စစ်ကောင်စီထိန်းချုပ်ထားတဲ့ မာန်အောင်မြို့ မှာ ဇူလိုင်လ (၁) ရက်နေ့က ဓားမြတိုက် ၊ လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဓားမြတိုက်ပြီးအသတ်ခံလိုက်ရသူဟာ မာန်အောင်မြို့နယ် ငပုကုန်း ကျေးရွာနေ ၊ကိုမောင်သိန်းလွင် (ခ) ညီသငယ် ၃၂ နှစ်ဖြစ်ပါတယ်။
“သူက ညီ၀မ်းကွဲလင်မယားဆီက ငွေတောင်းနေတဲ့ ဓားမြအဖွဲ့ကို ၀င်ပြီး ဟန့်တား တာကနေ ဟိုဘက်က အသတ်ခံရတာပါ ၊ သတ်ခံရပြီး ဦးခေါင်းတောင်ရှာမရ ပါဘူး ၊ ခန္ဓာကိုယ် ကို ရင်ခွဲရုံ ပို့ထားပါတယ် “လို့ မိသားစုဝင် က ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ လင်မယားနှစ်ယောက်ဟာ မာန်အောင်မြို့မှာ ဆေးကုပြီး အပြန်လမ်းမှာ လူသုံးယောက်က ဓားပြတိုက်ခံရတာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကို ကိုမောင်သိန်းလွင် (ခ) ညီသငယ် က ဝင်ရောက်ဖြန်ဖြေရာမှာ သူ့ကို အခုလို သတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“မာန်အောင်မာ ရေလမ်းလည်းပိတ်ထားတယ် ကားနဲ့သွားလို့ရတာမဟုတ် တခြားမြို့တွေလို ခြေလျှင်သွားလို့ရရင် ဖမ်းမမိဆိုလို့ကောင်းသေးတယ် အခုက မာန်အောင်ကျွန်းမှာ ဖမ်းမမိဆိုတော့ ရယ်စရာဖြစ်နေပြီ” လို့ သူက ပြောပါတယ်။
မာန်အောင်မြို့ဟာ ကျွန်းမြို့တစ်မြို့ဖြစ်ပြီး အဲ့ဒီမြို့က နေ ထွက်ခွာဖို့ စစ်ကောင်စီရဲ့ ရေကြောင်း သဘေ်ာတွေကိုသာ အသုံးပြုရတာဖြစ်ပါတယ်။
အဉ္စနလီညှင်း ၊ လေး၀တီFM