Month: December 2024
ဂွမြို့ကို သိမ်းပိုက်နိုင်ဖို့ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီ တိုင်း က တပ်ရင်း (၉) နဲ့ AA တိုက်ခိုက်ခဲ့ရ
ဒီဇင်ဘာ ၂၉ ရက် ညပိုင်းမှာ ရခိုင်ပြည်ဂွမြို့ အပြီးသတ်သိမ်းပိုက်နိုင်ပြီး လို့ အာရက္ခတပ်တော် က ကြေညာခဲ့ပါတယ်။ ဂွမြို့သိမ်းတိုက်ပွဲမှာ ပဲခူးတိုင်း အခြေစိုက် တပ်မ(၆၆) ၊ ရန်ကုန်တိုင်းအခြေစိုက် တပ်မ (၁၁) နဲ့ ဧရာဝတီတိုင်း အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် နတခ တို့မှ စုစုပေါင်းတပ်ရင်း…
ဂွမြို့ ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်
ရခိုင်ပြည် ဂွမြို့ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဂွမြို့ မှာ နောက်ဆုံးတပ်အနေနဲ့ ခုခံနေတဲ့ ခမရ ၅၆၂ က တပ်သား ၄၀ ကျော် ကိုဖမ်းဆီးခဲ့ပြီး၊ အပြီးသတ်သိမ်းပိုက် နိုင်ခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ "မြို့ထဲမှာခုခံနေတဲ့…
November မှတ်စု
November လ ရဲ့ နေ့ ရက်တွေဟာ အေးလာ ပြီး ကျနော်စိတ်တွေဟာလည်း လွင့်ချင်လာပါတယ်။ဒါဟာ လူငယ်သဘာဝဖြစ်လိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ ရွာ မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းကလိုင်းပြတ်သွားခဲ့တယ်။ဖုန်း ၊ အင်တာနက် နဲ့ ဆက်သွယ်ရေးမှန်သမျှ အကုန်ပြတ်တောက်သွားခြင်းဖြစ်ပါတယ်။ ဖုန်းလိုင်းအင်တာနက်လိုင်း တစ်ကြိမ်မှ ပြန်မရတော့…
စစ်တွေအမြောက်တပ် က နေ AA ထိမ်းချုပ်နယ်မြေတွေကို အမြှောက်နဲ့ လှမ်းပစ်နေ (ပေါက်တော ဒေသခံတစ်ဦးသေဆုံး)
ရခိုင်ပြည် ၊ စစ်တွေမြို့အခြေစိုက် အမြှောက်တပ် ၃၄၄ ကအမြှောက်နဲ့လှမ်းပစ်နေပြီး အာရက္ခတပ်တော် ထိမ်းချုပ်နယ်မြေ ဖြစ်တဲ့ ကျောက်တော်မြို့ နယ်က ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ နေရာယူထားတဲ့ အမှတ် ၃၄၄ အမြှောက်တပ်က နေ…
ဂွမြို့ နယ် ကူးတို့လေးကျေးရွာကို လေကြောင်းကဗုံးကြဲ ရွာသား ၅ ဦးသေဆုံး ၊ ၇ ဦးဒဏ်ရာ ရ
တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ် က ကူးတို့လေးကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အတွက် ရွာသား ၅ ဉီးသေဆုံးခဲ့ပါတယ်။ ဂွမြို့နယ် ကူးတို့လေးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်ကလေကြောင်းက တိုက်ခဲ့ပြီး အမျိုးသမီး နှစ်ဦး နဲ့ အမျိုးသား သုံးဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ "လေကြောင်းက လက်နက် ထိတဲ့ အထဲမှာ…
၅၆၂ တပ် ကို စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ဂွရိုးပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ (မြို့ကို စစ်ကောင်စီဗုံးကြဲ)
ရခိုင်ပြည် ၊ ဂွမြို့ပေါ်က ခမရ ၅၆၂ တပ်ကို စစ်ကူပို့တဲ့ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် AA တို့ ဂွမြို့အနီး က ရိုးတောင်ကြားမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက ဧရာဝတီတိုင်းက နေ အင်အားဖြည့်ဖို့ စေလွှတ်ခဲ့တဲ့ အင်အား ၂၀၀…
စစ်တွေ ဒကစ တပ်နယ်ထဲက ကျားမသောက်စစ်ဆေးရေးဂိတ်ကို AA ဝင်တိုက်
ရခိုင်ပြည် ၊ စစ်တွေမြို့ ဒကစ တပ်နယ် ထဲက ကျားမသောက် စစ်ဆေးရေး ဂိတ်ကို ဒီဇင်ဘာ ၂၇ ရက်မနက် ပိုင်းကအာရက္ခတပ်တော်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့ပြီး အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေ ဒေသစစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ် (ဒကစ) လက်အောက်မှာရှိတဲ့ တပ်နယ်…
စစ်တွေ မှာစစ်ကောင်စီအခြံအရံ နဲ့ ALP သင်တန်းဆင်းပွဲ ပြုလုပ်
စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့အဖြစ် အသိအမှတ်ပြုခံထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းမှာ စစ်တွေ မြို့ထဲ က မီးလောင်ကွင်းမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီသင်တန်းဆင်းပွဲကို ဒီကနေ့မနက် ၈ နာရီမှာပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ် ၊ ရဲတပ်ဖွဲ့ နဲ့…
ရခိုင်-ဘဂ်လားဒေ့ရှ်နယ်စပ်
ရခိုင်-ဘဂ်လားဒေ့ရှ်နယ်စပ် ရခိုင်-ဘဂ်လားဒေ့ရှ်နယ်စပ် အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ နေရာတစ်ခုမှာ စစ်ပွဲတွင်းပြေးလွှားခဲ့ရတဲ့ မွတ်ဆလင်ပြည်သူတွေ ကျောင်းပြန်တက်နေပြီဖြစ်ပါတယ်။ အဲ့ဒီကျောင်းတွေမှာ မူလ သီဆိုနေကြ မြန်မာနိုင်ငံတော်သီချင်းအစား အာရက္ခနိုင်ငံတော် တေးချင်းကို သီဆိုနေကြတယ် လို့ သိရပါတယ်။ ဓာတ်ပုံ-သူရ
စစ်တွေမြို့ပြင်ဘက်မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ စဖြစ်လာ
ရခိုင်ပြည်၊ စစ်တွေမြို့ အပြင်မှာ အထိုင်ချထားတဲ့ ရွှေမင်းဂံနေဗီ တပ်စခန်း အနီးမှာ ဒီဇင်ဘာ ၂၃ ရက်က အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ဒကစ အခြေစိုက်တဲ့ စစ်တွေမြို့ က…