ယနေ့ Thursday, 21st November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

အမ်းမြို့ပေါ်မှာ ရပ်ကွက်တွေ အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ခံစစ်ပြင်

အမ်းမြို့ပေါ်မှာ ရပ်ကွက်တွေ အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ခံစစ်ပြင်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ပေါ်က ဒေသခံတွေနေထိုင်တဲ့ ရပ်ကွက်တွေအတွင်းမှာ စစ်ကောင်စီဝင်ရောက်နေရာယူလာပြီး ကာကင်းတွေ ပြုလုပ်လာတဲ့အတွက် ဒေသခံတွေဟာ ကစဉ့်ကလျားနဲ့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အမ်းမြို့ အောက်ရွာရပ်ကွက်ထဲကို မနေ့ည နိုဝင်ဘာ ၁၃ ရက်ညပိုင်းက စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်းရောက်ခဲ့ပြီး နေအိမ်အတွင်းက ကျေးရွာသားတွေကို မောင်းထုတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ညနေ ၅ နာရီလောက်မှာ နပခဌာနချုပ်မှ အောက်ရွာတံတားကိုဖြတ်ပြီး ရွာထဲသို့ ဝင်လာတယ်။ ပြီးတော့သေနတ်တွေ ရမ်းသမ်းဖောက်တယ်။ လူတွေကိုမနေကြဖို့ပြောတယ်။ အောက်ရွာက ဘုန်းကြီးကျောင်းတွေ ၊ စာသင်ကျောင်းတွေမှာ သူတို့နေရာယူလိုက်တယ်” လို့ ဒေသခံသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ဟာ နပခ အနီးကို ချည်းကပ်လာပြီး အမ်းမြို့ပေါ်ရပ်ကွက်တွေဟာ တိုက်ပွဲဧရိယာ နဲ့ အနီးဆုံးကို ကျရောက်နေတာ ဖြစ်တယ်။

အောက်ရွာရပ်ကွက်ဟာ နပခ ဌာနချုပ်နဲ့ တံတားတစ်လက်ပဲခြားပြီး အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ရပ်ကွက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ ရပ်ကွက်ထဲကို မနေ့ညနေ ပိုင်းက နပခ ဌာချုပ်စုပေါင်းတပ်ဖွဲ့အင်အား ၈၀ လောက်က အခုလို ရပ်ကွက်အတွင်းကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

အမ်းမြို့ပေါ်မှာ ဈေးပိုင်းရပ်ကွက် ၊ ရခိုင်စုရပ်ကွက် ၊ အမှတ်(၁) ရပ်ကွက် ၊ နတ်စင်ကုန်းရက်ကွက်နှင့် အမှတ်(၂) ရပ်ကွက် ၊ အောက်ရွာ ရပ်ကွက်တို့ရှိပြီး လက်ရှိ စစ်ကောင်စီတပ်သားတွေ နေရာယူထားတဲ့ အောက်ရွာ ရပ်ကွက်ဟာ အမ်းမြို့ရဲ့ အကြီးဆုံးနဲ့ အချက်အချာအကျဆုံးရပ်ကွက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အမ်းနပခဌာနချုပ် ရဲ့မြို့ပြင်တပ်ရင်း၊တပ်စခန်း၊ကာကင်းများကို အာရက္ခတပ်တော်(AA)မှထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီသည်မြို့ပေါ်ရပ်ကွက်များသောတပ်ဖြန့်နေရာယူပြီး AA ရဲ့ ထိုးစစ်ကိုခုခံပြင်ဆင်နေတာဖြစ်ပါတယ်။

အဉ္စနလီညှင်း ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *