ကျောက်ဖြူ ၊ ကျောက်နီမော်၊ စစ်တွေ ၊ ဘူးသီးတောင်မြို့တွေက ခေါ်ယူစုဆောင်း စစ်သင်တန်းပေးခံရတဲ့ မွတ်ဆလင် စစ်မှုထမ်းလူငယ် အမြောက်အများကိုတောင်ကုတ် စစ်ပွဲထဲ ကို ပို့လွှတ်ခံနေရတယ် လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီ ရဲ့ စစ်ကူတပ်အင်အား ၁၀၀ ဝန်းကျင်ဟာ တောင်ကုတ်မြို့ထဲကို နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက ဝင်ရောက်လာခဲ့ပြီး ၊ လူနေအဆောက် အအုံတွေမှာ နေရာယူ လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“မနေ့ည (၇) နာရီလောက်က သူတို့ စဝင်လာကြတယ်၊ လူတွေ စစ်ရှောင်သွားတဲ့ အိမ်အလွတ်တွေမှာ နေရာယူလိုက်တယ်” လို့ တောင်ကုတ် စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
ဒီစစ်သင်တန်းဆင်း လူငယ်တွေဟာ ဒေသတွင်းက အုပ််စုလိုက်ခေါ်ယူပြီး စစ်ကောင်စီက ၄၅ ရက်သင်တန်းပေးထားတဲ့ လူငယ်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီနှင့်အာရက္ခတပ်တော်(AA)တို့ ဟာ တောင်ကုတ်မြို့စွန် ကိုင်းရှည် ရပ်ကွက် အပါအဝင် မြို့ပတ်လည် က ကျေးရွာတွေ မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဟာ ဒီစစ်ကူထောက်ပို့တပ်တွေကို ကျောက်ဖြူ -ဓညဝတီ ရေတပ် စခန်းကနေ နေဗီ နဲ့ ပို့လွှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“မြို့ထဲက လူတွေကို ပေးမထွက်ဘူး ။ ဟိုဘက်က ပိတ် ဒီဘက်က ပိတ်နဲ့ အကုန်ပိတ်မိနေကြတယ်” လို့ ဒေသခံ က ပြောပါတယ်။ လတ်တလောမှာ တောင်ကုတ်မြို့ပေါ်က စစ်ရှောင်တွေ နေထိုင်တဲ့ နေရာတွေ မှာ စစ်ကောင်စီတပ်တွေက လာရောက်ပြီး မွှေနှောက်ရှာဖွေတာတွေ ပြုလုပ်နေတယ် လို့ ဆိုပါတယ်။
အာရက္ခတပ်တော် အနေနဲ့ စစ်ကောင်စီရဲ့ ပန်းမြောက်တောင်ပေါ်က အမြှောက်တပ် နဲ့ တောင်ကုတ်တက္ကသိုလ်ရှေ့ က အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
တောင်ကုတ်မြို့မှာ စစ်ကောင်စီရဲ့ စကခ (၅) တပ်မ ၊တပ်ရင်းလက်အောက်က ခမရ ၃၄၆ ၊ ခမရ ၅၄၄ တို့ရှိအထိုင်ရှိနေပြီး နောက်ထပ် စစ်အင်အားအများအပြားကိုလည်း ပြီးခဲ့တဲ့ လပိုင်းတွေ က တည်းက ပြင်ဆင် ထားတာဖြစ်ပါတယ်။
လတ်တလောမှာတောင်ကုတ် မြို့ အတွင်းမှာ ဒေသခံ ၃၀၀၀ လောက်ဟာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
အမ်းချောင်းသူ
References:
Seven feathers casino oregon casino-service-milz.online-spielhallen.de
References:
Stelario Casino Seriös casino neukundenbonus
References:
Wind creek casino montgomery https://wedeohire.com