ယနေ့ Tuesday, 21st January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

နပခ ရဲ့ တပ်ရင်း (၉) ခု ထပ်မံသိမ်းပိုက် နပခဌာချုပ်ဂွင် ကို အာရက္ခတပ်တော် ထိုးစစ်ဆင်နေ

နပခ ရဲ့ တပ်ရင်း (၉) ခု ထပ်မံသိမ်းပိုက် နပခဌာချုပ်ဂွင် ကို အာရက္ခတပ်တော် ထိုးစစ်ဆင်နေ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းဒေသ မှာ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ တပ်ရင်း (၉) ခု ကို ထပ်မံသိမ်းပိုက်ပြီး ကြောင်း အာရက္ခတပ်တော်က ဒီကကနေ့ ဒီဇင်ဘာ (၆) ရက် က ထုတ်ပြန်လိုက်ပါတယ်။

နပခ အတွင်း က စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊

ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာမှာ တပ်စွဲစခန်းချ ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ (၃၀) ကျော်ကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒါအပြင် အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အမ်းနပခ ဌာနချုပ်ကို ထိုးစစ်ဆင်နေတဲ့ ကာလအတွင်းမှာ စစ်ကောင်စီဘက်က စစ်ကူများကို ရဟပ်ယာဉ်တွေနဲ့ အကြိမ်ကြိမ် ပို့ဆောင်ခဲ့ပေမယ့် AA ဘက်က သုံးရက်အတွင်းချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခြေလျှင်စစ်ကူစစ်ကြောင်းတစ်ခုဖြစ်တဲ့ တပ်မ (၈၈) လက်အောက်ခံ ၊နည်းဗျူဟာ တစ်ခုကိုလည်း နိုဝင်ဘာလ အတွင်းက ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စသည့် တပ်ရင်းသုံးရင်းနဲ့ စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်တဲ့ အဲ့ဒီစစ်ကြောင်းက စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် က ထပ်မံသိမ်းပိုက်ရရှိထား တဲ့ စခန်းတွေကတော့

(၁) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ

(၂) ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း

(၃) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း

(၄) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ

(၅) ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ

(၆) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း

(၇) အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း

(၈) တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ

(၉) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း နဲ့ အတူ လေဆိပ်အနီး ပတ်ဝန်းကျင်က ခုခံတိုက်ခိုက်နေတဲ့ တပ်စခန်းငယ်တွေ နဲ့ အဲ့ဒီစခန်းတွေက အစုလိုက် အပြုံလိုက် ထွက်ပြေးလွတ်မြောက် နေတဲ့ စစ်ကောင်စီတပ်သားတွေကို အပြီးသတ်

တိုက်ခိုက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Lemon (Laywaddy FM)ရေးသည်။

Lemom ( Laywaddy FM ) ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *