက်ရန် အရှိန်ထပ်တင်နေကြောင်း သိရပါတယ်။\"အစိုးရဝန်ထမ်းတွေကို စစ်တွေကို ပြောင်းရွှေ့ထားတယ်။ ရုံးစာရွက် စာတမ်းတွေလည်း မောင်တောမှာ မရှိတော့သလို့အစိုးရရုံးတွေလည်း လုံးဝအလုပ်မလုပ်တော့ဘူး\" လို့ မောင်တောဒေသခံတစ်ဦးက ဆိုပါတယ်။ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးအနားရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေ အားလုံးနီးပါးသိမ်းပိုက်လိုက်တာကြောင့် မောင်တောမြို့ကို AA…
တိုက်ပွဲကြာင့် ပျက်စီးသွားသော အိမ်ဆောင်များ ပြန်လည်ပြုပြန်ရန် ဒုတိယအကြိမ် လှူဒါန်း
ရခိုင်ပြည်နယ် စစ်တွေ နှင့် ပုဏ္စားကျွန်းမြိုနယ်ရှိ စစ်ကောင်စီမှ မီးရှို့၊ ဖျက်စီးခြင်းခံခဲ့ရသောအိမ်ဆောင်များအတွက် ပြည်တွင်း ပြည်ပ အလှူရှင်များကိုယ်စားစာရေးဆရာကိုဝေဟင်အောင်မှ အလှူငွေ ၂၅၂ သိန်းကို ဒုတိယအကြိမ်အဖြစ် ယနေ့တွင်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။\"ပထမအကြိမ်ကတော့ မြောက်ဦးက မီးလောင်ပျက်စီးသွားတဲ့ ၂၄၁ ဆောင် အတွက် ၂၄၁ သိန်းလှူပါတယ်။ ဒီ တစ်ခါကျတော့…
သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲကြောင့် တိုက်ပွဲရှောင်ဒေသခံများစားဝတ်နေရေးခက်ခဲနေ
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သူဌေးချောင်းရေးအားလျှပ်စစ်စီမံကိန်းအနီးတွင် ဖြစ်ပွားနေသောစစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံများစားဝတ်နေရေးခက်ခဲနေကြောင်း သိရပါတယ်။\"ဘုန်းကြီးကျောင်းမှာ လူ ၂၀၀ ကျော်လောက် ရှိတယ် လာခိုလုံနေကြတာ။ခုလောလောဆယ်တော့ ရွာက စုပေါင်းပြီး ကျွေးထားတယ်။ ရေရှည်မှာ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး။ သူတို့တွေအတွက် လှူဒါန်းပေးမယ့်သူတွေ ပေါ်လာပါစေပဲဆုတောင်းနေရတယ်\" လို့ ဒေသခံ…
ဘင်္ဂလားဒေ့ရှ်က ပြန်ခေါ်လာတဲ့ စစ်ပြေးတွေကို သူဌေးရေအားလျှပ်စစ်တိုက်ပွဲ ကို ပို့ဆောင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ စစ်ပြေးတွေကို စစ်ကောင်စီက ပြန်ခေါ်ပြီးသံတွဲနယ်ထဲက သူဌေးရေအားလျှပ်စစ် အမြှောက်တပ် ကို ဒီကနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းကပို့ဆောင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ အရ သိရ ပါတယ်။အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင် ၊ မောင်တောဘက်က တိုက်ပွဲတွေ အတွင်းမှာ စစ်ရှုံးလို့ထွက်ပြေးသွားတဲ့…
သံတွဲ-သပြုချိုင်ရေတပ် က ထောင်ထားတဲ့မိုင်းထိလို့ သံတွဲဒေသခံတစ်ဦး ဆေးရုံရောက်
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ သပြုချိုင်ရေတပ် က ထောင်ထားတဲ့ မြေမြုပ်မှိုင်းကို ရေတပ်အနီး ကွင်းဝိုင်းကျေးရွာက ဒေသခံတစ်ဦး နင်းမိလို့ ဧပြီ ၂၆ ရက်က ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီ ရဲ့ သပြုချိုင်ရေတပ်ခွဲဟာ သပြုချိုင်နဲ့ သံတွဲကြားက ကျေးရွာတစ်လျှောက်မှာ ကာကင်းတွေ ချထားပြီး ရေတပ်စခန်းနဲ့…
သံတွဲနယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီ အထိနာနေရေအားစီမံကိန်းက ဝန်ထမ်းတွေ ကို အရေးပေါ်ပြောင်းရွေ့ထား
ရခိုင်ပြည်နယ် သံတွဲနယ် က တိုက်ပွဲတွေ မှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး အထိနာနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။ အရက္ခတပ်တော်AA ရဲ့ ထိုးစစ်ဆင်မှုများအတွင်း ရေအားလျှပ်စစ် စီမံကိန်း ဗျူဟာ မှာတာဝန်ယူထားတဲ့ ၅၅ တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ပြည့်ဖြိုးဟိန်းနဲ့ ဗိုလ်ကြီး…
အခြေအနေပျက်မှာကြောက်ရင်း ရေနစ်နေပြီ မြို့ကလေး
လူဇော်လူမော် ရေးသည်။ မြို့ကလေးဟာ ဖွံ့ဖြိုးလက်စမို့ ပြာပုံဘ၀ ရောက်မှာ စိတ်ပူနေတယ်။ပြာပုံထဲက မြို့တွေက ထ ဆဲ တော့လည်း မကြားချင်ယောင်ဆောင်နေပြန်ရော။တခုခု ဆို ဖယောင်းတိုင် သက်စေ့ထွန်း ဖို့ ၊ သပြေ ညွှန့် ၉ ညွန့် လှူဖို့ ၊ ဘုန်းကြီးတွေ စီတန်းပြီးလမ်းဆုံလမ်းခွက…
သံတွဲမှာ နေ့စဉ် ရက်ဆက် တိုက်ပွဲ တွေ ပြင်းထန်နေ
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယခင်နေ့ကထက် တိုက်ပွဲများပိုမိုပြင်းထန်နေပြီး စစ်ကောင်စီရဲ့နေဗီမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရပါတယ်။\"မနက် မိုးလင်းပါပြီဆိုကတည်းက ပင်လယ်ထဲကပစ်နေတာ။ ရွှေလှေဘက် ပစ်တာ၊အချက်ရေတော်တော်များတယ်။ လူတွေလည်း ကြောက်ပြီး နေစရာမရှိတော့ဘူး\" လို့ ငပလီမြို့ဂျိတ်တောရပ်ကွက် ဒေသခံတစ်ဦးက ဆိုပါတယ်။စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားရာသူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ပုရစ်ရေကောက်၊ ဒေါ်မြ၊…
သံတွဲကို တိုက်ပွဲရှောင်ပြည်သူ ထောင်ကျော်ရောက်လာ
ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်သို့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးတွင် စစ်ကောင်စီ နှင့်အာရက္ခတပ်တော် ကြား ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ပြည်သူ ထောင်ကျော်ရောက်ရှိလာကြောင်း သိရပါတယ်။\"ကျနော်မြင်တာတောင် အနည်းဆုံး တစ်ထောင်ကျော်လောက်ရှိတယ်။ ကားတွေရောဆိုင်ကယ်တွေနဲ့ပါ လာကြတာ။ အများစုကတော့ ရေအားလျှပ်စစ်စီမံကိန်းက သူတွေ။ရွာသားတွေ သိပ်မတွေ့ဘူး\" လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။စစ်ကောင်စီတပ် အထိုင်ချထားသော သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှတိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့်…