ကျောက်ဖြူမြို့ မင်းတပ်တောင်အနီး မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲ ကို စစ်ကောင်စီဘက်က ကြည်း ၊ ရေ ၊ လေ စစ်ကြောင်း သုံးခုကို အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။
ဇွန်လ ၉ ရက်က ခမရ ၅၄၃ ကနေ မြေပြင်စစ်ကြောင်းအင်အား ၂၀၀ ကျော်ဟာ မင်းတပ်တောင်နဲ့ ရဲတပ်ရင်း ၃၂ ကို ခြေလျှင်ထိုးစစ်လာပြီး တိုက်ပွဲဖြစ်ပွားလျှက်ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် အဲ့ဒီတိုက်ပွဲနေရာကို ဂျက်ဖိုတာ၊ Y12 နဲ့ ခြောက်ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ပြီး ဝေဟင်က စစ်ကူပေးနေတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
“၃၂ ရဲတပ်ရင်း မှာ ကာကင်းတွေ မရှိတော့ဘူး ၊ ခမရ ၅၄၃ ကနေ စစ်ကြောင်းတွေ ထပ်ပို့ပြီး တိုက်ပွဲကို အင်အားဖြည့်ထားတယ်။ လေကြောင်းကလည်း လာပစ်တယ်၊ နေဗီက လည်း ပင်လယ်ဘက်က ပစ်တယ် ၊ အဲ့ဒီရဲတပ်ရင်း မကျရေးအပြင်းအထန် ပစ်နေတာ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ခမရ ၅၄၃ နဲ့ ခမရ ၅၃၂ စစ်ကောင်စီ ခြေလျှင်တပ် ဌာနချုပ်တွေ ဆီကို ရောက်ဖို့ အတွက် ရဲတပ်ရင်း ၃၂ ကို ဖြတ်ရမယ့်အခြေအနေဖြစ်ပါတယ်။
အာရက္ခတပ်တော်က အဲ့ဒီ ရဲတပ်ရင်းကို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အတွက် စစ်ကောင်စီဘက်က လေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ ၃၂ ရဲတပ်ရင်း ပတ်လည် ကို ထိုးစစ်ဆင်လာတာပါ။
ရဲတပ်ရင်း ၃၂ နဲ့ အနီးဆုံးက အာရက္ခတပ်တော် ထိန်းချုပ်လိုက်တဲ့ မင်းတပ်တောင် ၊ ပြိုင်းစေ့ကေပတ်၀န်းကျင် နဲ့ မလကျွန်းပတ်၀န်းကျင် ရွာတွေကို လေကြောင်းနဲ့ နေဗီတို့က တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတာဖြစ်ပါတယ်။
“စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးဖောက်လာတယ်လို့ပြောလို့ရပါတယ် “ လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ကျောက်ဖြူမြို့သိမ်းတိုက်ပွဲဟာ တခြားမြို့သိမ်းတိုက် ပွဲတွေထက် ပိုမိုပြင်းထန်နေတဲ့ အခြေအနေဖြစ်ပါတယ်။ အာရက္ခတပ်တော်ဘက်က တော့ ဒေသတွင်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်ရင်း တပ်မတွေကို ဦးတည်ပြီး ၊ အကန့်အသတ်နဲ့ ဆင်နွဲနေတာဖြစ်ပါတယ်။
Нужен проектор? магазин проекторов в Москве большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.
продажа квартир купить квартиру жк светский лес