စစ်ကောင်စီ ထိမ်းချုပ်မြို့ အဖြစ်ကျန်နေသေးတဲ့ ရခိုင်ပြည် မာန်အောင်မြို့က ခရီးသည်တင် သဘေ်ာ တစ်စင်းဟာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း က ရေတပ်စခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သတင်းရရှိပါတယ်။
ဖမ်းစီးခံထားရသောခရီးသည်တင် မော်တော်ဘုတ်ကြီး (သဘေ်ာငယ်) မှာ ခရီးသည် ၁၀၀ ကျော်ပါပြီး ၊ အများစုဟာ ရန်ကုန်တိုင်းထဲကို စစ်ဘေးရှောင်ဖို့ ထွက်ခွာလာတဲ့ ပြည်သူတွေ ဖြစ်တယ်သိရပါတယ်။
“မာန်အောင် ၊ စစ်တွေ ၊ ကျောက်ဖြူ ဘက်က စစ်ရှောင်ထွက်ကြဖို့ လေယာဉ်နဲ့ သဘေ်ာပဲ သုံးကြတယ် ၊ လူတိုင်းလေယာဉ်မစီးနိုင်ဘူး၊ ဘုတ်တွေနဲ့ သွားကြရတာ ပါ “ လို့ သဘေ်ာပေါ်မှာ ပိတ်မိနေသူ ရဲ့ မိသားစုဝင် တစ်ဦး က လေးဝတီ FM ကို ပြောပါတယ်။
အဲ့ဒီ မော်တော်ဘုတ်ဟာ မာန်အောင် မြို့ အာဏာပိုင်တွေ ဖြစ်တဲ့ စစ်ကောင်စီ၊ ရဲ၊ စရဖ နဲ့ ထွေအုပ်တို့ဆီမှာ ကမ်းက ထွက်ခွာခွင့်တောင်းယူပြီးမှ ထွက်ခွာလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ကဒီဇင်ဘာ နောက်ဆုံးအပတ်မှာထွက်သွားတာ၊ အခုတပတ်ကျော်ပြီကမ်းလည်းမတက်ရ ၊ ရေထဲမှာဘုတ်ကိုကျောက်ချပြီးနေရတယ်။
ဟိုင်းကြီးကျွန်းရေတပ်က စျေးလာရောင်းမှစားရတယ်။ ကလေးလူကြီးလူငယ်အစုံပါ တယ် ” လို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အဆိုပါခရီးသည်တွေဟာ မာန်အောင်မှ ရန်ကုန်သောသွား တဲ့ ခရီးသည်များဖြစ်ကြပြီး ဟိုင်းကြီးကျွန်းပေါ်ကိုလည်း တက်ခွင့်မပေးပဲ သဘေ်ာကျောက်ချထားတဲ့ သဘေ်ာပေါ်မှာ တစ်ပတ်ကျော်ကြာပြီလို့ဆိုပါတယ်။
မာန်အောင် ၊ ကျောက်ဖြူ ၊ စစ်တွေက ခရီးသည်တင် သဘေ်ာတွေ ဟာ ဟိုင်းကြီးကျွန်းမှာ အခုလို မကြာခဏ ဖမ်းဆီးခံရပြီး ၊ ငွေသားများများစားစားယူဆောင်လာရင်လည်း ရေတပ်က သိမ်းလိုက်တယ် လို့ ဆိုပါတယ်။
“ကျမတို့သွားတုန်းကလည်း ၄ ရက်ကြာတယ်။ရေမချိုးရ၊အိပ်လည်းကောင်းကောင်းမအိပ်ရ လှိုင်းကလည်းက မူး ၊တချို့က ဒီကနေ့ ဆေးကုဖို့ လိုက်တဲ့လူတွေ နာမကျန်းတဲ့ လူတွေ လည်း ပါတယ် အဲ့လို လူတွေအတွက် အသက်အန္တရာယ်ထိခိုက်မှာကြောက်ရတယ်” လို့ ကျောက်ဖြူ-ရန်ကုန် ခရီးသည်တင် သဘေ်ာနဲ့ သွားလာဖူးတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်က စစ်ကောင်စီ ထိမ်းချုပ်ထားဆဲမြို့တွေ ဖြစ်တဲ့ စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေဟာ ပင်လယ်ဆိပ်ကမ်းမြို့တွေ ဖြစ်ပြီး ရေကြောင်းသွားလာရေး ကို အဓိက အသုံးပြုတဲ့ မြို့တွေ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရန်ကုန် နဲ့ ဧရာဝတီ တိုင်းမှာ ရွှေ့ပြောင်းစစ်ရှောင်နေတဲ့ ၁၁ / မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ဖိနှိပ်ကန့်သတ်မှုတွေ ၊ မတရားဖမ်းဆီးမှုတွေ နေရာ အနှံ့ပြုလုပ်နေတာဖြစ်ပါတယ်။
အမ်းချောင်းသူ (လေးဝတီFM)