Day: December 2, 2024
တပ်ရင်း (၄) ခု ထပ်သိမ်းပြီးနောက် အမ်းမြို့ကို AA ထိမ်းချုပ်( နပခ ဌာနချုပ် သာ ထိုးစစ်ဆင် ရန် ကျန်ရှိ)
ရခိုင်ပြည် အမ်း မြို့ပေါ်မှာ ရှိတဲ့ တပ်ရင်း၊ တပ်မတွေ နဲ့ ခံစစ်စခန်းတွေ အကုန်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး အမ်းမြို့ကို ထိမ်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ တစ်ခုတည်းသာကျန်ရှိတော့တဲ့ နပခ ဌာနချုပ်ကို ထိုးစစ်ဆင်နေတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။…
တောင်ကုတ် မြို့ ခရိုင်ကျေးရွာ ကို လေကြောင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရ(လူ နှစ်ဆယ်ကျော် ထိခိုက် ၊ နှစ်ဉီးသေဆုံး)
ရခိုင်ပြည်တောင်ကုတ်မြို့ ခရိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့လို့ စစ်ရှောင်ပြည်သူ နှစ်ဉီးသေဆုံးပြီး လူ ၂၀ ဝန်းကျင် လက်နက်အစအန တွေ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီခရိုင်ကျေးရွာဟာ တောင်ကုတ်မြို့နယ် တိုက်ပွဲအတွင်း မကြာခဏ လေကြောင်းတိုက်ခိုက်ခံနေရပြီး အခု အကြိမ်ဟာ ငါးကြိမ်မြောက်တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ တောင်ကုတ်မြို့…
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဂွတိုက်ပွဲက ထွက်ပြေး ၊လက်ကျန်တပ်တွေ ဂွမြို့ အနီးက ရဟိုင်ကူးတို့ရွာမှာ ခံစစ်ပြင်
ဂွမြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်ဆင်ခံနေရတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ညောင်ချောင်းစခန်းကို သိမ်းပိုက်ခံရပြီးနောက်မှာ တိုက်ပွဲတွင်းက ထွက်ပြေးသွားကြပြီး လက်ကျန်တပ်တွေကတော့ ရဟိုင်ကူးတို့ကျေးရွာကနေ ခံစစ်ကို ပြန်လည်ပြင်ဆင်နေတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၅၆၃ နဲ့ ခမရ…