Category: ဓာတ်ပုံသတင်း
နပခဌာန ချုပ် အနီးကို စစ်ကောင်စီ လေကြောင်းက ပြင်းပြင်းထန်ထန်ဗုံးကြဲ အမ်းမြို့ပေါ်နေအိမ်အချို့မီးလောင်
အာရက္ခတပ်တော် AA ရဲ့ အနီး ကပ်ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ နပခ ဌာနချုပ် က စခန်းတွေ လက်မလွှတ်ရ ရေးအတွက် စစ်ကောင်စီဟာ ဒီကနေ့ တစ်ရက်လုံး အမ်းမြို့ပတ်ပတ်လည်ကို လေကြောင်း က တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။ နပခ ဌာနချုပ် က တပ်စခန်းတွေဟာ အမ်းမြို့ပေါ်မှာ…
တောင်ကုတ်မြို့သင်္ချီကိုင်းရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးအပါအဝင် ၄ ဉီးသေဆုံး
ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်း ကျေးရွာ ကို နိုဝင်ဘာ ၁၉ ရက် နံနက်မှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲ ခဲ့လို့ အသက်မပြည့်သေးတဲ့ မိန်းကလေး နှစ်ဉီးအပါအဝင် အရပ်သားလေးဉီး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီလေကြောင်း ကနေ ဂျက်ဖိုက်တာနဲ့ ကြဲချခဲ့တာဖြစ်ပြီး သင်္ချီကိုင်း ကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။…
မောင်တော နခခ (၅)တပ် အနီးဆုံးအထိ အာရက္ခတပ်တော် ထိုးစစ်ရောက်ရှိ အဆုံးဖြတ်တိုက်ပွဲပြင်းထန်နေ
ရခိုင်ပြည် အနောက်ဖက် နယ်စပ်မြို့တစ်ခုဖြစ်တဲ့မောင်တောမြို့ ကို အလုံးစုံထိမ်းချုပ်နိုင်ရေး စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့နယ်ခြားစောင့်တပ် နခခ (၅)ကို အာရက္ခတပ်တော်AA မှ အနီးကပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဆုံးသတ်တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီဟာ လက်ကျန် တစ်ခုတည်း အဖြစ်နောက်ဆုံးကျန်ခဲ့တဲ့ နခခ (၅) မြို့သူကြီးတပ်ရင်း မှာ ARSA ၊RSO တပ်ဖွဲ့တွေနဲ့…
ဘဂ်လားဒေ့ရှ် ငါးဖမ်းလှေများ မကြာခဏဝင်ရောက်နေမှု ကို AA ဘက်ကတရားဝင်ကန့်သတ်
AA အနေနဲ့ အာရက္ခပြည်သူ့ အစိုးရ ၊ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး နောက်မှာ ရခိုင်-ဘဂ်လားဒေ့ရှ် နယ်စပ်က နယ်စပ်ကျူးကျော် ငါးဖမ်းသူတွေကို တရားဝင် ဖမ်းဆီးကန့်သတ်တာတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်တဲ့ အကြောင်းကို တရားဝင်ထုတ်ပြန်လာပါတယ်။ နယ်စပ်လုံခြုံရေးပြသနာနဲ့ အတူ နယ်စပ်စစ်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် အဲ့ဒီလို ဘဂ်လားဒေ့ရှ်ဒေသ…
အမ်းရိုးမထဲ က ဓာတ်ငွေ့ခွဲစက်ရုံမှာ တရုတ်စီမံကိန်းလုပ်သားတွေ ပိတ်မိနေ(ကျောက်ဖြူ ၊ အမ်း ၊ မကွေး လမ်းပိုင်းက တရုတ်ပိုက်လိုင်းဖြတ်သန်းရာ နေရာတွေကို စစ်ကောင်စီ အင်အားတိုးချ)
လတ်တလော စစ်ရေးရှုပ်ထွေးနေတဲ့ အမ်းမြို့နယ်ဟာ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ အဓိက ကျတဲ့နေရာ ဖြစ်ပြီး ကျောက်ဖြူ ကနေ အမ်း ၊ အမ်းကနေ မကွေး ပိုက်လိုင်းဖြတ်သန်း ရာ ရိုးမတော တလျှောက်မှာ စစ်ကောင်စီ ဂိတ်ပေါင်း ၂၀ ကျော် ကို အင်အားတိုးမြှင့်…
ရခိုင်ရိုးမ ကို ခြေလျင်ဖြတ်ကျော် စစ်ရှောင်လာသူ ၄၀၀ ကျော် ရိုးအဆင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရ
အမ်းရိုးမပေါ်ကိုခြေလျှင်ဖြတ်ကျော် စစ်ရှောင်လာသူ စစ်ရှောင် ၄၀၀ ကျော်ဟာ အမ်းရိုးမ က စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရထားရတယ်လို့ သတင်းရ ရှိပါတယ်။ ခြေလျှင်ဖြတ်ကျော်စစ်ရှောင်လာသူ ၄၀၀ ကျော်ဟာ အမ်းရိုးမ တောင်ကြားလမ်းတစ်ခု ဖြစ်တဲ့ အမ်းမြို့နယ်နဲ့ မင်းဘူးမြို့နယ် ကြားက ကမြင်းကံ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံထားရတာ တစ်ပတ်နီးပါးကြာမြင့်ပြီဖြစ်တယ်…
ရခိုင်မှာ တိုက်ပွဲအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးပြီး ၊ ငါးသိန်း ကျော်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရ
ရခိုင်ပြည်သိမ်းတိုက်ပွဲ တစ်နှစ်တာ ကာလ အတွင်းမှာ အရပ်သားပြည်သူ ၇၀၀ ကျော်သေဆုံးခဲ့ရပြီး ငါးသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတယ်လို့ အာရက္ခအစိုးရ လူ့အခွင့်ရေးဌာန HODC က နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ပါတယ်။ အဲ့ဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၃၂ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင်…
KIA ဌာနချုပ်မှာ စစ်ပညာသင်ကြားနေရင်း စကစ လက်နက်ကြီးကြောင့် ကြွေလွင့်ရတဲ့ အာရက္ခတပ်တော် ဗိုလ်လောင်းများ ဆယ်နှစ်ပြည့်
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နေ့က KIA ဌာနချုပ်မှာ စစ်ပညာသင်ကြားနေရင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး အာရက္ခတပ်တော် က ဗိုလ်လောင်း ၈ ဉီး ကျဆုံးခဲ့ပါတယ်။ ဒီကနေ့ ၂၀၂၄ နိုဝင်ဘာ ၁၉ ရက်နေ့ဟာ ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။…
အလံဖြူထောင်ပြီး စစ်ရှောင်ထွက်သူတချို့ နပခ ဌာနချုပ် ရှေ့မှာ ပစ်သတ်ခံရ
ရခိုင်ပြည် အမ်းမြို့ တိုက်ပွဲအတွင်း ကျည်ဆံကြို ကျည်ဆံကြားက စစ်ရှောင်ထွက်လာတဲ့ အမ်းမြို့ အောက်ရွာကဦးဇင်းတစ်ပါး နဲ့ အရပ်သား (၅) ဉီးဟာ နပခ ဌာနချုပ်အနီးမှာ နိုဝင်ဘာ ၁၆ ရက်က ပစ်သတ်ခံလိုက်ရတယ်လို့ ကနဦးသတင်းရရှိပါတယ်။ အမ်းမြို့ နပခ ဌာနချုပ်အနီး အောက်ရွာရပ်ကွက် က ဦးဇင်းလေး…
တောင်ကုတ်မြို့ စစ်ပွဲထဲကို စစ်သင်တန်းဆင်း မွတ်ဆလင်လူငယ်တွေ အများအပြား ပို့လွှတ်ခံရ
ကျောက်ဖြူ ၊ ကျောက်နီမော်၊ စစ်တွေ ၊ ဘူးသီးတောင်မြို့တွေက ခေါ်ယူစုဆောင်း စစ်သင်တန်းပေးခံရတဲ့ မွတ်ဆလင် စစ်မှုထမ်းလူငယ် အမြောက်အများကိုတောင်ကုတ် စစ်ပွဲထဲ ကို ပို့လွှတ်ခံနေရတယ် လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီ ရဲ့ စစ်ကူတပ်အင်အား ၁၀၀ ဝန်းကျင်ဟာ တောင်ကုတ်မြို့ထဲကို နိုဝင်ဘာ ၁၇ ရက်…