ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲမှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အောက်က စစ်ဖက်ရေးရာလုံခြုံရေးတပ်(စရဖ)၊ ခြေမြန်တပ်ရင်း(ခမရ)၊ အမြောက်တပ်ရင်းအပါအဝင် တပ်ရင်းတပ်ခွဲ ၈ ခုကို သိမ်းပိုက်ထားပြီးပြီလို့ အာရက္ခတပ်တော်(AA ) က သတင်းထုတ်ပြန်လာပါတယ်။
သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့
၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း
၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း
၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ
၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ
၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်
၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ် တွေ ဖြစ်ပါတယ်။ ဆက်လက်ထိုးစစ်ဆင်နေတဲ့ တပ်တွေကတော့
(၁) နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်
(၂) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ
(၃) ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း
(၄) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း
(၅) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
(၆) ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ
(၇) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း
(၈) အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း
(၉) တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ
(၁၀) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တွေလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန် စစ်ဆင်ရေး ပြန်စတဲ့ တစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ အမ်းမြို့ စစ်ရေးအခြေအနေကို အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။