Day: January 9, 2025
ဟိုင်းကြီးကျွန်းမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ ရခိုင်စစ်ရှောင် ၂၀၀ ကျော် ရန်ကုန်ရောက်ရှိ။
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းရေးတပ်မှာ တစ်ပတ်ကျော်ကြာ ဖမ်းစီးစစ်ဆေးခြင်းခံထားရတဲ့ ရခိုင်စစ်ရှောင် ၂၈၆ ယောက်ဟာ ဒီကနေ့ ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာ ရန်ကုန်မြို့ ဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဘုရင့်နောင်ဆိပ်ကမ်း ကို ဒီကနေ့ ၁၀ နာရီ ၃၀ မိနစ်မှာ…
အမ်း-မကွေးလမ်းပိုင်းပေါ်က အမ်းရိုးမတလျှောက် လုံးကို AA ထိမ်းချုပ်လိုက်ပြီ (ရိုးမပေါ်က နယ်စပ်မှတ်တိုင်အထိစစ်ကောင်စီ ကင်းစင်)
ရခိုင်ပြည်အမ်းမြို့နယ် က နေ မကွေးမြို့ကို ဖြတ်သန်းရာ လမ်းပိုင်းပေါ်က စစ်ကောင်စီ စခန်းတွေ အနက် အမ်းရိုးမဘက် တစ်ခြမ်းလုံးကို အာရက္ခတပ်တော်က ဇန်နဝါရီ ၈ ရက်နေ့မှာ ရှင်းလင်းထိမ်းချုပ်လိုက်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ရခိုင်ရိုးမဘက်အခြမ်းမှာရှိတဲ့ စစ်ကောင်စီ စခန်းတွေ အကုန်လုံးကို ထိမ်းချုပ်လိုက်ပြီး ရိုးမပေါ်က မကွေးတိုင်းနယ်စပ်အထိ…
ကိုရီးယားထွက်ဖို့ ရန်ကုန်ရောက်နေတဲ့ ရခိုင်လူငယ် ၆ ဦး ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရ
ကိုရီးယားထွက်ဖို့ ရန်ကုန်မြို့ ကိုရောက်ရှိနေတဲ့ ရခိုင်က လူငယ် ၆ ဉီးဟာ လမ်းထိပ်မှာ ဈေးဝယ်ထွက်ရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ တစ်ပတ်ကျော်ကြာမြင့်ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ရမ်းဗြဲမြို့နယ် ၊ အုန်းချောပြင်အုပ်စု ၊ ဂုံးချောင်းကျေးရွာမှ မောင်စိုးနိုင်ထွန်း အပါအဝင် ရခိုင်လူငယ်…
တောင်ကုတ်-ပြည်လမ်းပိုင်းပေါ်က တောင်ပုံကြီး ဂိတ်စခန်းကို AA သိမ်းပိုက် ၊ဗိုလ်မှူးချုပ် ကောင်းမြတ် ထွက်ပြေး
ရခိုင်ရိုးမ တောင်ကုတ် တောင်ကြားလမ်းပိုင်းပေါ်က တောင်ပုံကြီး ဂိတ်စခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး အဲ့ဒီစခန်းကို အဓိက ကွက်ကဲနေတဲ့ ဗိုလ်မှုးချုပ်ကောင်းမြတ် ဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။ တောင်ပုံကြီးဂိတ်ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ချိန်မှာ ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ အဖွဲ့ဟာ ပြည်ဘက်ကို ဆက်လက်ထွက်ပြေးသွားတယ်လို့ သတင်းရင်းမြစ်က…
ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ကျောက်နီမော်စံပြကျေးရွာကြီး ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား (၄၀) ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရကာ နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၈ ရက် နေ့လည် ၁ နာရီကျော် မှာလာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ကျောက်နီမော် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊…