Laywaddy FM

ရခိုင်ရိုးပေါ်က နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်း အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိနေ

ရခိုင်ရိုးပေါ်က နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်း အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိနေ

ရခိုင်ရိုးပေါ်မှာရှိတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းဗျူဟာအနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

ယခုဇွန်လ ဒုတိယအပတ်မှစ၍ အပစ်အခတ်ရပ်တန့်နေတဲ့ နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းဗျူဟာကုန်းအနီးအနာပတ်ဝန်းကျင်မှာ ယမန်နေ့ဇွန်လ ၂၅ရက်နေ့က စလို့ (AA)နဲ့စစ်ကောင်စီတို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီး/လက်နက်ငယ်ပစ်ခတ်သံတွေထွက်ပေါ်လာတာလို့ မြေပြင်ဒေသခံတစ်ယောက်ကို လေးဝတီ FM ကိုပြောပါတယ်။

” ဇွန်လ ဒုတိယအပတ်‌ လောက်ကနေ နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံမရှိဘူး။ စစ်ကောင်စီဖက်က တော့ နေ့တိုင်းလိုလိုလက်နက်ကြီး၊ဒရုန်းနဲ့ပစ်ခတ်တယ်။ မနေ့ကစလို့ AAနဲ့စစ်ကောင်စီတပ်တွေအပြန်အလှန်ပစ်ခတ်သံတွေကြားလာရတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဖက်က ပဒါန်းအမြောက်တပ်၊ နတ်ရေကန်တောင်ထိပ်အပြင် ဒရုန်းတွေနဲ့နေ့စဉ်ပစ်ခတ်မှုပြုလုပ်နေတဲ့အတွက် အခုလို (AA)ဖက်က ပြန်လည်ပစ်ခတ်ရတာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က လေးဝတီ FM ကိုပြောပါတယ်။

” ဒရုန်းတွေနဲ့ပစ်တယ်။ သူတို့စစ်ကြောင်းကလည်းအမြဲထိုးတယ်။ AAရှိနိုင်တဲ့နေရာတွေကို တစ်ဖက်သတ်ပစ်တယ်။AAဖက်က ပြန်မပစ်တာကများတယ်” လို့ သူက ဆိုပါတယ်။

နတ်ရေကန်တောင်ကြောမှာ နတ်ရေကန်လေကြောင်းရန်ကာကွာယ်ရေးစခန်းဗျူဟာစခန်းကြီးတစ်ခုသာကျန်ရှိပြီး ကာကင်းစခန်းတွေကို မေလ နောက်ဆုံးအပတ်ကသိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။

အမ်းအပိုင်မှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်း အနီးအနားက MPTတာဝါတိုင်စခန်းကုန်းကို တော့ (AA)က ဇွန်လ ၃ ရက်နေ့က သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရသိရပါတယ်။

အမ်းချောင်းသူ လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *