အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ရဲ့ အမ်းမြို့ ကစုကိုင်းကျေးရွာ အနီးကတောဟိန်းတောင်ဗျူဟာကို အာရက္ခတပ်တော် AA က ဒီကနေ့ ဧပြီ ၂၇ ရက် နေ့က သိမ်းပိုက်ပြီးအဲ့ဒီဗျူဟာကုန်းပေါ်က စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျားထွက်ပြေးသွားကြတယ်လို့ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။
အမ်းမြို့ ကစုကိုင်းတောဟိန်းတောင် ဗျူဟာ ဟာ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်ရဲ့ ဗျူဟာကျတဲ့ စခန်းကုန်းဖြစ်ပြီး အင်အား အများအပြား ၆၀၀ကျော် ထားရှိပြီး ခုခံ တိုက်ခိုက်နေတဲ့ အတွက်တစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရတဲ့ နေရာလည်းဖြစ်ပါတယ်။
AA ဘက်က အဲ့ဒီတောဟိန်းတောင်ဗျူဟာကုန်းကို ဒရုန်း နဲ့ အဆက်မပြတ်တိုက်ခိုက်ပြီးစစ်ကောင်စီတပ်သားတွေ အထိနာချိန်မှာ အနီးကပ် ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့စစ်ပွဲစောင့်ကြည့်လေ့လာသူ ဒေသခံတွေ ကပြောပါတယ်။
အာရက္ခတပ်တော် ဘက်က အနီးကပ်ထိုးစစ်တွေ ရောက်လာတဲ့အခါ ကာကင်းတွေ၊ ကတုတ်ကျင်းတွေ နဲ့ လက်နက်ကြီးအမြှောက်တွေ တပ်ဆင်ထားတဲ့ နေရာကို စွန့်ခွာပြီး စစ်ကောင်စီတပ်သားတွေဟာ တောင်အောက်နဲ့ အမ်းရိုးမထဲ ကစဉ့်ကလျားဆင်းပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တောဟိန်း တောင်က အမ်းဌာန ချုပ်ရဲ့ အဓိက အင်အားအများကြီးထားတယ်၊ အဲ့ဒီတောတောင် ပတ်လည်မှာ ဆို မြေမြုပ်မှိုင်းတွေ လည်းများတယ် ” လို့ အမ်းဒေသခံကပြောပါတယ်။
လတ်တလော အချိန်ထိ ကစုကိုင်း အနီးတစ်ဝိုက်က တောတောင်တွေထဲမှာ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းနေပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေဆဲ ဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ကွက်ကဲတဲ့ တိုင်းမှုးထင်လတ်ဦးအစား ဗိုလ်မှူးချုပ်ကျော်စွာဦးကို မတ်လ အတွင်းက အစားထိုးခန့်အပ်ထားပါတယ်။