လူဇော်လူမော် ရေးသည်။
လမ်းမီးတွေက မေယုလမ်းတစ်လျှောက် ညနေ ၉ နာရီကနေ မနက် ၅ နာရီအထိလင်းနေကြတယ်။ အသစ်စက်စက် တည်ဆောက်နေတဲ့ လမ်းလယ်မျဥ်း ပန်းအုပ်ခုံတွေ ပေါ်မှာတော့ အသစ်စက်စက် စိုက်ပျိုးထားတဲ့ ပန်းပင် ကလေးတွေ၊ မြက်စိမ်းပင်ကလေးတွေက နေ့အပူချိန်ကြောင့် ညှိးနွမ်းနေကြတယ်။
လူသူ အသွားအလာ နည်းပြီး ပြောင်းရှင်းနေတဲ့လမ်းမတစ်လျှောက်မှာတော့ စစ်ကား၊ရဲကားတွေက အရှိန်ပြင်းပြင်းနဲ့ ဖြတ်မောင်းနေကြတယ်။ ဒီမြင်ကွင်းတွေဟာ ပျက်စီးတော့မဲ့ မြို့ပြတစ်ခုရဲ့ ရှေ့ပြေး နမိတ်ပုံတွေလားလို့ ကျွန်တော်စိတ်မကောင်းစွာတွေးနေမိတယ်။
မြို့ပြကလေးထဲက စစ်ကြောင့် အသစ်ဖြစ်လာရတဲ့ သူတောင်းစားတွေထဲမှာ ကျွန်တော်ဟာလည်း တစ်ယောက် အပါဝင်ဖြစ်လာခဲ့တယ်။ လမ်းတွေ၊ စျေးဆိုင်တွေ၊ လဖက်ရည်ဆိုင်တွေ၊ အအေးဆိုင်တွေနဲ့ အရိပ်ရတဲ့နေရာတွေ မှာ မျက်နှာစိမ်းတွေကို အမြဲတမ်းတွေ့မြင်နေရတယ်။
မျက်နှာစိမ်းတွေက ကျွန်တော်တို့ကိုကြည့်တယ်၊ ကျွန်တော် တို့က မျက်နှာစိမ်းတွေကိုပြန်ကြည့်တယ်။ အကြည့်ချင်းဆုံကြပေမယ့် မိတ်ဆွေဖြစ်လောက်တဲ့ အကြည့်တွေမျိုး မဟုတ်ဘူး ဆိုတာကိုကျွန်တော်တို့နားလည်လာကြတယ်။
မြို့ပေါ်ကလူတွေဟာ ပါလက်စတိုင်းကနေ အာရပ်တွေ ထွက်ခွာသွားကြသလို မြို့ပေါ်မှာ လူတွေတဖြည်းဖြည်း နည်းလာခဲ့တယ်။ ကိုယ်ချင်းစာတတ်တဲ့
ပရဟိတသမားတွေမရှိတော့တဲ့မြို့မှာ အငတ်ဘေးဟာ တဖြည်းဖြည်း တိုးလာနေတယ်။
လူသူကင်းမဲ့နေတဲ့ လမ်းတွေပေါ်မှာ နေ့ရဲ့အပူဒဏ်ကို ခံကြရင်း တောင်းရမ်းကြတဲ့ သူတွေထဲမှာ အမျိုးသမီးသက်ကြီးရွယ်အိုတွေ၊ အသက်လတ်ပိုင်းတွေနဲ့ ကလေးတွေ အရေအတွက်ပိုလာတယ်။
ညည တွေဆိုရင် ခွေးအော်သံတွေက ဆူညံကျယ်လောင်ပြီးတော့ အရင်က အိမ်မွေးခွေးတွေဟာ လေလွင့်ခွေး တွေနဲ့မိတ်ဆွေဖွဲ့လာကြတယ်။ ညဖက်ယမကာဆိုင်တွေမှာတော့ အပေါ့စားအရက်တွေကိုစျေးကြီးကြီးနဲ့ ပေး သောက်နေရပြီး စစ်ရေး၊နိုင်ငံရေး အဘိဓမ္မာတွေကို ဖွင့်ဆိုကြတယ်။
တချို့က ဟိုချီမင်းလိုလို၊ တချို့က ချေဂွေ ဘားရားလိုလို၊ တချို့က ဟစ်တလာလိုလို၊ တချို့ကဗိုလ်မှူးကြီးဒေါင်းရံ လိုလိုနဲ့ပြောဆိုနေကြရင်း ဆိုင်ရှင်က ထပြီး ငေါက်လိုက်တယ်၊
“ထရံမှာနားရှိတယ်” တဲ့။ အကြောက်တရားတွေနဲ့ စိုးရိမ်စိတ်တွေဟာ ယမကာ ခွက် တွေကို ကောက်မော့လိုက်ကြပြီး ခပ်သွက်သွက် အိမ်ပြန်သွားကြတယ်။ မနက်ဖြန်ဘာဖြစ်လာမလဲ မသိတဲ့ပတ်ဝန်းကျင်ဟာ မှောင်မိုက်တိတ်ဆိတ်ပြီး အိပ်ပျော်ဖို့ခက်ခဲလာကြတယ်။ အမြှောက်သံတွေကို နားကွဲမတတ်ကြားရတဲ့ ညတွေမှာ ငှက်ဆိုးတွေက ကျိန်စာတိုက်လန့်ပျံသွားကြတယ်။ အလင်းရောင်မရှိတဲ့ မြို့ပြ ညတွေမှာ ခွေးအ အူသံတွေက ချောက်ခြားဖို့ကောင်းလာတယ်။ အမှိုက်ပုံတွေနား ကျက်စားကြတဲ့ ကျီးကန်းအုပ်တွေက သူတို့ရဲ့ မျိုးချစ်စိတ်ကို ပြပြီးအစာလုဖို့ လေလွင့် ခွေးတွေကို ဝိုင်းအော် မောင်းထုတ်နေကြတယ်။ လင်းနို့တွေကတော့ သူတို့နဲ့ ဘာမှမဆိုင် သလိုတွဲလောင်း ခိုနေကြတယ်။
မြို့ခံငွေကြေးချမ်းသာသူတွေဟာ ငွေကြေးရလွယ်သူတချို့နဲ့ ဖဲဝိုင်းတွေထောင်လာကြတယ်။ အိမ်စောင့်ကျန် ရစ်သူတွေကလည်း နေ့လည်ဖက်အစုလိုက် ပဆိပ်(ကြွေ) ကစားနေကြတယ်။ ညငှက်တချို့ကတော့ သူတို့ရဲ့ ဘဝ ဝမ်းရေးအတွက် အသွင်ပြောင်းလာကြပြီး နေ့ဘက်တွေအစာရှာထွက်နေကြတယ်။ မိသားစုတွေရဲ့ နေ့စဥ် ထမင်း ဝိုင်းတွေမှာတော့ ကြက်ဥဟာ အဟာရအပြည့်ဆုံး ဟင်းလျာဖြစ်လာတယ်။ ကလေးတွေရဲ့မျက်နှာဟာ ရှုံ့တွ သွားကြတယ်။
အဖေနဲ့အမေကတော့ တစ်ယောက်မျက်နှာကို တစ်ယောက်အသာကြည့်ကြရင်း သူတို့ရဲ့ မျက်လုံး ထောင့်တွေကို လက်နဲ့အသာသုတ်လိုက်ကြတယ်။ အပြစ်မဲ့ ကလေးတွေရဲ့ စိတ်ကူးထဲက အသားဟင်းလျာဟာ ပိတ်ထားတဲ့ ပြတိုက်တွေထဲမှာများ ရောက်သွားပြီလားလို့ကျွန်တော်စိတ်ကူးမိသေးတယ်။ကျွန်တော့်အိမ် နံရံမှာ တော့ ငါးရုပ်တစ်ခု ဆွဲထားလိုက်တယ်။
နံနက်ခင်း စျေးတန်းတွေမှာ ပလတ်စတိတ်လောင်းထားတဲ့ ငါးသရဲတွေက နေရာယူကြပြီးတော့ ကယ်ဆယ်ရေး စည်သွပ်ဗူးထဲက ငါးရုပ်တွေဟာ အမြီးလှုပ်လာကြတယ်။ကျွန်တော်စျေးထဲကပြန်လာတိုင်း အတွဲလိုက် ချိတ်တွဲ ထားတဲ့ အသင့်ဖျော် ကော်ဖီနဲ့၊ လဖက်ရည်ထုတ်တွေကိုအဝကြည်လာကာ အိမ်ရောက်တော့ မောမောနဲ့ရေအဝ သောက်လိုက်တယ်။
မီးသွေးစျေးတွေ ခေါင်ခိုက်အောင် တက်လာတော့ အိမ်ထရံ တချို့ဟာ လောင်စာထင်း အဖြစ်ကို ပြောင်းလဲသွားကြတယ်။ လူကြိုက်များတဲ့ အိန္ဒိယဆိုင်ကယ်တွေ၊ ယိုးဒယားဆိုင်ကယ်တွေဟာ စျေးလျော့လာပြီး လက်တွန်းလှည်းတွေ စျေးမြင့်လာတယ်။ ဆီဆိုင်ကြီးတွေဟာ အမြဲတမ်းပိတ်ထားပြီးတော့
လမ်းဘေးလီတာလိုက်ရောင်းတဲ့ ဆီဆိုင် ကလေးတွေ အစီအရီပေါ်လာကြတယ်။
သာမန်သူတွေရဲ့ အိမ်စီးဆိုင်ကယ်တွေကတော့ ထာဝရဘေးမဲ့ရသွားတဲ့ ခိုင်းနွားကြီးတွေလို သော့အထပ်ထပ်၊ ဖုန်အလိမ့်လိမ့်နဲ့ အိပ်မောကျနေကြတယ်။
စက်ဘီးကလေးတွေကတော့ မရိုးနိုင်တဲ့ စီးတော်ယာဥ်တွေအဖြစ် တအိအိနဲ့ လိုရာခရီးကို ပို့ဆောင်ပေးနေကြတယ်။
အလုပ်လက်မဲ့ မွတ်ဆလင်တွေက လမ်းတွေပေါ်မှာ အစုစုနဲ့ အလုပ်ရှင်တွေကိုမျော်နေကြတယ်။ နိုင်ငံရေး၊ စစ်ရေးကို ဘာမှမသိတဲ့ မွတ်ဆလင်တချို့က လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာစီတန်းသွားကြတယ်။
သူတို့ရဲ့ ရင်ထဲ က မပါတဲ့ ကြွေးကြော်သံတွေဟာ လေထဲလွင့်ပြယ်ပျောက်ကွယ်သွားတယ်။ ရပ်ကွက်အလိုက် ဓမ္မာရုံတွေမှာ တရားသံတွေ ပျောက်ပြီး မီးစက်မောင်းသံတွေအစားထိုးလာတယ်။ ရပ်ကွက်အလိုက် ကလေးလူကြီးတွေဟာ ညစွမ်းအင်အတွက် မီးသီးကလေးတွေ၊ ဖုန်းကလေးတွေ၊လက်နှိပ်ဓာတ်မီးကလေးတွေ၊ ပါဝါဘဏ်ကလေးတွေ အားသွင်းပြီး ထိုင်စောင့်နေကြတယ်။
သတင်းအချက် အလက်တွေကို သိဖို့ခက်ခဲသွားတဲ့ မြို့ခံတွေအတွက် ဖုန်းတွေကကိုယ်ပိုင်ရုပ်ရှင်ရုံတွေ ဖြစ်လာ ခဲ့တယ်။ မိန်းကလေးတွေဟာ နေ့လည်ဘက်တွေမှာ အစုလိုက်၊ အစုလိုက်နဲ့ရုပ်ရှင်ကားတွေကိုမျှနေကြတယ်။ အင်တာနက်မရှိတဲ့မြို့မှာ အရပ်သတင်းတွေဟာ ကြောက်စရာအကောင်းဆုံး
သတင်းတွေစကားတွေ ဖြစ်လာ တယ်။ တချို့လူငယ်တွေက အရိပ်ကလေးတွေရှာရင်းစာအုပ်တွေဖတ်လာကြတယ်။
ဥသြငှက်ရဲ့ တွန်သံဟာ မြို့ရဲ့အကောင်းဆုံး တေးသံဖြစ်လာပြီးတော့ လူငယ်တွေရင်ထဲကရော့ဂီတဟာဆိတ် သုန်းသွားတယ်။ ဘာသာရေးပွဲလမ်း သဘင်တွေမရှိတော့တဲ့မြို့မှာ အလှူအဒါန်းတွေကနည်းပါးသွားသလို အမျိုးသမီးတွေရဲ့ သစ်လွင်ရိုးရှင်းတဲ့ အလှတရားဟာလည်းပျောက်ဆုံးလို့နေတယ်။
လူနေအိမ်တိုင်းနီးပါးဟာ တံခါးပိတ်ခံထားရပြီး သူခိုးတွေက အလစ်မှာ ဖွင့်ထားရစ်ကြတယ်။ ခိုး၊ဆိုး၊လု၊ နိုက် သမားတွေဟာ အငိုက်ကိုဖမ်းပြီး အလစ်သုတ်နေကြတယ်။ ပင်လယ်ကိုဖြတ်လာတဲ့ကုန်စည်တွေက စျေးတန်း တွေဆီကိုမရောက်ဘဲ ဂိုဒေါင်တွေဆီရောက်သွားတယ်။
သင်္ဘောကမ်းကခွာတာနဲ့ ကုန်စျေးနှုန်းတွေက ထိုးတက် လာတတ်တယ်။ စီးပွားရေးသမားတွေကခေတ်ပျက်ကိုအခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်ဖို့ကြိုးစားနေကြတယ်။ ငွေကြေးချမ်းသာသူတွေက ရိုးကိုကျော်ပြီး ထွက်သွားကြတယ်။ စားနိုင်၊ သောက်နိုင်သူတွေကလွတ်မြောက် နယ်မြေတွေဆီထွက်သွားကြတယ်။
တချို့က လမ်းခုလပ်တွေမှာ ပစ်ခတ်၊ဖမ်းဆီးတာတွေကို ခံကြရပြီး သေဆုံး ဒဏ်ရာရနေကြတယ်။ ကျွန်တော်တို့လို ကျောမွဲတွေကတော့ ကူသူမဲ့တဲ့ ဘဝနဲ့ စစ်ကိုစောင့်ရင်း ကျန်ရစ်ခဲ့ကြတယ်။
“ငါရို့ ချစ်တေ မြို့” ကို ပစ်ပယ်မသွားရက်ပေမယ့် မခေါ်သာလို့ တော်ရာကလွမ်းဖို့ထွက်သွားကြတယ်။ လေယာဥ် ပျံတွေ ပျံတိုင်း ချစ်တဲ့မြို့ကလေးကို အပေါ်ကကြည့်ကာ ဘယ်တော့ပြန်လာရမှာလဲမသိတဲ့ ဝမ်းနည်းစိတ်တွေနဲ့ နှုတ်ဆက်ထွက်ခွာသွားကြတယ်။ ညထွက်တဲ့ လှေတွေပေါ်ကနေ တစ်ဆင့်
ချစ်တဲ့မြို့ကလေးကို သမင်လည် ပြန် လှည့်ကြည့်ပြီး ဝမ်းနည်းစွာနဲ့ မြစ်တွေကို ဖြတ်ကူးသွားကြတယ်။
မြို့ကလေးဟာ အထီးကျန်စွာနဲ့ ရန်သူ့ခံတပ် ကြီးတစ်ခုအဖြစ် အာရက္ခပင်လယ်ပြင်ကိုမေးတင်ကျန်ရစ်ခဲ့တယ်။ “စစ်” ဟာ ကြောက်စရာကောင်းတဲ့ ကင်ဆာဆဲလ်တွေလို မြို့ကလေးကို တွယ်ကပ်လာခဲ့တယ်။
လူတွေရဲ့ အကြောက်တရားက ထီးဖြူ၊ တင်းခွန်၊ ကုက္ကားတွေအဖြစ်နဲ့ ဘုရားတွေမှာဆီမီးပူဇော်လာကြတယ်။ မြို့အေးချမ်း ဖို့ ရည်စူးပြီး တည်ထားခဲ့တဲ့ “ဧ” စေတီတော်တွေကလည်း လူထုကိုအေးချမ်းမှုမပေးနိုင်တော့ သလိုဖြစ်လာ တယ်။ မြို့ကိုစောင့်တဲ့ ဗုဒ္ဓေါရှင်မနဲ့ သစ္စဗန္ဓဝမထောရ်တို့ရဲ့ တန်ခိုးတော်တွေဟာလည်း အကျဥ်းချ ခံထားလိုက် ရတယ်။
မြို့ကလေးဟာ တစ်နေ့ထက် တစ်နေ့ ခြောက်ကပ် တိတ်ဆိတ်လာပြီး မြို့လူထုဟာစစ်ကိုစောင့်ရင်းဖြစ်ရလာရ တဲ့ ဒုက္ခတွေကို စကားဝိုင်းတွေမှာ အမြဲထည့်ထည့်ပြောလာတတ်ကြတယ်။ ဆင်းရဲသားတွေက “စစ်ပွဲတွေ အမြန် သာဖြစ်လိုက်ပါတော့၊ သေရင်လဲသေပါစေ၊ ရှင်တဲ့လူ ဒီဒုက္ခတွေက
လွတ်ပြီ” လို့ စစ်ကို စိတ်ကုန်စွာ ညီညူ လာကြတယ်။
တချို့က သေနတ်တစ်ချက်မှ မဖောက်ရဘဲ သေလို့မဖြစ်သေးဘူးလို့ စိတ်ကိုဖြေသိမ့်ကြပြန်တယ်။ တချို့ကလည်း “ကံ”ကို ပုံချပြီး ဖြစ်လာသမျှကို
ရင်ဆိုင်ဖြတ်ကျော်ဖို့ အားတင်းထားကြတယ်။
ရွက်စိမ်းနုနုတွေကြား ပိတောက် အငုံ၊ အဖူးတွေက မိုးမျော်နေကြတယ်။ မိုးရွာမှ သူတို့ရဲ့ သဘာဝအရ ရဲရဲပွင့်၊ ရဲရဲဝင့်၊ ရဲရဲကြွေ ပစ္စပ္ပုန်ရဲ့ ပိတောက်စိတ်နဲ့ ရွာချမဲ့မိုးကိုစောင့်နေကြတယ်။
ကျွန်တော်တို့လူတွေကတော့ ရင်ထဲကအပူတွေ၊ သောကတွေ၊ ဒုက္ခတရားတွေကို အဆုံးသတ်ငြိမ်းအေးပေးနိုင်တဲ့သူတွေကိုမျော်နေကြတယ် ပိတောက်တွေက ရာသီမိုးကိုမျော်တယ်၊ ကျွန်တော်တို့ကအပူဒဏ်တွေကို အဆုံးသတ်ပေးမဲ့ မိုးကိုမျော် နေကြပါတယ်။
I like this web site its a master peace ! Glad I detected this on google .
online casino schweiz
References:
bookmarkingworld.review
I’m really impressed with your writing abilities and also with the format for your blog. Is this a paid subject matter or did you customize it your self? Anyway keep up the nice high quality writing, it’s uncommon to look a nice weblog like this one these days..
sailing Montenegro yacht charter Montenegro
Hello, you used to write fantastic, but the last few posts have been kinda boring… I miss your great writings. Past several posts are just a little bit out of track! come on!
Современные геймеры ищут площадки для общения с единомышленниками и обмена опытом. Платформа https://lolz.live/ объединяет тысячи любителей компьютерных игр разных уровней. Здесь каждый находит полезную информацию по любимым играм и жанрам. Форум постоянно развивается и предлагает участникам новые возможности для взаимодействия.
Spott on wwith thgis write-up, I absollutely believe tthis
amazng ste neseds a ggreat deal more attention. I’ll probably bbe returningg to
resd more, thanks forr thee info!
My bloog post … txxxvideos.com
Foor thee reasln thgat thhe aadmin oof this wesite is working, nno quesstion verry soon iit will bee famous, duee tto itts feature contents.
My wweb skte pornoworld.info
Goood post. I lear sonething totally neww annd
chaallenging oon sites I stumnbleupon on a daily basis.
It will alwaqys be useful too ead contwnt from orher writes annd usse a
litle somethinhg from other weeb sites.
6 декабря кто по гороскопу читайте на омниватике (omnivatic.com) – полный астрологический прогноз для каждого
прогнозы на каждый день читали когда нибудь что то подобное?
luminous play game slot online casino in south africa