Category: သတင်း
တစ်စစီ ဖြစ်သွားရတဲ့ မြောက်ဦးက အရပ်ဘက် ဆေးရုံ
ရခိုင်ပြည်မြောက်ဦးမြို့က အရပ်ဘက်ဆေးရုံကို စစ်ကော်မရှင်လေကြောင်း ဗုံးကြဲချလို့ လူနာ ၃၅ ဦးသေဆုံးခဲ့ပြီး ၊ သေဆုံးမှုတွေ ဆက်လက်မြင့်မားနေပါတယ်။ မြောက်ဦးဆေးရုံအတွင်းမှာရှိတဲ့ သားဖွားဆောင်၊ အတွင်းလူနာဆောင် အပါအဝင် ဆေးရုံဝန်းတစ်ခုလုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒီလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနာ ၇၀ ကျော်ဟာလည်းထိခိုက်ဒဏ်ရာ ရရှိထားပြီး ဒီအထဲက တချို့ဟာ ထပ်မံသေဆုံးနေတာပါ။…
မြောက်ဦးဆေးရုံကိုလေကြောင်းတိုက်ခိုက်မှုအပြီး၊ စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ်အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ
မြောက်ဦးဆေးရုံကြီးကို လေကြောင်းကတိုက်ခိုက်ခံရပြီး အရပ်သား ၃၀ ကျော်သေဆုံးခဲ့ရခြင်းကြောင့် စစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူ အဖြစ် အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)ကြေညာ ချက်ထုတ်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အရပ်သားတွေကုသနေတဲ့ ဆေးရုံ ကို အခုလို တိုက်ခိုက်ခံရပြီး ၊ စစ်ကော်မရှင်ဘက်ကဒီကျူးလွန်မှုကို တာဝန်ခံရမယ်လို့…
အမျိုးသမီး ၁၇ ဦး နဲ့ ကလေးတစ်ဦးသေဆုံးပြီး ၊ အဆိုးရွားဆုံး စစ်ရာဇဝတ်မှုလို့ ULA/AA ပြော
မြောက်ဦးဆေးရုံကြီး ဗုံးကြဲခံရမှုမှာ အမျိုးသမီး ၁၇ ဦး ၊ သုံးလအရွယ်ကလေးတစ်ဦး သေဆုံးခဲ့ပြီး အဆိုးရွားဆုံး စစ်ရာဇဝတ်မှု တစ်ခုဖြစ်တယ်လို့ ULA/AA ဘက်က ထုတ်ပြန်လိုက်ပါတယ်။ အများပြည်သူအသုံးပြုနေတဲ့ ဆေးရုံကို ဗုံးကြဲခံရတဲ့ ဖြစ်စဉ်မှာ ဆေးကုသမှုခံယူနေတဲ့ လူနာ ၃၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသမီး ၁၇…
UN နဲ့ ICC က စစ်ကော်မရှင်ကို အရေးယူဖို့ အာရက္ခအစိုးရ ၊ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ အရပ်ဘက်အဖွဲ့အစည်းအသီးသီးက တောင်းဆို
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ကော်မရှင်ကို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေနဲ့ အရေးယူပေးဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အတူအရပ်ဘက်အဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ မြောက်ဦးဆေးရုံကြီးကို လေကြောင်းက ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ လူနာ…
စကမ ဗိုလ်မှူးအပါအဝင် အရာရှိ ငါးဦးကို ကျောက်ဖြူ သင်္ချိုင်း မှာ တိတ်တဆိတ် သင်္ဂြိုဟ်
ကျောက်ဖြူရှေ့တန်းစစ်မြေပြင်မှာ သေဆုံးသွားတဲ့ တပ်မ ၁၁ ဗိုလ်မှူးအပါအဝင် စကမ အရာရှိ ငါးဦးကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ကျောက်ဖြူ သင်္ချိုင်းမှာ တိတ်တဆိတ် သင်္ဂြိုဟ် လိုက်တယ်လို့ စကမ အသိုင်းအဝိုင်းက သတင်းရရှိပါတယ်။ သိုင်းချောင်းနဲ့ မင်းပြင်တိုက်ပွဲမှာ တာဝန်ကျနေတဲ့ တပ်မ ၁၁…
ကျောက်ဖြူကို စစ်ကော်မရှင်လေကြောင်းက ပေါင် ၅၀၀ ဗုံးနှစ်လုံး ထပ်ချ
ရခိုင်ပြည် ကျောက်ဖြူမြို့ကို ဒီဇင်ဘာ ၁၁ ညပိုင်းမှာ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ စစ်ကော်မရှင်လေကြောင်းက ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ မြောက်ဦးကို ကြဲချပြီး အထိအခိုက်တဲ့ လူနာတွေကို ကယ်တင်နေရချိန်မှာကျောက်ဖြူကို အခုလို ထပ်မံတိုက်ခိုက်ခဲ့တာပါ။ ကျောက်ဖြူမြို့ ကို ဒီဇင်ဘာ…
လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယနေ့ ကျောက်ဖြူမှာ အစုလိုက် အပြုံလိုက်သေဆုံးပြန်
ရခိုင်ပြည်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မနက်မှာလဲ ကျောက်ဖြူမြို့နယ်ထဲမှာ အစုလိုက် အပြုံလိုက်ထပ်မံသေဆုံးရတယ်လို့ သတင်းရရှိပါတယ်။ ကျောက်ဖြူမြို့နယ် သိုင်းချောင်းနဲ့ မင်းပြင် စစ်ပွဲဧရိယာတွေကနေ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ ခိုလုံရာ ငလုံးစု စစ်ရှောင်ကျေးရွာကို စစ်ကော်မရှင်က ပေါင်း ၅၀၀ ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ဒီဇင်ဘာ ၁၁ ညနေပိုင်းက…
နိုင်ငံတကာလူ့အခွင့်ရေးနေ့ မှာ ရခိုင်ကို ဗုံးကြဲ လူ ၃၀ ကျော် အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရခြင်း
ရခိုင်ပြည်မြောက်ဦးမြို့မှာရှိတဲ့ အရပ်ဘက်ဆေးရုံကြီးကို ဒီဇင်ဘာ ၁၀ ရက်ညပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးကုသနေတဲ့ လူနာ ၃၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ကော်မရှင်ဟာ ည (၉)နာရီကျော်အချိန်မှာ ပေါင် ၅၀၀ ဗုံးနှစ်လုံးကို မြောက်ဦးဆေးရုံတည့်တည့်ကို ကြဲချခဲ့တာဖြစ်ပါတယ်။ "မနေ့ညကပဲ တစ်ညလုံး အပျက်အစီးတွေကြားမှာလူတွေကို တစ်ညလုံး ထုတ်ယူရတာ…
ယောကာကွယ်ရေးတပ်က ရဲဘော်တွေဆီ သူပုန်ဖြူစာအုပ်လက်ဆောင်များ ရောက်ရှိ
ဒဏ်ရာရကာ ယောကာကွယ်ရေးတပ် - YDF မှ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသော ရဲဘော်များ အတွက် အာရက္ခတပ်တော် - AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားသော သူပုန်ဖြူ ကဗျာစာအုပ် (၂၅) အုပ်ကို သူပုန်ဖြူအဖွဲ့မှ ပေးအပ်ခဲ့တယ်လို့ YDF က ထုတ်ပြန်ပါတယ်။…
ကျောက်ဖြူမြို့နယ်က စစ်ရှောင်နေရတဲ့ ဒေသခံတွေရဲ့ စပါးခင်းတွေကို စစ်တပ်က ဝင်ရောက်ရိတ်သိမ်း
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေရဲ့ စပါးခင်းတွေကို စစ်ကော်မရှင်တပ် က ဝင်ရောက်ရိတ်သိမ်းပြီး ၊ တပ်ပိုင်ကား တွေ နဲ့ သယ်ယူနေတယ်လို့ ဒေသခံ လယ်သမားတွေဆီက သတင်းရရှိပါတယ်။ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသခံတွေ စစ်ဘေးရှောင်နေရချိန်မှာ စစ်ကော်မရှင်တပ် က သပြုတောင်၊ဒိုးမတောင်၊ဂေါ်တူတောင်…