ယနေ့ Thursday, 26th December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

စစ်တွေ ရေတပ်ကို AA လက်နက်ကြီးနဲ့ ပစ်ခတ် ၊ အမြှောက်တိုက်ပွဲ ဖြစ်နေ

စစ်တွေ ရေတပ်ကို AA လက်နက်ကြီးနဲ့ ပစ်ခတ် ၊ အမြှောက်တိုက်ပွဲ ဖြစ်နေ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသိမ်းပြီးနောက်မှာ ရခိုင်ပြည် ရဲ့ မြို့တော် စစ်တွေမြို့အနီး ပင်လယ်ပြင် မှာ လုံခြုံရေးယူထားတဲ့ စစ်တွေရေတပ်ကို အာရက္ခတပ်တော် AA က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်တွေမြို့ နဲ့ ကျောက်တော်မြို့ကြားမှာရှိတဲ့ ရေပြင်မှာ စခန်းချထားတဲ့ ရေတပ်စစ်သဘေ်ာနဲ့ အာရက္ခတပ်တော်တို့ ဟာ ဒီဇင်ဘာ ၂၁ ၊ ၂၂ ရက် တွေမှာ လက်နက်ကြီးတွေ နဲ့ အပြန်အလှန်ပစ်ခတ်နေပြီး အမြှောက်တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

“အရင်ရက်တွေကတော့ ရေတပ်က ဟိုဘက်ဒီဘက်ရမ်းပစ်နေတာ ၊ အခုရက်ပိုင်းမှာ AA ဘက်က လက်နက်ကြီးနဲ့ ရေတပ်ကို စပစ်တယ်၊ လက်နက်ကြီးတွေ နဲ့ အပြန်အလှန်ပစ်နေကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် ထိလားမထိလားတော့မသိဘူး ၊ အသံတွေတော့ တော်တော် ကြာကြာကြားရတယ်” လို့ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေ၊ ဆပ်ရိုးကျချောင်းဝ ၊စစ်တွေ-ပေါက်တော ထွက်ဝ ၊ စစ်တွေ ကျောက်ဖြူ ထွက်ဝ ၊ စတဲ့ စစ်တွေမြို့ကို ဝင်ရောက်နိုင်တဲ့ ရေလမ်းကြောင်းထွက်ပေါက်တွေမှာ နေဗီ စစ်သဘေ္ာ ၁၀ စီးကျော်နဲ့ စစ်တွေမြို့ ကို ပတ်လည်လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“မြို့ပေါ်မှာက နေဗီနဲ့ လာပို့ထားတဲ့ မွတ်ဆလင်စစ်သင်တန်းဆင်းတွေ ရောက်နေတယ်။ အတိအကျမပြောနိုင်ဘူး တော်တော်များတယ် ၊ ပြီးတော့ ALP ဘက်က တပ်သားတွေက စစ်ကောင်စီနဲ့ ပေါင်းပြီးကင်းလှည့်တယ် “ လို့ စစ်တွေမြို့ရဲ့ လုံခြုံရေးအခြေအနေ ကို ဒေသခံ က ပြောပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင် ၊ မောင်တော တိုက်ပွဲတွေမှာ ရိုဟင်ဂျာ စစ်သွေးကြွ လက်နက်ကိုင်တွေဖြစ်တဲ့ ARSA ၊ RSO တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး AA ကို ခံစစ်ပြင်ခဲ့ပါတယ်။

အလားတူပဲ စစ်တွေမြို့မှာလည်း ဒုကက္ခသည်စခန်းတွေကနေ စစ်သားစုဆောင်းထားတဲ့ မွတ်ဆလင် စစ်သင်တန်းဆင်းလူငယ်တွေကို အများအပြား လုံခြုံရေးချထားပါတယ်။

ဒါအပြင် စစ်ကောင်စီ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလျှက်ရှိတဲ့ ရခိုင်ပြည် လွတ်‌မြောက်ရေးပါတီ ALP က တပ်သားတွေကိုလည်း ဒေသတွင်း မှာ လက်နက်ရိက္ခာထောက်ပံ့ပေးပြီး လုံခြုံရေး ပြင်ဆင်ထားပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်က မြို့ ၁၄ မြို့အထိ သိမ်းပိုက်ခဲ့ပြီး နောက် စစ်တွေ၊ ကျောက်ဖြူ ၊ မာန်အောင် မြို့ သုံးမြို့ဟာ ထိုးစစ်ဆင်ဖို့ ကျန်ရှိနေသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့မှာ ကြည်းတပ် ၊ ရေတပ်တွေ ချထားရုံမက စစ်တွေကမ်းနားကိုလည်း သံဆူးကြိုးတွေနဲ့ ကာရံထားပါသေးတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *