Laywaddy FM

ကာကင်းတွေ အန္တာရယ်ကင်းဖို့ မြေမြုပ်မှိုင်းတွေ မှာ ပဌာန်းစာသားတွေကပ်ပြီး စစ်ကောင်စီယတြာ‌ချေထား ခဲ့

ကာကင်းတွေ အန္တာရယ်ကင်းဖို့ မြေမြုပ်မှိုင်းတွေ မှာ ပဌာန်းစာသားတွေကပ်ပြီး စစ်ကောင်စီယတြာ‌ချေထား ခဲ့

ရခိုင်မှာ ရှိတဲ့ စစ်ကောင်စီ ရဲ့ ကာကင်းတွေအန္တာရယ်ကင်းဖို့ သိမ်းခံလိုက်ရတဲ့ စခန်းတွေမှာ မြေမြုပ်မှိုင်းကို ပဌာန်းစာသားတွေကပ် ပြီး ယတြာချေ ထောင် ထားခဲ့တယ်လို့ ULA/AA ရဲ့ မြေမြုပ်မှိုင်းရှင်းလင်းရေး အဖွဲ့တွေ ဆီက သတင်းရရှိပါတယ်။

မြေမြုပ်မှိုင်းတွေ ၊ လက်ကျန်ဗုံးသီးတွေနဲ့ ရှော့တိုက်ဒုံးတွေမှာ “နထ္ထိ ပစ္စယော ၊ အထ္ထိ ပစ္စယော” စတဲ့ ၂၄ ပစ္စည်းပါ စာသားတွေကို ကပ်ပြီး မြေကြီးထဲ မြုပ်နံ ယတြာချေခဲ့တာလည်း ဖြစ်ပါတယ်။

“အဓိက သူတို့ အထိုင်ချတဲ့ ကာကင်းစခန်းတွေ ပတ်လည်မှာ အဲ့ဒီလိုတွေ့ရတာပါ၊ ပဌာန်းရွက်ရင် အန္တာရယ်ကင်းတယ် ဆိုပြီး သူတို့ က ယတြာချေခဲ့ တဲ့ပုံပါပဲ၊ ” လို့ သတင်းရင်းမြစ် ပြောပါတယ်။

စစ်ကောင်စီဟာ မြေမြုပ်မှိုင်းတွေကို ၄◌င်းတို့ အခြေချခဲ့တဲ့ တပ်စခန်းတွေ၊ ကာကင်းတွေ၊ ရဲစခန်းတွေ နဲ့ လမ်းပိုင်းတွေမှာ အသုံးပြုခဲ့ပါတယ်။

ရခိုင်ပြည် မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ တောင်ကုတ် ၊ ဂွ မြို့တွေမှာ လူနေအိမ်များ နဲ့ ဘုရားကျောင်းကန် စေတီ ပုထိုးတွေ ထိ မြေမြုပ်မှိုင်းတွေ ကို တူးဖော် ရှင်းလင်းနေရတာဖြစ်ပါတယ်။

“အမ်းမြို့မှာက တော့ မြေမြုပ်မှိုင်းအများဆုံးပဲ ၊ နပခဌာနချုပ် ဘေးပတ်လည်မှာ ခြေချလို့တောင်မရဘူး ” လို့ မြေမြုပ်မှိုင်းရှင်းလင်းရေး သတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ပြည်သိမ်း တိုက်ပွဲကြီးအတွင်းမှာ မြေမြုပ်မှိုင်းကြောင့် လူဦးရေး ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့ပြီဖြစ်ပါတယ်။

ဓာတ်ပုံ- ABN

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *