စက်တင်ဘာ ၂၇ ည ၈ နာရီမှာ စစ်ကောင်စီဘက်က သံတွဲမြို့ကို ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
သံတွဲမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ၊ မောင်ရွှေလေး ကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ မိသားစုတစ်စု လုံး ဗုံးဒဏ်သင့်ခဲ့ရပါတယ်။
ဖခင်ဖြစ်သူ ဦးညီညီက တော့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
မိခင်ဖြစ်သူ က အငယ်ဆုံး ကိုယ်ဝန်ကို လွယ်ထားရပြီး ၊ ဗုံးစတွေဟာ ခန္ဓာကိုယ် အနှံ့ကို ထိမှန်ထားတဲ့အတွက် ကလေးရော လူကြီးပါ ၊ အန္တာရာယ် များနေဆဲ ဖြစ်ပါတယ်။
သားကြီး ဖြစ်သူ မောင်အောင်သီဟဖြိူး(၁၄) ဟာ G-7 ကျောင်းသားဖြစ်ပြီး လက်နှစ်ဖက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
သားငယ် ဖြစ်သူ မောင် သန့်ဇင်ဖြိုး (၆) နှစ် က သူငယ်တန်းအရွယ်ဖြစ်ပါတယ်။ အောက်တစ်ပိုင်းလုံး မီးသင့်သွားပြီး သတိလစ်နေဆဲ ဖြစ်ပါတယ်။
ဒါအပြင် နောက်ထပ် ဒဏ်ရာ ရရှိတဲ့ ဦးထွန်းနေမင်း(၄၂)နှစ် ၊ မချိုချိုဝင်း (၃၂ )နှစ် တို့ဟာ ကိုယ်ဝန်ဆောင် ရဲ့ ညီမ လင်မယားဖြစ်ပါတယ်။
သူတို့မိသားစုဟာ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေဆဲ ဖြစ်လို့ မောင်ရွှေလေးကျေးရွာကို မပြန်နိုင်သေးတာ ဖြစ်ပါတယ်။
နေအိမ် ၈ လုံးပျက်စီးခဲ့ ပေမယ့် ရပ်ကွက်တွင်းမှာ လူသိပ်မနေ သေးတဲ့ အတွက် သူတို့ မိသားစုပဲ အဓိက ထိခိုက်ခဲ့တာဖြစ်ပါတယ်။
သံတွဲမြို့ဟာ ပြန်လည်ထူထောင်ဖို့ အားယူနေတဲ့ မြို့ဖြစ်ပေမယ့် အခုလို လေကြောင်း အန္တာရာယ်ကြောင့် မြို့ခံ အများစု ပြန်မဝင် နိုင်သေးပါဘူး။
မကြာခင်မှာ စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေက နေ AA ရဲ့ စစ်သင်တန်းကျောင်းကို ဗုံးကြဲ ခဲ့ လို့ သင်တန်းသားတွေ သေဆုံးတယ် ဆိုပြီးဝါဒ ဖြန့်လာကြမှာ ဖြစ်ပါတယ်။
လေးဝတီ FM
A convenient car catalog http://www.auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.