Tag: rakhine
ပလက်ဝမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေကို အမြန်ဆုံးဖော်ထုတ်ဖို့ အာရက္ခအစိုးရ ကို GKO အဖွဲ့တောင်းဆို
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝဒေသမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှု နဲ့ ပတ်သက်ပြီး၊ ကျူးလွန်သူကို အမြန်ဆုံးအရေးယူပေးဖို့ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့(GKO) က အာရက္ခအစိုးရ ကို ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က ပလက်ဝမြို့နယ် ဒလက်ကိုင်းကျေးရွာက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ကို မြောက်ဦးမြို့နယ်က ရွှေ့ပြောင်းနေထိုင်သူ…
နည်းပညာ နဲ့ ငွေကြေးကျွမ်းကျင်သူတွေကို ထောင်ချောက်ဆင်ထားတဲ့ Cryptocurrency ရင်းနှီးမြှုပ်နှံမှု ဝဘ်ဆိုဒ် ကို မြန်မာ့ မြေပေါ်မှာ FBI ဖမ်းဆီး
နည်းပညာ နဲ့ ငွေကြေး ကျွမ်းကျင်သူတွေကို လိမ်လည်ဖို့ ထောင်ချောက်ဆင်ထားတဲ့ Cryptocurrency ရင်းနှီးမြှုပ်နှံမှုလိမ်လည်ရေး (CIF) ဝဘ်ဒိုမိန်းတစ်ခုကို ထိန်းသိမ်းလိုက်တယ်လို့ FBI က ထုတ်ပြန်ကြေညာပါတယ်။ အခုတလော အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ကရင်ပြည်နယ် DKBA နယ်မြေ ကျောက်ခက်ကျေးရွာက တိုင်ချန်း (Tai Chang) အွန်လိုင်းငွေလိမ်လည်မှုဂိုဏ်းဝင်း မှာ…
ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ဆေးပဒေသာပင် စိုက်ထူးပေးဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန ကမ်းလှမ်း
ရခိုင်က ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အခမဲ့ ဆေးကုသနိုင်ရေးအတွက် ဆေးပဒေသာပင် စိုက်ထူပေးဖို့ အဝေးရောက်ရခိုင်ပြည်သူတွေကို အာရက္ခအစိုးရကျန်းမာရေးဌာန က ကမ်းလှမ်းလိုက်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ က စတင်ပြီး ဆေးပဒေသာပင် လို့ ခေါ်တဲ့ မတည်ငွေထည့်ဝင်စိုက်ထူထားပြီး အဝေးရောက် ရခိုင်ပြည်သူတွေ နဲ့ ဆေးဘက်ဆိုင်ရာ မိတ်ဆွေတွေကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ ဒီဆေးပဒေသာပင်ဟာ…
ကျောက်ဖြူမှာ ပိတ်မိနေတဲ့ ခရီးသည် တချို့ရေကြောင်းကထွက်ခွာစဉ် စစ်ကော်မရှင် ရေတပ်ဖမ်းဆီး ၊ စစ်မှုထမ်းသင်တန်းပို့
ကျောက်ဖြူမြို့မှာ ပိတ်မိနေတဲ့ ခရီးသည်ရာနဲ့ချီထဲက တချို့ဟာ ဒေသခံပွဲစားတွေရဲ့ အစီအစဉ်နဲ့ ရေပြင်ကနေ ထွက်ခွာကြရာကနေ ၊ စစ်ကော်မရှင်နေဗီဆီမှာ ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပါတယ်။ ကျောက်ဖြူနဲ့ မာန်အောင်ကြားကရေပြင်မှာ အောက်တိုဘာလထဲတွင်းက လူအယောက် ၁၀၀ကျော် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ် နဲ့ ပတ်သက်သူ တစ်ဦးနဲ့ လေးဝတီFM စကားပြောခွင့်ရခဲ့ပါတယ်။ "ပွဲစားတွေက…
စကစ အသိုင်းအဝိုင်း လွှမ်းမိုးလာတဲ့ ရခိုင်ငါးဖမ်းလုပ်ငန်း
ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ကမ်းဝေးရေပြင်မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်နဲ့ ပတ်သက်သူတွေသာ ငါးဖမ်းခွင့် ၊ သယ်ယူရောင်းချခွင့်ရှိနေတယ်လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။ ကမ်းဝေးငါးဖမ်းယာဉ်တွေအနေနဲ့ ရေလုပ်သား (၁၀) ဦးခန့်ပါတဲ့ လှေတစ်စီးမှာ ပြည်သူ့စစ် သင်တန်းဆင်းတစ်ဦးစီ အနည်းဆုံးပါမှ လွတ်လပ်စွာငါးဖမ်းနိုင်တယ်လို့ လက်ရှိအခြေအနေကို ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ "ပင်လယ်ထဲကရေတပ်က ပြည်သူ့စစ်အဖွဲ့ဝင်…
ကျောက်တော် နဲ့ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်ခံရပြီး ကျောက်တော်မှာ အရပ်သား (၅) ဦးထက်မနည်းသေဆုံး
ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခံရပါတယ်။ ကျောက်တော်မြို့ ကြောင်ဖိုကျေးရွာအလယ်ပိုင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကျရောက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။ "မနက်ပိုင်း ဈေးအသွားအလာလုပ်တဲ့ အချိန်မှာ ရွာ အလယ်ပိုင်းကို တစ်လုံး ရွာထိပ်ကို တစ်လုံးကျတယ်။ လူတော်တော်ထိတယ် ။…
ရခိုင်ပြည်အပြန်လမ်း နဲ့ အန္တရာယ်များတဲ့ လူပွဲစားဈေးကွက်
အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းအလုပ်လုပ်ဖို့ သွားရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပွဲစားတွေကို ငွေပုံပေးပြီး သွားရသလိုမျိုး အခုရခိုင်ကိုပြန်ချင်တဲ့ လူတွေဟာလည်း ပွဲစားတွေကို ငွေပုံပေးပြီး အိမ်ပြန်ဖို့ ကြိုးစားနေကြပါတယ်။ ထိုင်း ၊ မလေးရှား အပါအဝင် မြန်မာပြည်အနှံ့ဒေသအသီးသီးမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေဟာ အိမ်ပြန်ဖို့ ဆန္ဒပြင်းပြလာကြပါတယ်။ စစ်ကော်မရှင်လက်အောက်ကနေ လွတ်လပ်နေတဲ့ ရခိုင်ပြည်ရဲ့မြေကိုနင်းဖို့ စစ်ကော်မရှင်နဲ့…
ရသေ့တောင် ဘာထလေ ရွာလေကြောင်းတိုက်ခိုက်ခံရ
ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာကို စစ်ကော်မရှင်က လေကြောင်းက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ဒီလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာလည်း များပြားတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။နောက်ဆက်တွဲသတင်းတွေကို ဆက်လက်ဖော်ပြပေးပါမယ်။ လေးဝတီ FM
ရသေ့တောင်နဲ့ မောင်တောမြို့နယ်ထဲက ရွာနီးချုပ်စပ် ချောင်းဝ မြစ်ဝတွေထိ ဘဂ်လားဒေ့ရှ် ငါးဖမ်းလှေတွေ ဝင်ရောက်ငါးဖမ်းနေ
ရခိုင်ကမ်းရိုးတန်း ၊ ရသေ့တောင်မြို့နယ် နဲ့ မောင်တောမြို့နယ်ထဲက ချောင်းဝမြစ်ဝတွေ မှာ ဘဂ်လားဒေ့ရှ်ငါးဖမ်းလှေတွေ ကို မကြာခဏ ဖမ်းဆီးမိနေတယ်လို့ အာရက္ခတော်ဘက် ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတွေ အနီးက မြစ်ရေပြင်မှာ ဘဂ်လားဒေ့ရှ် ငါးဖမ်းလှေနှစ်စီး နဲ့ ရေလုပ်သား ၁၃…
ပလက်ဝခရိုင်မှာ လူသုံးရာကျော် ဝမ်းရောဂါဖြစ်ပွားနေ
ချင်းပြည် ၊ ပလက်ဝခရိုင်မှာ လူသုံးရာလောက် ဝမ်းရောဂါဖြစ်ပွားနေတယ်လို့ အဲ့ဒီဒေသကို ထိန်းချုပ်ထားတဲ့ အာရက္ခအစိုးရ ကျန်းမာရေးဌာန က ထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံ လုံတလိုင်ခရိုင်ကို ကူးသန်းသွားလာနေတဲ့ ကုန်သည်တွေဟာ ပထမဆုံး ကူးစက်ခံလာရသူတွေဖြစ်ပြီး ၊ အဲ့ဒီကုန်သည်တွေကတဆင့် ရပ်ရွာလူထုကို ကူးစက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ အဓိက ကူးစက်ခံရသူတွေဟာ ပလက်ဝခရိုင်…