Laywaddy FM

Day: November 13, 2025

Day: November 13, 2025

ရွှေ့ပြောင်းရခိုင်တွေ အခက် ၊ စစ်ကော်မရှင်ရွေးကောက်ပွဲ အချက်

ရွှေ့ပြောင်းရခိုင်တွေ အခက် ၊ စစ်ကော်မရှင်ရွေးကောက်ပွဲ အချက်

စစ်ကော်မရှင်ဘက်က ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ကျင်းပဖို့ တစ်လသာလိုပါတော့တယ်။ ပြည်သူလူထု လက်ခံယုံကြည်မှုမရှိသလို ၊ နိုင်ငံတကာကလည်း ထောက်ခံမှုမရှိတဲ့ ဒီရွေးကောက်ပွဲဟာ လာမယ့် ဒီဇင်ဘာလမှာ ပထမ တစ်သုတ်အနေနဲ့ လုပ်ဖို့ ရာနှုန်းပြည့် သေချာနေပါပြီ။ လတ်တလောနိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းဖို့ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ခံယူတဲ့ အင်အားစု တချို့ကလည်း…

နတ်ရေကန် ကာကင်း “ဂုတ်ကြီး “စခန်းကို စစ်ကော်မရှင် တန်ပြန်ထိုးစစ်ဆင်နေ

နတ်ရေကန် ကာကင်း “ဂုတ်ကြီး “စခန်းကို စစ်ကော်မရှင် တန်ပြန်ထိုးစစ်ဆင်နေ

ရခိုင်ရိုးမဘက်က တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး နိုဝင်ဘာလထဲမှာတော့ စစ်ကော်မရှင်ဟာ ဂုတ်ကြီးကျေးရွာ နဲ့ အနီးအနားက စခန်းတွေကို အင်အားရာချီသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ ဂုတ်ကြီး စခန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ် ထဲမှာ ရှိပြီး အမ်း-ပဒါန်းလမ်းပိုင်းပေါ် မှာရှိပါတယ်။ ဒါအပြင် ဒီစခန်းဟာ နတ်ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခု ဖြစ်ပြီး…

စစ်တွေကနေ ပေါက်တောမြို့နယ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေ ၊ ကျေးရွာတွေ အတွင်းကျရောက်ပြီး အရပ်သားတွေထိခိုက်မှုရှိ

စစ်တွေကနေ ပေါက်တောမြို့နယ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေ ၊ ကျေးရွာတွေ အတွင်းကျရောက်ပြီး အရပ်သားတွေထိခိုက်မှုရှိ

စစ်ကောင်စီရဲ့ စစ်တွေရေတပ်နဲ့ စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေကနေ ပေါက်တောမြို့နယ် က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီနေ့ နေ့လည်ပိုင်းမှာ ရပ်ရွာအနှံ့ပေါက်ကွဲ လျှက်ရှိပါတယ်။ ပေါက်တောမြို့ သရွဲရွာ လမ်းခွဆုံအနီး လက်နက်ကြီး ကျည် ၄ လုံးထိကျရောက်ခဲ့ပြီး ၊ ငပီကျွန်းကိုလည်း လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒီလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ရပ်ရွာအတွင်းမှာနေထိုင်တဲ့ အမျိုးသား…

ပြည်တွင်းအနုပညာရှင်တွေ ရွေးကောက်ပွဲလှုံ့ဆော်ရေးမှာ တစ်သုတ်ပြီး တစ်သုတ်ပါဝင်လာ

ပြည်တွင်းအနုပညာရှင်တွေ ရွေးကောက်ပွဲလှုံ့ဆော်ရေးမှာ တစ်သုတ်ပြီး တစ်သုတ်ပါဝင်လာ

ပြည်တွင်းက အနုပညာရှင်တွေပါဝင်ပြီး စစ်ကော်မရှင်ရွေးကောက်ပွဲမှာ မဲထည့်ဖို့ စည်းရုံးလှုံ့ဆော်ရေးတွေ ဆက်တိုက်လုပ်ကိုင်လာပါတယ်။ အဆိုတော်တွေ ဖြစ်တဲ့ အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဥ်၊ အိမ့်ချစ်၊ အေးမြဖြူနဲ့ လိမ္မော်သီးတို့ က ရွေးကောက်ပွဲမှာ မဲထည့်ဖို့…

ပြည်သူ့စစ် ၇၀ AA ဆီအလင်းဝင်ကြပြီး အသက်မပြည့်သေးတဲ့ အထက်တန်းကျောင်းသား တချို့ပါဝင်

ပြည်သူ့စစ် ၇၀ AA ဆီအလင်းဝင်ကြပြီး အသက်မပြည့်သေးတဲ့ အထက်တန်းကျောင်းသား တချို့ပါဝင်

စစ်ကော်မရှင်တပ်သား ၇၀ ကျော် ဟာ AA ဆီ အလင်းဝင်ခဲ့ပြီး အဲ့ဒီအထဲမှာ အဓမ္မစစ်သားစုဆောင်းခံရတဲ့ အထက်တန်းကျောင်းသားတချို့ပါဝင်တယ်လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ ပြည်သူ့စစ် တပ်သားတွေဟာ ပဲခူးတိုင်း နဲ့ ဧရာဝတီ စစ်မျက်နှာတွေကို ပို့ဆောင်ခံထားရသူတွေဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ၁၈ နှစ်မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတွေလည်းပါဝင်ပြီး လက်နက်တောင်မပါဘဲ…