Category: ဓာတ်ပုံသတင်း
ဂျိုင်ကောက်ရွာကို စစ်ကောင်စီဗုံးကြဲ အသက်မပြည့်သေးတဲ့မိန်းကလေး ၂ ဦးအပါ ၇ ဦးသေဆုံး(ဆပ်သွားတံတား မှိုင်းခွဲဖျက်ဆီးခံရ )
ရခိုင်ပြည် ဂွမြို့နယ် ဆပ်သွားတိုက်နယ် အတွင်းက ဂျိုင်ကောက်ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့လို့ အသက် မပြည့်သေးတဲ့ မိန်းကလေး နှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး သွားတဲ့ သူတွေကတော့ ဂျိုင်ကောက်ကျေးရွာက ဉီးမိုးညို (၅၀)နှစ်၊ဉီးဘန်ဒို (၅၂)…
နပခ ဌာနချုပ် ရှေ့ အမ်းမြို့ ပေါ်မှာ အနီးကပ်တိုက်ပွဲဲပြင်းထန်နေ(လက်နက်ကြီး၊လေကြောင်းပစ်ခတ်မူကြောင့် အောက်ရွာဘုန်းတော်ကြီးကျောင်း ပြိုပျက်)
တိုက်ပွဲပြန်းထန်နေတဲ့ နပခဌာနချုပ်ရှိရာ အမ်းမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အောက်ရွာရပ်ကွက်မှာ အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတို့ အနီးကပ်တိုက်ပွဲ ဖြစ်နေပြီး ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲနေတဲ့ အတွက် အောက်ရွာရပ်ကွက်က ဘုန်းကြီးကျောင်းပျက်စီးသွားတယ်လို့ မြေပြင်သတင်းရရှိပါတယ်။ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ဟာ နပခ ဌာနချုပ် နဲ့ မျက်နှာချင်းဆိုင် ကို ရောက်ရှိလာပြီး အမ်းမြို့ပေါ်ရပ်ကွက် ဖြစ်တဲ့…
ဂျိုင်ကောက် စခန်းကိုသိမ်းပိုက် ဂွမြို့နဲ့ အနီးဆုံးကို AAထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ
ရခိုင်ပြည်၊ ဂွမြို့နယ် ဂျိုင်ကောက် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို AA က သိမ်းပိုက်ပြီး ဂွမြို့နဲ့ ဆယ်မိုင်ပတ်လည်သာ ဝေးတော့တဲ့ ဆပ်သွားကျေးရွာက စစ်ကောင်စီတပ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။ အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးက ဂွမြို့နယ် အနီးကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး တောလမ်းရော…
အမ်းမြို့မရဲစခန်းက နယ်ထိန်းအရာရှိ အပါအဝင် ၃ ဉီး စနိုက်ဘာ ထိမှန်သေဆုံး
ရခိုင်ပြည် ၊ အမ်း မြို့နယ် မြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ တစ်ဉီးအပါအဝင် ၃ ဉီးဟာ အမ်းမြို့ အထွက် ပဲပဒုံ တံတားဂိတ် တိုက်ပွဲမှာ AA ရဲ့ စနိုက်ဘာ ကျည်ထိမှန်ပြီး နိုဝင်ဘာ ၁၁ ရက် ည ပိုင်းက သေဆုံးသွားတယ်လို့…
အမ်းမြို့ပေါ်မှာ ရပ်ကွက်တွေ အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ခံစစ်ပြင်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ပေါ်က ဒေသခံတွေနေထိုင်တဲ့ ရပ်ကွက်တွေအတွင်းမှာ စစ်ကောင်စီဝင်ရောက်နေရာယူလာပြီး ကာကင်းတွေ ပြုလုပ်လာတဲ့အတွက် ဒေသခံတွေဟာ ကစဉ့်ကလျားနဲ့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ အမ်းမြို့ အောက်ရွာရပ်ကွက်ထဲကို မနေ့ည နိုဝင်ဘာ ၁၃ ရက်ညပိုင်းက စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်းရောက်ခဲ့ပြီး နေအိမ်အတွင်းက ကျေးရွာသားတွေကို မောင်းထုတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ "မနေ့ညနေ…
အမ်းမြို့အခြေစိုက် နပခ စစ်ဌာနချုပ်အောက်က တပ်ရင်းတပ်ခွဲ ၈ ခုကို AA သိမ်းထားပြီးဖြစ်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲမှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အောက်က စစ်ဖက်ရေးရာလုံခြုံရေးတပ်(စရဖ)၊ ခြေမြန်တပ်ရင်း(ခမရ)၊ အမြောက်တပ်ရင်းအပါအဝင် တပ်ရင်းတပ်ခွဲ ၈ ခုကို သိမ်းပိုက်ထားပြီးပြီလို့ အာရက္ခတပ်တော်(AA ) က သတင်းထုတ်ပြန်လာပါတယ်။ သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ ၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၂။ အမတ (၃၇၄)-အမှတ်…
ရခိုင်ပြည်သိမ်း တိုက်ပွဲကြီး တစ်နှစ်ပြည့်ပြီ ။
ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ဟာ ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး စတင်ခဲ့တဲ့ နှစ်ပတ်လည်တဲ့ ရက်ဖြစ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း ဒီတိုက်ပွဲကို ရခိုင်ပြည်သူ ပြည်သားတွေကိုယ်စား အကောင်အထည်ဖော်နေသူကတော့ အာရက္ခတပ်တော် AA ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ "ရခိုင်ပြည်မှာ စစ်ကောင်စီ တစ်ယောက်မှ မကျန်စေရ" "အဂ်ါဂြိုလ်က လာတားလည်း…
လက်နက်ကြီးကျရောက်မှုကြောင့် တိုင်ကျိုးရွာမီးလောင်နေ
ရခိုင်ပြည် ဂွမြို့နယ် တိုင်ကျိုးကျေးရွာအနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုညနေပိုင်းမှာ လက်နက်ကြီးကျရောက်လို့ တိုင်ကျိုးကျေးရွာမှာ မီးလောင်နေတယ်လို့ သတင်းရရှိပါတယ်။ တိုင်ပွဲတွေဟာ ဒီကနေ့ မနက်ပိုင်းမှာ တိုင်ကျိုးကျေးရွာ တောင်ပိုင်းအထိရောက်နေပြီး အနီးကပ်ပစ်ခတ်နေကြတဲ့ အခြေအနေ လို့ ဒေသခံ က ပြောပါတယ်။ "ချနေတာကတော့ မနေ့ညက…
မိုင်ရာချီတဲ့ “အမ်းရိုးမ ၊ အမ်းတောင်ကြားလမ်း” ကို ခြေလျှင်ကျော်ဖြတ် စစ်ရှောင်နေရ
ရခိုင်ပြည် အမ်းမြို့နယ်နဲ့ တောင်ကုတ်မြို့နယ် တို့ က ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အမ်းရိုးမ ကို ခြေလျှင်ကျော်ဖြတ်ပြီး စစ်ရှောင်နေကြရတယ် လို့ သတင်းရရှိပါတယ်။ ရခိုင်ရိုးမတောကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ အမ်းတောင်ကြားလမ်း ရဲ့ ခြေလျှင်လမ်းပိုင်းတွေက ဖြတ်သန်းထွက်ခွာကြရပြီး ၆ ရက် ၇ ရက်အထိ ခြေလျှင်…
ကျောက်တော်မြို့လယ်ခေါင်က ဈေးကို စစ်ကောင်စီဗုံးကြဲ အရပ်သား ဆယ်ဦးသေဆုံး
ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ပိုင်းက ရခိုင်ပြည် ကျောက်တော်မြို့ လယ်ခေါင် က မြို့မဈေးကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ကလေးငယ် တစ်ဉီးအပါအဝင် အရပ်သား ၁၀ ဦးေ-သ ဆုံးခဲ့ပြီး ဈေးတွင်းသွားလာနေကြတဲ့ ပြည်သူ ဆယ်ဦးထက်မနည်း ဒဏ်ရာ…