Laywaddy FM

စစ်တွေ မြို့ ကို AA ထိုးစစ်ဆင်ပြီ(အတွဲလိုက် ဒုန်းတွေ ၊ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ မြို့ပေါ်က တပ်နေရာချထားတဲ့ နေရာတွေကို အဆက်မပြတ်ပစ်ခတ်နေ)

စစ်တွေ မြို့ ကို AA ထိုးစစ်ဆင်ပြီ(အတွဲလိုက် ဒုန်းတွေ ၊ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ မြို့ပေါ်က တပ်နေရာချထားတဲ့ နေရာတွေကို အဆက်မပြတ်ပစ်ခတ်နေ)

ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက စတင်ပြီး အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့ ပေါ်မှာ ရှိတဲ့ စစ်ကောင်စီနေရာချထားတဲ့ ဂိတ်စခန်းတွေကို
အတွဲလိုက်ဒုံးတွေ ၊ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ တပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

“ည ၁၂ နာရီ ကျော်ကနေ မနက် လေးနာရီထိ က ပါဒလိတ် ၊ အမြင့်ကျွန်း၊ ရွှေမင်းဂံ အဲ့ဒီစခန်းကြီးတွေကို ဟောင်ဝှစ်ဇာတွေနဲ့ အဆက်မပြတ် ပစ်နေတယ်၊ မြို့ထဲက စခန်းတွေလည်း တပြိုင်တည်း တိုက်ခံနေရတယ် ၊ မြို့အပြင်ဘက်က စခန်းငယ်တွေကို လက်နက်ငယ်နဲ့ ဝင်တိုက်တယ် ” လို့ စစ်တွေ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

စစ်တွေမြို့ ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းစွယ် တစ်ခုလို ဖြစ်နေပြီး စစ်ကောင်စီ နေဗီတပ်ဟာ ကုလားတန်မြစ်ဝ၊ ရွှေမင်းဂံရေတပ်စခန်း၊ ရေချမ်းပြင်၊ ပါဒလိတ်၊ အမြင့်ကျွန်း ၊ ပေါက်တောမြစ်ဝ စတဲ့ နေရာတွေမှာ နေဗီစစ်သဘေ်ာတွေ နဲ့ ကာရံထားတာဖြစ်ပါတယ်။

အာရက္ခတပ်တော် AA ဟာ စစ်တွေ မြို့ ပြင်ဘက်က စစ်ကောင်စီ စခန်းတွေကို ဖေဖော်ဝါရီ ပထမ အပတ်လောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်တွေမြို့ထဲကိုတော့ ဒါဟာ ပထမ ဆုံးအကြိမ် ထိုးစစ်ဆင်ခြင်းဖြစ်ပါတယ်။

“AA ထိုးစစ်ကိုကြောက်လို့ စစ်ကောင်စီမှာ ပွိုင့်ကမ်းခြေကို ခြံစည်းရိုးခတ်ရ ၊ ယတြာချေရ နဲ့ လုပ်ခဲ့တာ အခုတော့ တိုက်ပြီ “ လို့ သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ရခိုင်ပြည်မှာ စစ်တွေ ၊ ကျောက်ဖြူ ၊ မာန်အောင်မြို့ သုံးခုကို ထိုးစစ်ဆင်ဖို့ ကျန်ရှိနေပြီး အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ ဆွေးနွေးညှိနှိုင်းတော့မယ်လို့ သတင်းတွေ ထွက်နေချိန်မှာ အခုလို ထိုးစစ်ဆင်ခံရတာဖြစ်ပါတယ်။

အဉ္စနလီညှင်း ( လေးဝတီ FM )

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *