ရခိုင်ပြည်နယ် မောင်တောမြို့ ကြိမ်ချောင်း ဗျူဟာစခန်းကို အာရက္ခတပ်တော်မှ ဧပြီလ ၁၂ရက်
က အပြီးသိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။
အဆိုပါ ကြိမ်ချောင်း ဗျူဟာစခန်းကို အာရက္ခတပ်တော်မှ မတ်လ ၂၃ရက် မှစတင်ကာ
သိမ်းပိုက်နိုင်ရန် စတင်ထိုးစစ်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။
ကြိမ်ချောင်းဗျူဟာစခန်းသည် နခခ(၇) ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော် နှင့်
နယ်ခြားစောင့်တပ်သား ၄၀၀ ကျော် ရှိသော စခန်းလည်း ဖြစ်ပါတယ်။
မောင်တောမြို့ မြောက်ပိုင်းရှိ ဒုံးညို၊ တောင်ပြိုလက်ဝဲ/လက်ယာ၊ ကြောင်နဖေ၊ အောင်သပြေ၊
ရန်အောင်မြင် နှင့် တမန်းသားစခန်းများကိုလည်း AA က သိမ်းပိုက်ရရှိထားပါတယ်။
အာရက္ခတပ်တော် အနေနဲ့ စစ်ကောင်စီ လက်နက်ချ အညံ့မခံသေးတဲ့ နပခ အမ်းဌာနချုပ်၊
စကခ(၁၅) ဘူးသီးတောင်၊ စကခ(၅) တောင်ကုတ် နှင့် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန်
ဆက်လက်ထိုးစစ်ဆင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။