ဘဂ်လားဒေ့ချ် ထဲက ဒုက္ခသည် စခန်းတွေ မှာ ပေါ်ပေါက် နေတဲ့ အကြမ်းပတမ်း သွေးထွက် သံယို ဖြစ်ရပ်တွေ ဟာ ပြောရမယ် ဆိုရင် တော့ ၂၀၁၇ ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက်ရောက်ပြီးတဲ့ နောက် ၁နှစ် ၂နှစ် လောက်ကနေစပြီး ပြသနာ အစပျိုးလာခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာလည်း တောက်လျှောက် အခြေ အနေတွေက ပိုပိုပြီးဆိုးလာပါတယ်။
ထွက်ပြေးလာသူတွေ အတွက် ဒုက္ခသည် စခန်းတွေက လုံခြုံစိတ်ချရာ ၊ဘေးကင်းလုံခြုံရာ နေရာအဖြစ် အစပိုင်းနှစ်တွေမှာဘဲ ရှိခဲ့တယ်။
၂ နှစ်လောက်အတွင်းမှာဘဲ စခန်းထဲမှာ အာဆာ အဖွဲ့ဟာတော်တော်လေး လွှမ်းမိုးလာပါတယ်။
သူတို့က စခန်းတွေထဲမှာလူတွေကို ထိန်းချုပ်လွှမ်းမိုးဖို့ လုပ်လာပါတယ်။
သူတို့ အဖွဲ့ဝင်တွေက လူတွေဆီက အခွန်အခ သဘောမျိုးကောက်ခံတာတွေ လုပ်ပါတယ်။
သူတို့ကို အာခံ ဆန့်ကျင်သူတွေ၊ သူတို့ပြောစကား နားမထောင်တဲ့ သူတွေ သူတို့ရဲ့ ြသဇာအာဏာ ကိုလက်မခံတဲ့သူတွေအပေါ်မှာ အကြမ်းဖက် နည်းသုံးပြီးကိုင်တွယ်လာပါတယ်။
အဲဒီလိုနဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲမှာ အကြမ်းဖက် ဖြစ်ရပ်တွေ ၊ သတ်ဖြတ်တာတွေ က တစ်စတစ်စ ပိုတိုးလာပြီး အခြေအနေတွေ ကလည်း ပိုဆိုးလာပါတယ်။
အသတ်ခံရသူတွေထဲ မှာ အထင်ရှားဆုံးကတော့ အများက လေးစားကြတဲ့ ရိုဟင်ဂျာ လူမှု အသိုင်း အဝိုင်းထဲက ခေါင်းဆောင်
မူဟီဝလာဟ် ဖြစ်ပါတယ်။
သူက ၂၀၂၁ မှာ အသတ်ခံလိုက်ရပါတယ်။ အာဆာ အဖွဲ့ရဲ့ ခြိမ်းခြောက်မှု ၊ လွှမ်းမိုးမှု တွေကို လက်သင့်မခံ ပြန်လည်တွန်းလှန်ကြသူတွေက အာဆာ အဖွဲ့ရဲ့ ပစ်မှတ်တွေ ဖြစ်ကုန်ကြပါတယ်။အထူးသဖြင့်တော့ ပညာတတ် ရိုဟင်ဂျာတွေ၊ နောက်ပြီး ဒုက္ခသည် လူ့အခွင့်အရေး အရပ်ဖက် အဖွဲ့တွေထဲမှာ လှုပ်ရှားကြတဲ့ ရိုဟင်ဂျာတွေ အပေါ်မှာ အာဆာတွေ က ပစ်မှတ်ထားလေ့ရှိပါတယ်။
အာဆာတွေဟာ အကြမ်းနည်းသုံးပြီး စခန်းတွေထဲမှာ ြသဇာကြီးမားလာနေရာ ကနေ သူတို့ရဲ့ အတင့်ရဲမှုဟာ အစွန်းဆုံကို ရောက်လာပါတယ်။
မူဟီဝလာဟ် လို အင်မတန် လူချစ်လူခင်များပြီး ၊ လူကောင်းတစ်ယောက် အဖြစ်အများက သတ်မှတ်ခံထားရတဲ့သူ သတ်ဖြတ်ခံရတဲ့ ကိစ္စမှာရော ၊ ဘဂ်လားဒေ့ချ် လုံခြုံရေး အရာရှိတစ်ဦး သတ်ခံရတဲ့ ကိစ္စမှာပါ အာဆာရဲ့ လက်ချက်ဆိုပြီး ဘဂ်လားဒေ့ချ် အာဏာပိုင်တွေက ပြောလာပါတယ်။ အဲဒီနောက်မှာ တော့ RSO ပေါ်လာတာကို တွေ့ ရပါတယ် ။
RSO ဟာ ရှိနှင့် ပြီး အဖွဲ့ဖြစ်လို့ ပြန်လည်ခေါင်းထောင်လာတယ်လို့ပြောရင် ပိုပြီးမှန်မယ်ထင်ပါတယ်။ RSO ပြန်ခေါင်းထောင်လာပြီး စခန်းတွေထဲမှာ အာဆာအဖွဲ့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို တန်ပြန်စိန်ခေါ် လာပါတယ်။
ဒါအနှစ် ၂၀ နီးပါး ခိုင်မာတဲ့ လှုပ်ရှားမှု မတွေ့ရဘဲ သေနေသလိုမျိုး ဖြစ်နေတဲ့
ရိုဟင်ဂျာ လက်လက်နက်ကိုင် အဖွဲ့ ဝင် တစ်ခုပြန်ပြီး အသက်ဝင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။၂၀၂၀ နှစ်ကုန်ပိုင်းလောက်က စပြီး RSO နဲ့ အာဆာကြားမှာ ဂိုဏ်းဂဏ စနစ်တွေ ပြင်းထန်လာပါတယ်။
ဒါပေမယ့် ဒုက္ခသည် စခန်းတွေထဲ က အကြမ်းဖက် ဖြစ်ရပ်တွေ၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ ၊ ဒုစရိုက်မှုတွေဟာ RSO နဲ့ အာဆာကြားက ရန်ပွဲ သပ်သပ် လို့မပြောနိုင်ပါဘူး။ တခြား ဒုစရိုက် ဂိုဏ်းတွေ ၊ ဒုစရိုက် ကွန်ယက်တွေလည်း ရှိနေပါတယ်။
ပြန်ချုပ်ပြောရရင်တော့ ရိုဟင်ဂျာ စခန်းတွေထဲမှာ ကြီးစိုးနေတဲ့ ၊ ဒါမှမဟုတ် ရိုဟင်ဂျာ စခန်းတွေ ထဲ က ဒုစရိုက်မှုတွေရဲ့ လက်သည် ဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ သူတို့ကိုယ်သူတို့ နိုင်ငံရေး ခံယူချက် အတွေးအခေါ် တစ်ရပ်ရပ်အပေါ် အခြေခံထားတဲ့ လူမျိုးစုအခြေပြုလက်နက်ကိုင်တပ်ဖွဲ့အဖြစ်ပုံဖော်ကောင်း ပုံဖော်ပါလိမ့်မယ်။
ဒါပေမယ့် အဲတာတွေက များသောအားဖြင့် ဟန်ပြ မျက်နှာစာတွေ ဖြစ်လေ့ရှိပါတယ်။
သူတို့ကျူးလွန်တဲ့ ဒုစရိုက်လုပ်ငန်းတွေ တရားမျှတမှု ရှိသယောင်၊ လုပ်သင့် လုပ်ထိုက် တာတွေ ဖြစ်သယောင် ပုံဖော်တာဘဲ ဖြစ်ပါတယ်။
လူမှောင်ခိုကူးတာတွေ ၊ လူတွေကို ချိန်းခြောက်ငွေတောင်းတာ ၊ ပြန်ပေးဆွဲတာ စတဲ့ သူတို့ကြူးလွန်တဲ့ လုပ်ရပ်တွေက ဒုစရိုက် မှုတွေဘဲ ဖြစ်ပါတယ်။
RSO ပြန်ပေါ်လာပြီး လှုပ်ရှားစ အချိန် ၂၀၂၂ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၃ နှစ် စပိုင်းတွေမှာ ကျတော် စခန်းထဲက ဒုက္ခ သည် တချို့နဲ့ စကားပြောခဲ့ပါတယ်။
သူတို့ကို မေးကြည့်ရင် သူတို့ဆီက RSO နဲ့ ပတ်သတ်ရင် အကောင်းမြင်တဲ့ သဘောထားလက္ခဏာမျိုးတွေ့ရပါတယ်။ ဒုက္ခသည်တွေဟာ သူတို့ကိုယ်တိုင် ဘယ်လိုလက်နက်ကိုင် လှုပ်ရှားမှုထဲ မှာမှ မပါဝင်သလို ၊ လက်နက်ကိုင် လှုပ်ရှားမှုကိုလည်း အားပေးထောက်ခံတာမျိုးမလုပ်ပေမယ့် ၊တစ်ဖက်မှာ လည်း အာဆာရဲ့ ခြမ်းခြောက်မှုတွေကို တန်ပြန်စိန်ခေါ်နေတဲ့ RSO အဖွဲ့လှုပ်ရှားလာတဲ့ အပေါ်မှာ မျှော်လင့်ချက်ထားပုံရပါတယ်။
ဘယ်လိုမျှော်လင့်ချက်လည်းဆိုတော့ သူတို့ အတော်လေးစက်ဆုပ်နေတဲ့ အာဆာ အဖွဲ့ကို တန်ပြန်နေသူတွေဟာ သူတို့အပေါ်မှာတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံ လာမလားဆိုပြီးမျော်လင့်ခဲ့ကြပါတယ်။
သူတို့ အနေနဲ့ ဘယ် အဖွဲ့က ပိုပြီးလွှမ်းမိုးတာ ၊ အသာစီးရတာ မြင်ချင်တယ် ဆိုတာမျိုးထက် သူတို့အပေါ် ချိန်းခြောက်ရန်ပြုနေတဲ့ အာဆာရဲ့ ရန်ကနေကင်းလွတ်ပြီး လုံလုံခြုံခြုံ ဘေးကင်းရန်ကင်း ဝန်းကျင်မျိုးမှာနေထိုင်ချင်ကြတာမျိုး ဖြစ်ပါတယ်။
အဲဒီလိုနဲ့ RSO ဟာ စခန်းတွေ ထဲမှာ ပိုပြီး ြသဇာကြီး လာပါတယ်။ တချို့ အာဆာတွေက ဘက်ပြောင်းပြီး RSO ထဲ ဝင်လာကြပါတယ်။အဲဒီလို အဖွဲ့အစည်း ခေါင်းစဥ် ပြောင်းသွားတယ် ဆိုအုံးတော့ ၊ လူတွေက တော့ဒီလူတွေ ချည်းပါဘဲ ။
စခန်းထဲ နေကြတဲ့ အဖွဲ့ ဝင် အဆင့် မှာ ဘက်ပြောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်က ဒုက္ခသည်တွေ ကြားမှာနေရင်း ဒုက္ခသည်တွေ အပေါ် အနိုင်ကျင့် ကြူးလွန်နေသူတွေဘဲ အာဆာကနေ RSO ဖြစ်လာတာမျိုးပါ။
အဲဒီလူတွေဟာ သူတို့နဂို အပြု အမူတွေ အတိုင်းဘဲ ဆက်ပြီးပြုမူ နေကြပါတယ်။ အကြမ်းနည်းတွေသုံးပြီးငွေတောင်းတာမျိုး၊ ဒုစရိုက်မှု တွေ ပြုလုပ်ကြမြဲ ဖြစ်ပါတယ်။ အကျိုးဆက် ကတော့ အချိန်ကြာလာတာနဲ့ အမျှ ဒုက္ခသည် စခန်းတွေထဲမှာ RSO လည်းဘဲ အာဆာလို နာမည်ပျက်လာပါတယ်။
စခန်းတွေထဲ ပိုပြီး ြသဇာကြီးလာတာနဲ့ အမျှ RSO အဖွဲ့ ဝင်တွေဟာ ဒုက္ခသည်တွေ အပေါ် အာဆာ လိုဘဲ ဆက်ဆံလာတယ် ဆိုပြီး ဒုက္ခသည်တွေက စိတ်ပျက်လာပါတယ်။
ကျတော့ အမြင်မှာတော့ ARSA ဖြစ်ဖြစ် ၊ RSO ဖြစ်ဖြစ် လူတွေကတော့ ဒီလူတွေဘဲမို့ သူတို့အပြုအမူတွေ ရဲ့ အသွင်ဟန်ပန်အတိုင်းဘဲ ဆက်ပြီး ပြမူကြတာ ဖြစ်ပါတယ်။
……………………..
ခုန နားကပြောခဲ့တဲ့ စခန်းတွေထဲ က ဖြစ်ရပ်တွေနဲ့ တစ်ဆက်ထဲ ဖြစ်အောင်ပြောရမယ်ဆို ရင် အာဆာ အဖွဲ့ဟာ ဘဂ်လားဒေ့ချ် အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကို တော်တော်လေး ပြင်းပြင်းထန်ထန်ကြုံလာရပါတယ်။
၂၀၂၂ ကစပြီးသူတို့ဟာ စခန်းတွေ ထဲမှာ ပေါ်ပေါ်ထင်ထင် မနေတော့ဘဲ မြေအောက်လှုပ်ရှားမှု သဖွယ် ပြောင်းလဲ သွားပါတယ်။
တပြိုင်ထဲမှာဘဲ RSO နဲ့ လည်းတိုက် ခိုက်နေရပါတယ်။ အဲတော့အာဆာအနေနဲ့ လူသစ်စုတယ်ဆိုတာတွေကို ပေါ်ပေါ် ထင်ထင် ပွင့်ပွင့်လင်းလင်းလုပ်ဖို့ အတော်လေးခက်ပါတယ်။
သူတို့ရဲ့ အားနည်းချက် အခြေခံက ဒုက္ခသည် စခန်းတွေထဲမှာ မဟုတ်တော့ဘဲ ဘူးသီးတောင် ဒေသလိုမျိုး ရခိုင်ဘက် အခြမ်းထဲမှာ ဖြစ်လာပါတယ်။ အဲဒီအချိန် စခန်းတွေထဲမှာ ကြီးစိုးလာတာကတော့ RSO တွေပါ။
လူသစ်စုတာတွေ အရှိန်နဲ့ ဆိုသလို ပေါ်ပေါက်လာတာက အထူးသဖြင့် မေလ ၂၀၂၄ တောက်လျှောက်မှာ ဖြစ်ပါတယ်။
မေလ တစ်လထဲမှာတင် ရိုဟင်ဂျာ ဒုက္ခသည်တွေ ထောင် ဂဏန်းထိတောင် လူသစ်စုခံရပါတယ်။ အဲဒီလို လူသစ်စုတာမျိုးကို ပုန်းချိုးကွယ်ချိုးလုပ်တာ မဟုတ်ပါဘူး။ တော်တော်လေးပေါ်ပေါ်ထင်ထင် လုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဓိကလုပ်ဆောင်သူတွေ က RSO ဖြစ်ပြီးတော့ နောက်တစ်ဖွဲ့ ကတော့ ARA လို့ အတိုကောက် ခေါ်တဲ့ အာရကန် ရိုဟင်ဂျာတပ် ဖြစ်တယ်လို့ ဒုက္ခသည်တွေက ကျတော့်ကိုပြောပါတယ်။
စခန်းတာဝန်ခံ တချို့လည်း ကြံရာပါ အဖြစ် ပူးပေါင်းပါဝင် ကူညီတယ်လို့ ပြောသူတွေလည်းရှိပါတယ်။ စခန်းတာဝန်ခံ တွေလို့ဆိုရာမှာ ဘဂ်လားဒေ့ချ် အာဏာပိုင်တွေက ဖွဲ့ထားတဲ့ ဘဂ်လားဒေ့ချ် အရာရှိတွေလို့ဆိုလိုပါတယ်။
အဲဒီ လူတွေကလည်း လူသစ်ဆုဆောင်းပေးတဲ့ အထဲမှာပူပေါင်း နေကြတယ်လို့ပြောကြတာပါ။
လူတွေထောင်ပေါင်းများစွာ လူသစ်စုခံရတာ ၊ စခန်းတွေထဲကနေ ခေါ်ထုတ်ခံသွားရတာ၊ တစ်ထက်ကိုရောက်အောင် ပို့နိုင်တာတွေကို ကြည့်ရင် ဒီအချက်ဟာ မှန်/ မမှန်ဆိုတာ သိလာစေပါတယ်။
ဘဂ်လားဒေ့ချ် လုံခြုံရေး တပ်ဖွဲ့ တွေ အနေနဲ့ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို သေချာပေါက် သတိထားမိ၊ သိနေမှာ မလွဲဘူးဆိုတာကို ဒုက္ခသည်တွေက ထောက်ပြကြပါတယ် ။
တစ်ခါ လူသစ် စုတဲ့ သဘော ၊ သဘာဝကို ကြည့်ရင် ကိုယ့် သဘော ဆန္ဒအတိုင်း လိုက်ပါတာထက်စာရင် အများစုက အတင်းအကြပ် စုဆောင်းခံရတာ ဖြစ်ပါတယ်။ လူငယ်လူရွယ် အများစု ပစ်မှတ်ထားခံရပါတယ်။
RSO လို အဖွဲ့ တွေရဲ့ လူသစ်စုတာ ၊ မြန်မာဘက်ကို ပို့ပြီး မြန်မာစစ်တပ် အတွက် တိုက်ခိုက်ပေးရတဲ့ အဖြစ်မျိုးကနေလွတ်အောင် လူငယ်လူရွယ်တွေဟာ စခန်းတွေ ထဲကနေ ထွက်ပြေးကြရပါတယ်။
လူသစ်စုခံရတဲ့ လူတွေဟာ များသောအားဖြင့် မောင်တောဘက်ကို အပို့ခံရပါတယ်။အဲဒီထဲက တချို့တွေရဲ့ ပြောဆိုချက်တွေ ကျတော်တို့ ရထားပါတယ်။
သူတို့ဟာ မြန်မာ စစ်တပ် အတွက်တိုက်ခိုက်ပေးဖို့ အဲဒီကိုပို့ ခံရတာလို့ဆိုပါတယ်။ တချို့ကိုလည်း RSO တပ်ဖွဲ့ထဲမှာဘဲ ထားတယ်လို့ဆိုပါတယ်။
အဲ့ထဲက တချို့လည်း ဘဂ်လားဒေ့ချ် ဘက်ကို ရောက်အောင်ပြန်လာနိုင်ကြပါတယ်။
အဲဒီလိုပြန်လာနိုင်သူတွေထဲ က ကျတော်တို့ကို ပြန်ပြောင်းပြောပြကြတာ ဖြစ်ပါတယ်။ နတ်မြစ်ကို ကူးနိုင်ရင် ဘဂ်လားဒေ့ချ် ဘက်ကို ပြန်ရောက်တာ ဖြစ်လို့ တချို့လည်းပြေးလာနိုင်ပါတယ်။
သူတို့ပြောပြချက်တွေအရ သူတို့ဟာ RSO ရဲ့ လူသစ်စုတာခံရတယ်။ ပြီးတော့ Arakan Army (AA) နဲ့ တိုက်ဖို့ မြန်မာ စစ်တပ်လက်ထဲ ၊ မြန်မာ စစ်တပ်ရဲ့ တပ်သားသစ် တွေ အဖြစ် လွဲပေးခံရတယ်လို့ဆိုပါတယ်။
အဲဒီ အချိန် ကမောင်တောကို AA က ထိုးစစ်ဆင်နေချိန်ဖြစ်ပါတယ်။
မြန်မာစစ်တပ် အတွက် လူသစ်စုပေးတယ် ဆိုတဲ့ အချက်ကို RSO က ငြင်းတယ်ဆိုတာ ကိုကျတော် သိပါတယ် ။
ဒါပေမယ့် ကျတော် ပြောခဲ့ တဲ့ အတိုင်း လူသစ်စုတဲ့ လုပ်ရပ်တွေဟာ ကြီး မားတဲ့ ပမာဏ အတိုင်း အတာနဲ့ စခန်းတွေထဲမှ ပေါ်ပေါ်ထင်ထင် ကို လုပ်ခဲ့တာ ဖြစ်ပါတယ် ။
ဒါကို ပြန်ပြောပြနိုင်တဲ့ သူတွေ လည်းဘဲ အများကြီးရှိပါတယ်။
သောမတ်စ်ကီးန်၊ ICG
မြန်မာနဲ့ ဘဂ်လားဒေ့ရှ် အရေးဆိုင်ရာအကြီးတန်းအကြံပေး
BBC သတင်းဌာန မှာ ဖြေကြားခဲ့သည့် RSO/ARSA အဖွဲ့တွေ ရဲ့အကြောင်းဖြေကြားချက် ကို လေးဝတီ FM က ပြန်လည် တင်ပြန်ခြင်းဖြစ်သည်။