စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်မှာ စစ်ကောင်စီက လူငယ်တွေကို စစ်ပွဲထဲကို
ခေါ်ဆောင်နေပါတယ်။
ဒါကြောင့်လို့ လူငယ်တွေ အနေနဲ့ ကိုယ့်ညီနောင် တိုင်းရင်းသား အချင်းချင်း ပြန်တိုက်ရမယ့်
စစ်မြေပြင်မှာ မပါဝင်လို ကြပါ။
ဒါကြောင့် ပြည်ပ ထွက်ခွာလိုတဲ့ လူငယ်တွေ အများကြီးရှိလာပါတယ်။ အထူးသဖြင့်
အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို ရတဲ့နည်းနဲ့ ဝင်ရောက်လာပါတယ်။
အဲ့ဒီတော့ စစ်ထဲမဝင်ရပြီးရော …ဘယ်လို လာရမလဲ ပြောပေး ဆိုသူတွေ အတွက်
ပတ်စပို့ ရဖို့မလွယ် ၊ ပိုက်ဆံ အများကြီးမရှိဘဲ တခြားနိုင်ငံထဲကိုသွားမယ်ဆိုရင် သုံးလို့
ရတဲ့နည်းလမ်းလေးတွေ မျှဝေပေးပါမယ်။
ထိုင်းကိုလာဖို့ လွယ်လွယ်လေး
ပုံမှန်အားဖြင့် ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ အလွန်လွယ်ကူပါတယ်။ ရန်ကုန်က
နေ မြဝတီကို ကားလက်မှတ်ဖြတ်ပြီး ကရင်ပြည်နယ် မြဝတီ ကိုကားစီး ရပါတယ်။
ပြည်တွင်းမှာ သွားလာတဲ့နေရာမှာ မှတ်ပုံတင် အရေးကြီးပါတယ်။ မှတ်ပုံတင် ဆေးမှိန်တာ ၊
ဒိတ်လွန်တာ ၊ ပျက်တာ ၊ အကုန်လုံးက သေချာစိစစ်ပါ။ မစိစစ်ခဲ့ရင်တော့ တစ်လမ်းလုံး ဂိတ်
ပေါင်း နှစ်ထောင်လောက်ကို ပိုက်ဆံ ပေးရပါတယ်။ အရစ်ခံရပါတယ်။သေနတ်တကားကားနဲ့
မိုက်ကြေးခွဲခံရပါတယ်။
အဲ့ဒီလိုနဲ့ ဖုန်ထူထူကားလမ်းကနေ မြဝတီ ။ မြဝတီ က နေ မြန်မာ-ထိုင်း နယ်စပ် ဖြတ်ကူးမယ့်
တံတား ကို ဖြတ်ရပါတယ်။ အဲ့ဒီတံတားကို ဖြတ်တဲ့အခါ ပုံမှန် သက်တောင့်သက်သာ
သွားနေလာနေ ကျ လူလို့ ဖြတ်ပါ။
မျက်လုံးက တောင်ကြည့်မြောက်ကြည့် အိုးတို့ အန်းတန်း နဲ့ မလုပ်ပါနဲ့ ။ စိတ်အေးလက်အေးနဲ့
မဲဆောက်ကို ခန ဈေးလာဝယ်တာ ၊ ဆေးလာကုတာ၊ အလည်လာတာ စသဖြင့် ဖြေပါ။ ဖုန်းထဲမှာ
တော်လှန်ရေးနဲ့ ပတ်သက်တာတွေ ၊ လက်နက် ပုံတွေ၊ ပျောက်ကြား ဝတ်စုံတွေ ၊ နှစ်လုံးသုံးလုံး ၊
ဘောလုံး ၊ အွန်လိုင်းဂိမ်း အဲ့ဒါတွေကို ဖျက်ထားပါ။ Deleted ဖိုင် (အမှိုက်ပုံး ) ထဲ ကို ပါ
ထပ်ဖျက်ပါ။ အကုန်စိစစ်ပါတယ်။
ခင်ဗျားတို့ အနေနဲ့ ဘယ်ကိုသွားဖို့လာတာ ဖြစ်ဖြစ် မဲဆောက် ကိုလာတာ လို့ပဲဖြေပါ။
ဘန်ကောက်တက်ဖို့ လာတဲ့သူတွေ အဲ့ဒီတံတားကိုဖြတ်တဲ့အခါ ဘန်ကောက် သွားမယ် ၊
ဖူးခက်သွားမယ်လို့ ပြောလို့မရ ပါ။ မြဝတီ-မဲဆောက် တံတားဂိတ်က ထိုင်းနိုင်ငံ မဲဆောက်မြို့
ကိုသာ ခွင့်ပြုပါတယ်။ အခုဆိုရင် ထိုင်းဘက်အခြမ်းမှာ နေထိုင်တဲ့ သူတစ်ဦးဦးက
တာဝန်ခံပေးရတာမျိုး ရှိလာပါတယ်။
အဲ့ဒီတံတားမှာ မြန်မာဂိတ် နဲ့ ထိုင်းဂိတ် တွေ အတူရှိကြပါတယ်။ အဲ့ဒီဂိတ်တွေကို မှတ်ပုံတင်ပြပြီး
ဖြတ်လိုက်ရင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ (၇)ရက် နေထိုင်လို့ ရပါပြီ။
အဲ့ဒီတံတားကူးလက်မှတ်က တာခ် ခရိုင် ထဲက မြို့သုံးမြို့ကို သွားရောက်လည် ပတ်လို့
ရပါတယ်။ (၇) ရက် ကျော်ရင်တော့ တံတားကူးလက်မှတ်က ဒိတ်လွန်ပါပြီ။
လက်မှတ် ဒိတ်လွန်တော့ ဘာဆက်ဖြစ်မလဲ ။
လက်မှတ် မှာ ပါတဲ့ နောက်ဆုံးရက်မှာ နေထိုင်တဲ့နေရာကနေ အဲ့ဒီတံတားကိုလာပြီး
သက်တမ်းပြန်တိုးရပါတယ်။ (၇) ရက်တစ်ကြိမ် တံတားကို ပြန်ပြန်လာရပါတယ်။
အဲ့ဒါကြောင့်လို့ မဲဆောက်မြို့နဲ့ အရမ်းနီးစပ်တဲ့ ကရင်ပြည်နယ်ထဲက လူတွေဟာ ဈေးရောင်း ၊
ဈေးဝယ်တာ ၊ ဆေးကုတာ ၊ တွေကို မနက်သွား ည ပြန် သဘောမျိုး လုပ်နေနိုင်တာဖြစ်ပါတယ်။
ဆိုတော့ တံတားဖြတ်ကူးပြီး ဒီဘက်အခြမ်းကိုရောက် ရင် စစ်မှုထမ်းဥပဒေက ကင်းလွတ်ပါပြီ။
ဒီနည်းလမ်းက ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြတဲ့ နည်းလမ်းတွေ ထဲက အလွယ်ကူဆုံးတစ်ခု
ဖြစ်ပါတယ်။
ပုံသေနည်းကတော့ မြန်မာပြည်ထဲက နယ်စပ်မြို့ တွေ ဖြစ်တဲ့ မြဝတီ ၊ တာချီလိတ် စသဖြင့်
နီးစပ်ရာမြို့တွေကို ကားစီးလာ။ ပြီးရင် နယ်စပ်ဂိတ်တွေက တရားဝင် (၇) ရက်ဗီဇာနဲ့
ဝင်ရောက်နေထိုင် ။ ဒီနည်းလမ်းနဲ့ မဟုတ်လဲ တခြားသော နည်းလမ်း တွေ နဲ့ လည်း
ထိုင်းနိုင်ငံထဲကို ဝင်ရောက်ကြပါတယ်။ တရားဝင်နည်းလမ်းတွေ ရှိသလို ၊
တရားမဝင်နည်းလမ်းတွေလည်းရှိပါတယ်။
ထိုင်းနိုင်ငံထဲမှာတရားမဝင်နေထိုင်သူများ
ထိုင်းနိုင်ငံထဲမှာ တရားမဝင်နေထိုင်ကြသူတွေ အများအပြားရှိပါတယ်။ တံတားကူးလက်မှတ်နဲ့
လာပြီး သက်တမ်းထပ်မတိုးပဲ နေထိုင်ပါတယ်။
မဲဆောက်မြို့ဟာ နယ်စပ်မြို့ဖြစ်တဲ့အလျှောက် ရဲ နဲ့ ဌာန ဆိုင်ရာ က လွဲရင် ကျန်တာ
မြန်မာတွေချည်းပဲ လို့ ပြောလို့ ရနေတဲ့ အနေအထားပါ။
အဲ့ဒီနေရာမှာ ထိုင်းရဲတွေ ဆီကို ပေါက်ရောက်တဲ့ မြန်မာတွေလည်းရှိပါတယ်။ ကျွန်တော်တို့ တော့
(၇) ရက်ဗီဇာက ကျော်သွားပြီ သူများနိုင်ငံထဲမှာ တရားမဝင်ဖြစ်ပါပြီ ဒုက္ခပဲ ။ စိတ်မပူပါနဲ့ ။
ရှင်သန်နေထိုင်ဖို့ နည်းလမ်း တွေ ရှိကြပါတယ်။
ရဲ ကို လိုင်းကြေးပေးပြီး နေရပါတယ်။ သူတို့ အခေါ် ရဲ ကဒ်လို့ ခေါ်ပါတယ်။နောက်တစ်ခု
ရှိသေးတာ က သူတို့ အခေါ် ဘတ်ရိုက်တယ် လို့ ခေါ်တဲ့ အလုပ်သမား ကဒ်(ပန်းရောင်ကဒ်)ပါ။
ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်သမား အနေနဲ့ နေထိုင်သူဖြစ်ကြောင်း ကဒ်ပါ။ ဒါက
တရားမဝင်ရွှေ့ပြောင်း အလုပ် လုပ်ကိုင်တဲ့ သူတွေအတွက် တရားဝင်ဖြစ်အောင်
ထုတ်ပေးထားတဲ့ ကဒ်ပါ။
အဲ့ဒီ ကဒ်က ထိုင်းနိုင်ငံ အစိုးရ က တစ်နှစ်တစ်ကြိမ် လုပ်ပေးပါတယ်။
သူတို့ လုပ်ပေးတဲ့ အချိန်မှာ ငွေပေးပြီး လိုက်လျှောက်ရပါတယ်။ အဲ့ဒီကဒ် ရ ရင်တော့
နောက်ကျောလုံလုံ နေထိုင်နိုင်ပါပြီ။
အရေးကြီးဆုံးတစ်ချက်က ကိုယ်သွားမယ့်နေရာ မှာ အရင်ကြိုရောက်နှင့်တဲ့ မိတ်ဆွေသူငယ်ချင်း
ကို အသေးစိတ်မေးရပါမယ်။
သွားမယ့်နိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့တွေ ရဲ့ ဖုန်းနံပတ်တွေ ယူရပါမယ်။ သူတို့ ကို
လည်း အွန်လိုင်းက နေ ကိုယ်သိချင်တာ မေးလို့ရပါတယ်။
ကျွန်တော် ပြောတာ မှာ သတိထားဖို့ ကျန်ခဲ့တဲ့ အချက်များရှိရင် ဖြည့်စွက်ပြောပေးကြပါခင်ဗျ။