Laywaddy FM

A ပစ်လိုက်တဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီးကျည် ခလရ (၂၀ ) ထဲကျရောက် ၊ စစ်ကောင်စီ ဆယ်ဦးခန့်သေဆုံး

A ပစ်လိုက်တဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီးကျည် ခလရ (၂၀ ) ထဲကျရောက် ၊ စစ်ကောင်စီ ဆယ်ဦးခန့်သေဆုံး

စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ အမှတ် (၂၀) စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ် ခလရ (၂၀) တပ်ဝန်းထဲကို အာရက္ခတပ်တော် AA ဘက်က ပစ်လိုက်တဲ့ ကျည်ဆံကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ဆယ်ဦးကျော် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် ညနေဘက်က အာရက္ခတပ်တော် ဘက်ကနေ စစ်တွေမြို့မှာရှိတဲ့ ခလရ(၂၀) ထဲကို ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး တပ်ဝန်းဗဟိုကင်း ကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အရာရှိအပါ ၁၀ ဉီးသေသွားတယ်လို့ သိရတယ်၊ ခြေပြတ်လက်ပြတ်တွေကို တော့ တပ်ဆေးရုံကို သယ်သွားပါတယ် ” လို့ စစ်တွေ ဒေသခံ တစ်ဦးကပြောပါတယ်။

ခလ၇ (၂၀ ) ဟာ ဒေသစစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် ဒကစ လက်အောက်မှာ ရှိပြီး ခြေမြန်တပ်ရင်း ဆယ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။

စစ်တွေမြို့သိမ်းမှာ နှစ်ဖက် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဟာ အခုလ ဖေဖော်ဝါရီထဲမှာ ဆက်တိုက်ဖြစ်လာပြီး စစ်ကောင်စီဘက်ကလည်း
စစ်တွေမြို့ အနီးဝန်းကျင်က ကျေးရွာတွေကို နေ့စဉ်နီးပါးလေကြောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

“ညနေစောင်းမှာ လေကြောင်းက တစ်ကြိမ်လာပစ်သွားပါတယ်။ မြို့အပြင်ဘက်ကို ပါ၊ ဘယ်ရွာကိုထိသလဲတော့ သတင်းမကြားရသေးပါဘူး” လို့ စစ်တွေမြို့ ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေမြို့ကို အဖက်ဖက်က ပိတ်ဆို့ထားပြီး လက်နက်ကြီး ၊ အတွဲလိုက် ဒုံးတွေ ၊ တာဝေးပစ်လက်နက်တွေနဲ့ အဓိက တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဉ္စနလီညှင်း
လေးဝတီ FM

Kay Zue

Related Posts

60 thoughts on “A ပစ်လိုက်တဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီးကျည် ခလရ (၂၀ ) ထဲကျရောက် ၊ စစ်ကောင်စီ ဆယ်ဦးခန့်သေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *