ယနေ့ Tuesday, 14th January 2025
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ကိုရီးယားထွက်ဖို့ ရန်ကုန်ရောက်နေတဲ့ ရခိုင်လူငယ် ၆ ဦး ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရ

ကိုရီးယားထွက်ဖို့ ရန်ကုန်ရောက်နေတဲ့ ရခိုင်လူငယ် ၆ ဦး ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရ

ကိုရီးယားထွက်ဖို့ ရန်ကုန်မြို့ ကိုရောက်ရှိနေတဲ့ ရခိုင်က လူငယ် ၆ ဉီးဟာ လမ်းထိပ်မှာ ဈေးဝယ်ထွက်ရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ တစ်ပတ်ကျော်ကြာမြင့်ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ရမ်းဗြဲမြို့နယ် ၊ အုန်းချောပြင်အုပ်စု ၊ ဂုံးချောင်းကျေးရွာမှ မောင်စိုးနိုင်ထွန်း အပါအဝင် ရခိုင်လူငယ် ၆ ဦးတဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကတည်းက ဖမ်းဆီးခံရပြီးမိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတာ တစ်ပတ်ကျော်ကြာပြီလို့ သိရပါတယ်။

” အဲဒီနေ့က သုံးယောက်ဈေးဝယ်သွားတဲ့ အချိန်မှာ စစ်သားတွေက အိမ်ကိုလိုက်လာပြီး အိမ်မှာရှိတဲ့ အကုန်သူကို ဖုန်း ရယ်။ အိမ်ထောင်စုဇယား ၊ မှတ်ပုံတင်တွေ စစ်ပြီးတော့ အုပ်ချုပ်ရေးမှူးရုံးကို အတူနေတဲ့ လူငယ်တွေ အကုန်လုံးကို ခေါ်သွားတယ်” လို့ မိသားစု ဝင်တစ်ဉီးက ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက် ည ၇ နာရီ၀န်းကျင်မှာ သူတို့ ခေတ္တနေထိုင်တဲ့ ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ကနေ တစ်လမ်းကျော်အကွာကို ဈေးဝယ် ထွက်ချိန်အခုလို ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ကိုးရီးယားနဲ့ ဂျပန်နိုင်ငံကို ထွက်ခွာဖို့ စောင့်ဆိုင်းပြီး သက်ဆိုင်ရာသင်တန်းတွေ တက်နေတဲ့ အသက် နှစ်ဆယ်ကျော် လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်းတို့မှာ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး နေ့ခင်းဘက်တွေမှာလည်း ဧည့်စာရင်း စစ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တက်တူးထိုးထားတာ ရှိမရှိ အကျ်ီ ချွတ်ပြရပြီး ရခိုင်နဲ့ပတ်သက်တဲ့ အမှတ်တံဆိပ်တက်တူးထိုးထားသူတွေကို ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

အဉ္စနလီညှင်း လေး၀တီ(FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *