Laywaddy FM

ဘဂ်လားပင်လယ်အော် မှာ ဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀

ဘဂ်လားပင်လယ်အော် မှာ ဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀

မေလ ၁၆ ရက် တွက်ချက်မှု များအရ ဘဂ်လားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်းရှိနေပြီ လို့ သိရပါတယ်။

မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က European Centre for Medium-Range Weather Forecasts (ECMWF)ရဲ့

ထုတ်ပြန်ချက်ကို ကိုကားပြီး ဒီကနေ့ မေလ ၁၇ ရက်မှာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီခန့်မှန်းချက်ဟာ မေလ ၁၉ ရက်နေ့အထိ ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး ၊ အဲ့ဒီမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

ဦးဝင်းနိုင်ဟာ ရာသီဉတုပြောင်းလဲမှုနဲ့ မိုးလေဝသ သတင်းအချက်အလက်တွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အချိန်နဲ့ တပြေးညီ တင်ပြပေးနေတာလည်းဖြစ်ပါတယ်။

ဧရာဝတီ တိုင်း ဖျာပုံခရိုင်ထဲက ကမ်းနီးလုပ်ကွက်တွေမှာ လေ ၊ မိုး ၊ လှိုင်း ကြီးနိုင်တယ်လို့ လည်း သတိပေးထားပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *