ယနေ့ Thursday, 21st November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ရခိုင်ပြည်ရဲ့ စစ်အင်အားအကြီးဆုံး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီး နေ့လားညလား

ရခိုင်ပြည်ရဲ့ စစ်အင်အားအကြီးဆုံး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီး နေ့လားညလား

ရခိုင်ပြည် ရဲ့ စစ်အင်အားအကြီးဆုံး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးဟာ နေ့လားညလား အခြေအနေ ကို ရောက်ရှိနေပါပြီ။
အမ်း ကျပြီ” “အမ်း လိုက်ရပြီ ” ဆိုတဲ့ စကား ‌တွေဟာလည်း တော်လှန်ရေး အင်အားစုတွေ ဆီမှာ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံပျံ့နှံ့လာတာကို တွေ့ရပါတယ်။
အမှန်တကယ်လည်း “အမ်း” မှာက တော့ နေ့တိုင်း နီးပါး “အမ်း“နေရတာဖြစ်ပါတယ်။

အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နဲ့ နေပြည်တော်စစ်ရုံးချုပ်ကြီး အဆက်အသွယ်မရတော့ ဘူးဆိုတဲ့ သတင်းတွေ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
အမ်းမြို့မှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးတစ်ဦး ငတ်ပြတ်ပြီး သေဆုံးသွားတဲ့ သတင်းတွေ ၊ အမ်းမြို့က တပ်မတော်စစ်ဆေးရုံ နဲ့ လေဆိပ်ဟာ လည်း အသုံးပြုလို့ မရတော့ဘဲ လက်လွတ်ထားရတယ်ဆိုတဲ့ သတင်းတွေဟာ ဟိုတစ ဒီတစ နဲ့ ကြားနေရ ပြန်ပါတယ်။ ဒီသတင်းတွေကို ထောက်ရှုခြင်းအားဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးဟာ နေ့လား ညလား အခြေအနေကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်မှာ အုပ်စိုးမင်းမူလာတဲ့ ကာလ တလျှောက်လုံးမှာ ပထမဆုံးအကြိမ် နဲ့ အကြီးအကျယ်ဆုံး ထိုးစစ်ကို ခံနေရလို့ ပျားအုံကို မီးရှို့ခံရသလို ဖြစ်နေတာဖြစ်ပါတယ်။
မီးရှို့ခံရတဲ့ပျားအုံက ပျားတွေဟာ ကြောက်အားလန့်အား နဲ့ ဝရုန်းသုန်းကားဖြစ်နေကြသလိုပဲ စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ အဆက်မပြတ်ဘဲ ရခိုင်ပြည် ကောင်းကင်မှာ ပြည်သူတွေကို
ခြိမ်းခြောက်လျှက်ရှိပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်မှာ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၊ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၊ အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
ကွပ်ကဲမှုဌာနချုပ် ၆ခု ၊ ခြေလျင် ခြေမြန် ၄၃ခု၊ လက်ရုံးဝန်ထမ်း ၂၆ခု ၊ ကက(ရေ) ၁၂ ခု ၊ စုစုပေါင်း ၈၇ တပ် အနည်းဆုံးရှိပါတယ်။ ဒါက အမ်းမြို့တစ်ခုတည်းမှာ ရှိတာတော့ မဟုတ်ပါဘူး။

အမ်းမြို့ နယ် မှာ တော့ အမှတ် ၃၇၃ ခြေ မြန်တပ်ရင်း၊ အမှတ် ၃၇၂ခြေမြန်တပ်ရင်း၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲ ၊ အမှတ်၂ ကုတင် ၃၀၀ တပ်မ တော်စစ်ဆေးရုံ ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊အမှတ် ၃၄၅ စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲအမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊ အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ(လျှပ်စစ်)တည်ရှိပါတယ်။

ဒါကြောင့်လည်း အဲ့ဒီတပ်တွေ မပြိုမချင်း ဖြိုနေရသလို ၊ စစ်ကောင်စီ ဘက်က နေ့စဉ်နီးပါး “အမ်း”နေရတာလည်းဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုဖြိုခွင်းပြီးရင်တော့ လက်နက်တပ်ဆင်တဲ့ စက်ရုံရှိနေတဲ့ အတွက် လက်နက်ခဲယမ်းတွေလည်း အမြောက်အများရနိုင်တယ်။ အာရက္ခတပ်တော် အနေနဲ့ ကိုယ်တိုင်တောင် လက်နက်တွေ စနစ်တကျ ထုတ်နိုင်မယ် ဆိုပြီး ခန့်မှန်းချက်တွေလည်းရှိလာပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာဟာ ၁၀၂၇ တော်လှန်ရေး မစတင်ခင် ကတည်းက ဖြစ်ပါတယ်။ အမ်းတောင်တန်းတွေ အဆင်း အမ်း-ပဒါန်း ကားလမ်းပိုင်းပေါ်မှာ
အာရက္ခတပ်တော် က ပေါ်ပေါ်တင်တင်ကို ဂိတ်ချ စစ်ဆေး နေခဲ့တာဖြစ်ပါတယ်။ နောက်ကျော က ရိုးမတောကြီးထဲမှာ ခြေကုတ်ယူထားပြီး လှုပ်ရှားအင်အားစုခဲ့တာဖြစ်ပါတယ်။

နပခ(ခေါ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ဖြိုခွင်းထိုးစစ်ဆင်တဲ့နေရာမှာ အမ်းရိုးမ တောင်တန်းတွေက စတင်ခဲ့ပါတယ်။
အမ်းတောင်တန်းတွေပေါ်က ဗျူဟာကုန်းတွေ ကို တခုပြီးတစ်ခု သိမ်းပိုက်ခဲ့ပြီး အခုဆိုရင် ဌာနချုပ်ရဲ့ အတွင်းစည်းကို ဝိုင်းဝန်းပိတ်ဆို့ ထားပြီးအာရက္ခတပ်တော် AA နဲ့ မဟာမိတ်တို့က တိုက်ခိုက်နေတာဖြစ်ပါတယ်။

အမ်းမြို့ပေါ်က လေယာဉ်ကွင်းကို အသုံးပြုလို့မရအောင် ပိတ်ဆို့ဟန့်တားနိုင်ပေမယ့် ဌာနချုပ်ထဲက မှာ ရဟပ်ယဉ်ဆင်းလို့ရတဲ ကွင်းတွေ ရှိနေသေးလို့ အခုချိန်ထိ လက်နက် နဲ့ စစ်ကူတွေကို ရဟပ်ယာဉ်နဲ့ ပို့ဆောင် နေနိုင်သေးတာဖြစ်ပါတယ်။
အခုအခြေအနေမှာ (နပခ) ဟာ နေ့လားညလား ဖြစ်နေပေမယ့် မကျသေးဘဲ စစ်အင်အားကိုလေကြောင်းက ဖြည့်နေတာဖြစ်ပါတယ်။
ဒါအပြင် ပတ်လည်ကပိတ်ဆို့ထားတဲ့ အာရက္ခစစ်သည်တွေကိုလည်း လေကြောင်း နေ အပြင်းအထန် ခုခံနေတာဖြစ်ပါတယ်။

စောစောက ပြောခဲ့သလိုပဲ အင်အားကြီးတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးကို ဖြိုခွင်းနေရတာဖြစ်တယ်။ ရိက္ခာဖြတ်တောက်ပြီး ပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်တယ်။ နေ့စဉ်နီးပါး တပ်တစ်ခု ချင်းကို သိမ်းနေတာဖြစ်တဲ့ အတွက် သတင်းအချက်အလက်မျိုးစုံပေါ်အခြေခံပြီး ပျားအုံကို တုတ်နဲ့ ထိုးခံရတဲ့ စစ်ကောင်စီဟာ အင်အားတွေ အမြောက်အများထပ်ထပ်ပို့နေတာကိုလည်း တွေ့ရပါတယ်။

ရခိုင်ပြည်သူကို လည်း လေကြောင်းက နေ ရှုံးမဲမဲလာပါတော့တယ်။

အမ်းမြို့ ဟာ အမ်းရိုးမတောင်ခြေက မြို့ တစ်မြို့ ဖြစ်ပါတယ်။ အမ်းဒေသခံ တော်တော်များများဟာ စစ်ပွဲအတွင်းမှာ ပိတ်မိနေပြီး လေကြောင်းရန်ကို ခါးစီးခံနေရတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက် ညပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် အရပ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဗီအိုအေ သတင်းဌာန မှာ ဖော်ပြထားပါတယ်။ ဒါအပြင် အမ်းဒေသခံတွေဟာ မြို့ပေါ်မှာတင် စားရေးရိက္ခာတွေ ပြတ်တောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် အဆုံးသတ်တော့မယ် တိုက်ပွဲ မနှောင့်နှေးရလေအောင် ၊ အချက်အလက် မခိုင်မာတဲ့ သတင်တွေ မဖြန့်ဝေကြဖို့ လိုပါတယ်။

နေ့လားညလားဖြစ်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် မကျဆုံးခင်လေးမှာ ရခိုင်ပြည်မှာနေထိုင်သော လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ တို့ ဘေးအန္တာရာယ်ကင်းကြဖို့ စစ်ပွဲသတိ ရှိကြဖို့ နှိုးဆော်လိုက်ရပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *