Day: December 11, 2025
နိုင်ငံတကာလူ့အခွင့်ရေးနေ့ မှာ ရခိုင်ကို ဗုံးကြဲ လူ ၃၀ ကျော် အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရခြင်း
ရခိုင်ပြည်မြောက်ဦးမြို့မှာရှိတဲ့ အရပ်ဘက်ဆေးရုံကြီးကို ဒီဇင်ဘာ ၁၀ ရက်ညပိုင်းမှာ စစ်ကော်မရှင်လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးကုသနေတဲ့ လူနာ ၃၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ကော်မရှင်ဟာ ည (၉)နာရီကျော်အချိန်မှာ ပေါင် ၅၀၀ ဗုံးနှစ်လုံးကို မြောက်ဦးဆေးရုံတည့်တည့်ကို ကြဲချခဲ့တာဖြစ်ပါတယ်။ "မနေ့ညကပဲ တစ်ညလုံး အပျက်အစီးတွေကြားမှာလူတွေကို တစ်ညလုံး ထုတ်ယူရတာ…