Laywaddy FM

အမ်းမြို့မရဲစခန်းက နယ်ထိန်းအရာရှိ အပါအဝင် ၃ ဉီး စနိုက်ဘာ ထိမှန်သေဆုံး

အမ်းမြို့မရဲစခန်းက နယ်ထိန်းအရာရှိ အပါအဝင် ၃ ဉီး စနိုက်ဘာ ထိမှန်သေဆုံး

ရခိုင်ပြည် ၊ အမ်း မြို့နယ် မြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ တစ်ဉီးအပါအဝင် ၃ ဉီးဟာ အမ်းမြို့ အထွက် ပဲပဒုံ တံတားဂိတ် တိုက်ပွဲမှာ AA ရဲ့ စနိုက်ဘာ ကျည်ထိမှန်ပြီး နိုဝင်ဘာ ၁၁ ရက် ည ပိုင်းက သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အမ်းမြို့ ပဲပဒုံ တံတားဂိတ်အနီး တိုက်ပွဲမှာ AA မှပစ်ခတ်လိုက်သည့် စနိုက်ဘာကျဉ် ထိမှန်ပြီး နယ်ထိန်းအရာရှိဖြစ်တဲ့ ဟန်လင်းထွန်း နှင့်

တပ်ကြပ်အဆင့်ရှိသူတစ်ဉီး၊ တပ်ဖွဲ့ဝင်တစ်ဉီး သေဆုံးသွားတယ် လို့စစ်ရေး သတင်းရင်းမြစ် တစ်ဉီး က လေးဝတီ ကို ပြောကြားပါတယ်။

သတင်းရင်းမြစ်က “ နိုဝင်ဘာ ၊ ၁၁ ရက်နေ့ည ရှစ်နာရီလောက်က တိုက်ပွဲ ဖြစ်ကြတယ်။ နယ်ထိန်းအဖွဲ့က နောက်ဆုတ်လာတယ်။အဲဒီမှာ စနိုက်ဘာကျဉ် ထိတာပါ။သူ့အလောင်းက တံတားအောက် ကျသွားတယ်။နောက်ထပ် အလောင်းက တံတားပေါ်မှာရှိနေသေးတယ်”လို့ သူကပြောပါတယ်။

ပဲပဒုံ ဂိတ်တံတားထိပ် မှ နောက်ဆုတ် ထွက်ပြေးလာတဲ့ နယ်ထိန်းနှင့်အဖွဲ့တွေဟာ AA ရဲ့ စနိုက်ဘာကျဉ် ထိမှန်ပြီး သေဆုံးကာ အရာရှိ အလောင်းက တံတားပေါ်က အောက်ကို ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ပဲပဒုံစစ်ဆေးရေးဂိတ်ဟာ မင်းဘူး-အမ်းလမ်းမပေါ်မှာရှိပြီး အမ်းမြို့အဝင် ပဲပဒုံကျေးရွာတံတား အနီးမှာ ရှိတဲ့ အဖွဲ့ပေါင်းစုံစစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။

စစ်ကောင်စီ နဲ့ အေအေ ဟာ အမ်းမြို့နယ်မှာ နေ့စဉ် နီးပါး နှစ်ဖက်တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီးတော့ စစ်ကောင်စီဘက်က အကျအရှုံးများကာ ဂျက်ဖိုက်တာ ၊ Y-12 ၊ လက်နက်ကြီး စတာတွေနဲ့ ဗုံးကြဲ၊ပစ်ခတ် နေပါတယ်။

မြို့ပေါ်ရပ်ကွက် နဲ့ လူနေအိမ်အချို့ကို ကျရောက်ပေါက်ကွဲမူရှိနေပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူ အများအပြားရှိနေတာ ဖြစ်ပါတယ်။

အဉ္စနလီညှင်း ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *