AA အနေနဲ့ အာရက္ခပြည်သူ့ အစိုးရ ၊ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး နောက်မှာ ရခိုင်-ဘဂ်လားဒေ့ရှ် နယ်စပ်က နယ်စပ်ကျူးကျော် ငါးဖမ်းသူတွေကို တရားဝင် ဖမ်းဆီးကန့်သတ်တာတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်တဲ့ အကြောင်းကို တရားဝင်ထုတ်ပြန်လာပါတယ်။
နယ်စပ်လုံခြုံရေးပြသနာနဲ့ အတူ နယ်စပ်စစ်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် အဲ့ဒီလို ဘဂ်လားဒေ့ရှ်ဒေသ က ဝင်ရောက်ငါးဖမ်းတဲ့ ငါးဖမ်းသမား လှေ အစီး ၆၀ နဲ့ ငါးဖဖမ်းသမား ၄၀ ဉီး ကိုလည်း ဖမ်းဆီး စစ်ဆေးနေတဲ့ အကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
အဲ့ဒီငါးဖမ်းသမားတွေကို စစ်ဆေးပြီးနောက်မှာ ခံဝန်ကတိ မှာ လက်မှတ်ထိုးခိုင်းပြီး အချို့ကို ဘဂ်လားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်လုံခြုံရေးနဲ့ ပင်လယ်ပြင်လုံခြုံရေးကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လည်း AA ဘက်က ဆန္ဒရှိတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
ငြိမ်းချမ်းစေ (လေးဝတီ FM )ရေးသည်။