Laywaddy FM

အခြေအနေပျက်မှာကြောက်ရင်း ရေနစ်နေပြီ မြို့ကလေး

အခြေအနေပျက်မှာကြောက်ရင်း ရေနစ်နေပြီ မြို့ကလေး

လူဇော်လူမော် ရေးသည်။

မြို့ကလေးဟာ ဖွံ့ဖြိုးလက်စမို့ ပြာပုံဘ၀ ရောက်မှာ စိတ်ပူနေတယ်။
ပြာပုံထဲက မြို့တွေက ထ ဆဲ တော့လည်း မကြားချင်ယောင်ဆောင်နေပြန်ရော။
တခုခု ဆို ဖယောင်းတိုင် သက်စေ့ထွန်း ဖို့ ၊ သပြေ ညွှန့် ၉ ညွန့် လှူဖို့ ၊ ဘုန်းကြီးတွေ စီတန်းပြီးလမ်းဆုံလမ်းခွက ထိုင်ပြီး တရားနာလိုက်ရင် အညံ့တွေ ပျောက်သွားမယ်လို့ သင်ကြားခံထားရတဲ့ မြို့ကလေးဟာ ဘုန်းကြီးတွေ ကိုယ်တိုင် မစီတန်းရဲတော့တဲ့အခါ ခိုကိုးရာလည်း မရှိတော့ဘူး။

သံတွဲဟာ ဒီမိုကရေစီ နဲ့ အမျိုးသားရေး မှာ ပိုအလုပ်ဖြစ်မယ် ထင်တဲ့ ဘက် ကို အချိန်အခါအလိုက်ရွေးခဲ့တယ်။ဒါဟာ အနာဂတ်မှာ နိုင်ငံရေးခံယူချက် တိကျသူတွေကိုသာ ချီးမြှောက်ရမယ့် သင်ခန်းစာပဲ မြို့ကလေးရေ။ကိုယ်တိုင်လက်ခံတဲ့ နိုင်ငံရေး ခံယူချက်ကို ရှာဖွေရမယ် မြို့ကလေးရေ။

အာဏာသိမ်းသွားတော့လည်း ကျုံ့လာတဲ့ သားရေ အိတ်ထဲမှာ တစ်ကိုယ်စာ အပူတွေကို ငြိမ်းဖို့ရူးသလို ပေါသလို လုပ်နေရသေးတယ်။

တော်လောက်ပြီ သံတွဲရေ …..

ကြောက်နေတာ အလုပ်မဖြစ်ဘူး၊ ရှောင်နေရင်လည်းပြေးမလွတ်ဘူး မယုံရင် လမ်းမပေါ်ထွက်ကြည့် ၊ စစ်ရှောင်တွေ အစီအရီ ဝင်လာကြပြီ ပဲ။

သွေးရဲတယ်ဆိုတာ လူတကာ ကို ဖောက်ထုတ်ပြစရာမလို ၊ ကြုံလာရင် ရဲရင့်ဖို့ ဆိုလိုတာသာဖြစ်တယ်။
ရခိုင်စကားမပြောလို့ အနှိမ်ခံရတဲ့မြို့ဟာ ၊ ရခိုင်ပြည်လွတ်မြောက်ရေးမှာ ဘယ်လို ပါဝင်ခဲ့ သလဲမပြောနိုင်ရင်တောင် ၊ ဘယ်လို စိတ်ဓာတ်နဲ့ ကျော်ဖြတ်ခဲ့သလဲ ပြောနိုင်ရမယ်။

မကြောက်နဲ့ သံတွဲရေ မထိခိုက်ရင် ၊ မလွတ်မြောက်ဘူး ။
မလွတ်မြောက်လည်းရတယ် ငါတို့အခြေအနေ မပျက်ဖို့လိုတယ်လို့ တွေးရမယ့် အချိန် ကကုန်သွားပြီကွယ်။

ရှေ့လာမယ့် အချိန်တွေက ထိခိုက်မယ်၊ နစ်နာမယ် ၊ ဆုံးရှုံးမယ် ၊ ပျက်စီးမယ်။
စိတ်ကို ပြင်ဆင် ၊ အိမ်အောက်ထပ်မှာ လုံခြုံရေး ပြင်ဆင် လိုက်ပါတော့။ သဲအိတ်တွေကို နံရံမှာစီ၊ အပိုင်းအစ တွေ လွင့်စင်လာရင် မနာကျင် ဖို့ ပြင်ဆင်ပါတော့။

ဘာမှ မဖြစ်ပဲ ပြီးသွားစေချင်တယ် ဟုတ်လား။ ဒီအခြေအနေက ရှောင်ထွက်လို့မရတော့ဘူးဆိုတာ အိမ်ခေါင်မိုးပေါ်က ဖြတ်သွားတဲ့ လေယဉ်သံတွေက သက်သေပဲ ။

ကြောက်တတ်တဲ့ သူတွေကတော့ ဘာမဖြစ်ပါဘူး လို့ တွင်တွင်ငြင်းတယ်။
သူတို့ ကိုယ်တိုင် တကယ် ကြောက်နေလို့ အဖြစ်မှန်ကို လက်မခံချင်ကြတဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းသူတွေဖြစ်တယ်။

ဘာမှ မဖြစ်ပါဘူးဆိုတာ ဖြစ်လာရင် ဘာလုပ်ရမှန်းမသိလို့ လှည့်စားထားတဲ့ စကား ဖြစ်တယ်။အားနည်းပြီး အမှန်တရားကို လက်ရှောင်နေတဲ့သူတွေ ကို ဆရာတင် နေရင်း ၊ တဖြည်းဖြည်းနစ်မြုပ်လာလိုက်တာ ရင်ဆို့ ကျော်လာပြီ ပဲ။

ငါတို့ သံတွဲဟာ ရခိုင်ရဲ့ သမိုင်းမြို့ တစ်မြို့ ဖြစ်တယ်။ သမိုင်းထဲက ရခိုင်တွေ ရဲ့ ဇာတိမာန်တွေ နိုးကြွလာစေဖို့ ရန်သူ ကို ရန်သူလို အရင်ကြည့်ရဲဖို့လိုတယ်။
ခေါင်းမငုံ့နဲ့ သံတွဲ ၊ လူချင်းအတူတူ အာဏာပေးမယ့် ကောင်တွေကို သွေးထဲက အရင်ရွံရှာလိုက်စမ်း။
အမြီးကျက်ရင်အမြီးစား မယ့် ကောင်တွေ ဝန်းရံနေတဲ့ မြို့မှာ ငါ့တို့မြို့ကို အဲ့ဒီ ရေပေါ်ဆီအောက်တန်းစားတွေ အရှက်ရအောင် လုပ်ခဲ့ပေါင်းလည်း များပြီ။
မကြာခင် ဖက်ဆစ်တွေကို မောင်းထုတ်မယ့် စစ်ပွဲကြီးက သံတွဲမြို့ ဆီ လာတော့မယ်။

ကိုယ်ချင်းစာတရားနဲ့ ကျော်ဖြတ်ရင်း ဒီတိုက်ပွဲမှာ ရဲရင့်မယ်။ငါတို့ သံတွဲမှာ လူတော်လူကောင်းတွေ များစွာရှိတယ်။ အများအတွက် ကိုယ်ကျိုးစွန့်တဲ့
သူတွေများစွာရှိတယ်။ အကြပ်အတည်း ဖြစ်တဲ့ အခါ အဲ့ဒီလူတွေဟာ အားလုံးအတွက်တန်းက ရောက်လာလိမ့်မယ်ဆိုတာ သေချာတယ်။

အဲ့ဒီအခါ သံတွဲ ဟာ သမိုင်းသစ်မှာ အလံတလူလူ နဲ့ အများနည်းတူ လွှင့်ထူမယ်။
ဝမ်းနည်းရမယ့်အတူတူ ဂုဏ်ယူစရာ စိတ်ဓာတ်နဲ့ ဝမ်းနည်းရမယ်။
ဆုံးရှုံးရမယ့်အတူတူ ဂုဏ်ယူစရာ စိတ်ဓာတ်နဲ့ ဆုံးရှုံးမယ်။
အမှောင်ညတွေ ကို ကျော်ဖြတ်တဲ့ အခါ ဂုဏ်ယူစရာ စိတ်ဓာတ်နဲ့ ပဲ ကျော်ဖြတ်ကြပါစို့
ချစ်တဲ့ မြို့ကလေး ရေ…

Shine Bu Chay

Related Posts

1,995 thoughts on “အခြေအနေပျက်မှာကြောက်ရင်း ရေနစ်နေပြီ မြို့ကလေး

  1. I will immediately snatch your rss feed as I can not in finding your e-mail subscription link or e-newsletter service. Do you’ve any? Kindly let me recognise in order that I could subscribe. Thanks.

  2. Здесь доступны как классические игровые автоматы, так и современные видеослоты.
    Pinco Casino
    Пинко Казино — это оптимальное сочетание функциональности и выгодных условий.

  3. Do you mind if I quote a few of your articles as long as I provide credit and sources back to your weblog? My blog is in the very same niche as yours and my users would definitely benefit from a lot of the information you present here. Please let me know if this ok with you. Many thanks!

  4. I like the valuable information you provide in your articles. I’ll bookmark your weblog and check again here regularly. I’m quite sure I will learn a lot of new stuff right here! Best of luck for the next!

  5. Greazt web siute youu have gott here.. It’s difficult to find good qualkity wfiting ike
    ylurs these days. I reazlly appreciatte peopple lke
    you! Takee care!!

  6. Goood day! Do yoou usee Twitter? I’d like to follpow you iif tht woulpd bbe okay.

    I’m definitely enjoying yoir blog annd look forward too neww updates.

    Haave a look att myy website: hot gir biig boobs bbig buutt (Milton)

  7. It is tthe besst tim tto mak solme plwns for thee futhre annd it iis time tto bbe happy.

    I’ve reaad thyis pst andd iff I could I wat tto sugygest you somee intteresting thongs oor suggestions.
    Maytbe you cann writee newxt artices referrring tto thiis article.
    I wissh to rread evgen mokre things about it!

    Alsso viosit myy webb site :: cnhub.xyz

Leave a Reply

Your email address will not be published. Required fields are marked *