Laywaddy FM

စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီး တစ်ဦး နှလုံးဖောက်သေဆုံး

အာဏာသိမ်း စစ်ကောင်စီမှ ခန့်ထားတဲ့ ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး
ဦးသန်းထွန်းဟာ ဒီကနေ့ မနက်ပိုင်းမှာ နှလုံးဖောက်ပြီး စစ်တွေ ဆေးရုံကြီးမှာ
သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
\”ရုတ်တရက်ဆို တကယ့်ကို ရုတ်တရက်ကြီးဗျာ။ သတိမေ့ပြီး ဆုံးသွားတယ်\” လို့ ဦးသန်းထွန်းရဲ့
တပည့်တစ်ဦးက ဆိုပါတယ်။
ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တို့ကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး
စစ်ကောင်စီနဲ့ ပူးပေါင်း တဲ့ ရခိုင် လူမျိုး
အစိုးရ အဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ ဖိအားကိုလည်း ပြင်းပြင်းထန်ထန် ခံနေရတယ် လို့ သူနဲ့
နီးစပ်သူက ပြောပါတယ်။
ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း ဟာ အစိုးရ အဆက်ဆက် ရဲ့
အားနည်းချက်တွေ ကို ထောက်ပြ ပြီး ရခိုင်အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ တစ်ဦး
ဖြစ်ပေမယ့် အာဏာသိမ်း အစိုးရ ရဲ့ ပြည်နယ် အစိုး ရ အဖွဲ့ မှာ ဝန်ကြီးအဖြစ်
တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

Shine Bu Chay

Related Posts

5 thoughts on “စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီး တစ်ဦး နှလုံးဖောက်သေဆုံး

Leave a Reply

Your email address will not be published. Required fields are marked *