ရခိုင်ရိုးမပေါ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေပြီး ၊ ရိုးမ အဆင်း မှာ ရှိတဲ့ ပျဉ်းဝဂိတ်အဝင် အထွက်တွေကို စစ်ကောင်စီ က ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
မကွေးတိုင်း ငဖဲမြို့နယ်၊ ပဒါန်းမြို့ အဝင် အထွက်ဂိတ် ဖြစ်တဲ့ ပျဉ်းဝဂိတ်ကို မေလ ၂၅ ရက်က ဖြတ်သန်းခွင့်ပိတ်ပြီး တိုက်ပွဲ ဧရိယာထဲကို စစ်ကောင်စီဘက်က လေကြောင်းကဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
“ရိုးထက်တိုက်ပွဲဖြစ်နေလို့ အခု စစ်ကောင်စီ ပျဉ်း၀ဂိတ်ကနေ လမ်းသွားလမ်းလာမလုပ်ရဘူးအကုန်ပိတ်ထားတယ် ၊ ဒီမနက်မှာ လေယာဉ်နဲ့ နတ်ရေကန်ပတ်လည် ကို ပစ်နေတယ် ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတဲ့နေရာအနီးအနားကို နတ်ရေကန်တောင် ၊ ပဒန်းအခြေစိုက် ဆုန်ကုန်းအမြောက်ကြီးတပ် တို့ကနေ ဒရုန်း အမြှောက်ကြီးတွေနဲ့ လက်နက်ကြီးအင်အား အမြောက်အများအသုံးပြုပြီး ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
“မနေ့ညကပင်ဖြစ်နေတာပါ ဒီမနက်လည်းဖြစ်တုန်းပါဘဲ။ စကစဖက်ကအကျများပုံရပါတယ် ဒီမနက်လေယဉ်ပစ်ကူလာပါတယ်” လို့ တိုက်ပွဲအနီးဝန်းကျင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော် ဘက်က ရခိုင်ရိုးမတစ်ခုလုံးကို ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပဒန်းဘက်အခြမ်းမှာ ရှိတဲ့ နတ်ရေကန်ဂိတ်ကို အင်အားအမြောက်အများဖြည့်ထားတာ ဖြစ်ပါတယ်။
နတ်ရေကန်ဗျူဟာ အနီးက တိုက်ပွဲဟာ အပစ်ရပ်ကာလ အတွင်းမှာ ရပ်နားထားချိန် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြည့်တင်းခဲ့တာဖြစ်ပါတယ်။
အမ်းချောင်းသူ လေး၀တီFM
A convenient car catalog https://www.auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.