တဖျောက်ဖျောက်နန့်
မိုးသီးမိုးပေါက်
မြီကိုရောက်ယာ
ဒေတမိုးကို တဲထိုးလို့နေဖို့လဲ
ခေါင်းမိုးမရှိ။
အအီးဒဏ်ကိုခုခံနိုင်ဖို့
ပုဆိုးမရှိ။
အဝတ်တထည် ရီစွတ်ကေလဲ
အလည်မရှိ။
ဟင်းချေတနပ် ခူးဆွတ်စားဖို့
တောင်ရပ်နားကိုမလားဝံ့။
ငါးချေတသိုက် ထွက်ရှာပစ်ဖို့
ကွန်ပစ်ဖို့လဲ
ချောင်းချေနားကိုမလားဝံ့။
နှာစီးခြောင်းဆိုးရောဂါတိုးလဲ
ဆီးထိုးပစ်ဖို့ ဖေသာမရှိ။
ဆီးချေတလိပ်
ကွမ်းချေတယာ စားချင်ပါလဲ
ဆိုင်ကမရှိ။
ဆွီမျိုးတိနား သတင်းပါးဖို့
ဖုန်းလှိုင်းမရ တစ်ဒုက္ခ။
သမီးငိုသံ သားငိုသံကို
တဖန်ချော့ဖို့
မုန့်စိမ်ပေါင်းလေ့
မရောင်းလတ်။
အိမ်ပြန်ချင်ရေဘာဘာ
မေမေ မလာသိလား?
အိမ်ပြန်ချင်ရေ မေမေ
ဘာဘာခေါ်လိုက်?
မိန်းခွန်းတိုင်းမှာအဖြေရှိလေ့
အဖြေမရှိရေ မိန်းခွန်း
ကြားဖူးကတ်လာ?။
အကိုကြီးနန့်ညီမချေ
မိုးရွာရေနိ့က
အိမ်ရှိမှာကစပ်ကတ်တေ။
ညီမချေ ဇာမှာလဲမေမေ?
အကိုကြီးလာကေ
ရွာထဲမှာကစပ်ရရေ
ညီမတယောက်၏
မျှော်လင့်ချက်။
မိုးလာရေလီလာရေ
စာချေလင်မယားကိုက်ကတ်တေ။
မိုးလာရေလီလာရေ
စာချေလင်မယားကိုက်ကတ်တေ။
မိုးလာရေလီလာရေ
စာချေလင်မယားကိုက်ကတ်တေ။
မောင်ချေဆိုလို့ အမေကြီးကို
မျှော်နိန်ရေ။
ဒေကဗျာရွီးယင်း
မျက်ရီတစက်
စာရွက်ထက်စိုစွတ်လားခရေ
ဆက်ရွီးဖို့အင်အား
မျိုးဇော်သိန်းနှလုံးသားက
စကားလုံးတိမထွက်။
အို နှလုံးလှပရဟိတသမားရို့
နောက်ဆုံးအချိန်ကို
အံကြိတ်ခံဖို့
ဒေဖက်တချက်လာကတ်။
ဟိုဘက်တချက်လားကတ်။
မြစ်ကိုတခါကူးကတ်။
တောင်ကိုတခါကျော်ကတ်။
စွမ်းအားသမျှ
ဆောက်ရွက်ကတ်ပါ။
မင်းရို့ရေ
အဖိုးရို့မျှော်လင့်ချက်။
မင်းရို့ရေ
အဘောင်ရို့ အိပ်မက်။
အကိုကြီးရို့ရေ
ညီချေ ညီမချေရို့
ထမင်းစားရဖို့
ရောင်ခြည်အလင်းတန်း
လုပ်ပီးသမျှ
ကျေးဇူးအနန္တ ပါ။
မျိုးဇော်သိန်း
(ပေါက်တောမြို့)