Day: April 26, 2024
သံတွဲမှာ နေ့စဉ် ရက်ဆက် တိုက်ပွဲ တွေ ပြင်းထန်နေ
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယခင်နေ့ကထက် တိုက်ပွဲများပိုမိုပြင်းထန်နေပြီး စစ်ကောင်စီရဲ့နေဗီမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရပါတယ်။\"မနက် မိုးလင်းပါပြီဆိုကတည်းက ပင်လယ်ထဲကပစ်နေတာ။ ရွှေလှေဘက် ပစ်တာ၊အချက်ရေတော်တော်များတယ်။ လူတွေလည်း ကြောက်ပြီး နေစရာမရှိတော့ဘူး\" လို့ ငပလီမြို့ဂျိတ်တောရပ်ကွက် ဒေသခံတစ်ဦးက ဆိုပါတယ်။စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားရာသူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ပုရစ်ရေကောက်၊ ဒေါ်မြ၊…
သံတွဲကို တိုက်ပွဲရှောင်ပြည်သူ ထောင်ကျော်ရောက်လာ
ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်သို့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးတွင် စစ်ကောင်စီ နှင့်အာရက္ခတပ်တော် ကြား ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ပြည်သူ ထောင်ကျော်ရောက်ရှိလာကြောင်း သိရပါတယ်။\"ကျနော်မြင်တာတောင် အနည်းဆုံး တစ်ထောင်ကျော်လောက်ရှိတယ်။ ကားတွေရောဆိုင်ကယ်တွေနဲ့ပါ လာကြတာ။ အများစုကတော့ ရေအားလျှပ်စစ်စီမံကိန်းက သူတွေ။ရွာသားတွေ သိပ်မတွေ့ဘူး\" လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။စစ်ကောင်စီတပ် အထိုင်ချထားသော သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှတိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့်…
ခိုးဆိုးလုနှိုက်တွေ သောင်းကျန်လာတဲ့ ဘူးသီးတောင် မောင်တော မှာ ညမထွက်ရ အမိန့် ကို AAထုတ်ပြန်
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော မြို့တွေ မှာ ခိုးဆိုးလုနှိုက်နဲ့ အုပ်စုဖွဲ့ ဖျက်ဆီး သူတွေများလာတဲ့အတွက် အဲ့ဒီဒေသ ကို ညမထွက်ရ အမိန့်် တစ်ရပ်AA ဘက်ကထုတ်ပြန်လိုက်ပါတယ်။ဧပြီလ ၂၆ ရက်ကနေစပြီး ည၇ နာရီ က နေ နံနက် ၆ နာရီတွင်း ညမထွက်ရ…